ကျွန်တော်နှင့် Cryptocurrency အကြောင်း( Henry Aung )

in HIVE-MYANMAR4 years ago

111.jpeg

မင်္ဂလာပါ။ Cryptocurrency အကြောင်းသာ ဆက်ကြပါအုံးစို့။ ယခင် စာစုတွင် ဖေါ်ပြပေးပြီး ဖြစ်သည့် အတိုင်း Cryptocurrency နှင့် Exchanges site တို့၏ ပြသနာ မှာ မိမိ ဝင်ငွေရလမ်း ကို ဖေါ်ပြပေးရန် သတိပေးခြင်းက စတင်ခြင်း ဖြစ်ပါသည်။

လက်ရှိ တရုတ် Exchange site များ ဖြစ်သော Binance နှင့် Huobi တို့ကတော့ ဘယ်အချိန် သတိပေးမည် မသိသေးပါ။ ယခုထက်ထိတော့ အခြေအနေကောင်း နေပါသည်။ စင်္ကပူရှိ ကျွန်တော့ အကောင့် ၂ ခု စလုံးကတော့ ဝင်ငွေရလမ်း မပြနိုင်၍ ပိတ်ခံထိ သွားပြီ ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော် စင်္ကပူ တွင် အလုပ်မလုပ်ပြီ ဖြစ်သော ကြောင့် ကျွန်တော်၏ စင်္ကပူ အလုပ်သမား ကဒ် မပြနိုင်သည်နှင့် ကိစ္စပြတ်သွားခြင်း ဖြစ်ပါသည်။

စင်္ကပူ အကောင့် ၂ ခုစလုံးက ၇ ရက် အချိန်ပေးပါသည်။ ၇ ရက်တွင် မိမိ Cryptocurrency များ ရှင်းထုတ်ရန် သို့မဟုတ် ဝင်ငွေရလမ်း သက်သေပြရန်။ ဆိုတော့ အထက်တွင် ဖေါ်ပြပေးခဲ့သည့် အတိုင်း လူ အတော်များများက Exchange Site များ၏ KYC နှင့် ဝင်ငွေရလမ်းအား စိတ်ပျက်လာသော ကြောင့် မိမိတို့ Cryptocurrency အား Exchange site များတွင် စုထားရန် သံသယရှိလာပါတော့သည်။

အဘယ့်ကြောင့် ဆိုသော် Cryptocurrency Exchanges site များသည် အပြည့်အဝ ထိန်းချုပ်မှု ရှိပြီး မိမိတို့၏ Cryptocurrency များအား သူတို့ လက်ထဲတွင် အပ်နှံထားကာ ဝယ်ရောင်း ကစားနေကြရခြင်း ဖြစ်ပါသည်။ ဤ အခြေအနေမျိုးတွင် Cryptocurrency လက်ဝယ်ရှိသူတို့က မိမိတို့ Coin / token အား စိတ်ချရသော ၊ မည်သူမျှ မသိနိုင်သော နေရာတွင် ထားသိုထားရန်နှင့် လိုအပ်လျင် ချက်ချင်း ထုတ်ရောင်း နိုင်သော နေရာမျိုးအား ရှာဖွေလာကြပါသည်။

ထိုနေရာမှာ Ether Wallet ဖြစ်ပါသည်။ Ether Wallet မှာ လုံးဝထိန်းချုပ်မှုမဲ့ ဖြစ်ပါသည်။ မိမိ Wallet Key မပျောက်သရွေ့ Wallet မှာ စိတ်ချရပါသည်။ အကယ်၍ Wallet Key မေ့သွားလျင် လည်း ပြန်ဆယ်ဖို့ရန် လုံးဝမဖြစ်နိုင်သော Wallet မျိုး ဖြစ်ပါသည်။ ထို့အပြင် လူ တယောက်တည်းက မိမိကြိုက်သလောက် Wallet များ ဖွင့်နိုင်ပါသည်။ မိမိwallet Key သည် မိမိ Wallet ၏ တသက်သာ အရေးကြီးဆုံး အသက်ဖြစ်ပါသည်။

ဤ မျှရှင်း ပြလျင် Airdrop ရယူဘူးကြသော မိတ်ဆွေတို့ သိပြီး ဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း ယခု နောက်ပိုင်းတွင် Ethereum မှ Uniswept ဟူသော App တခု လွင့်တင်လိုက်ပါသည်။ ထို App ၏ လုပ်ငန်းဆောင်တာမှာ ERC 20 မှ ထွက်သော Token တိုင်းအား လက်ရှိ ပေါက်စျေး အတိုင်း လဲလှယ် ပေးခြင်း ဖြစ်ပါသည်။ ထို UniSwept မှာ My Etherwallet နှင့် တွဲထားသော ကြောင့် မိမိ လဲလှယ် လိုက်သော Token တိုင်း My Etherwallet တွင် ရောက်ရှိနေပါတော့သည်။

တနည်းအား ဖြင့် ဆိုရလျင် Exchanges Site များတွင် Token များအား Eth ဖြင့် Trade နေရခြင်းထက် UniSwept တွင် တခါတည်း လဲလှယ်ထားနိုင်သည်။ Exchange site များအား အားကိုးရန် မလိုတော့။ Exchange site များတွင် မိမိ Token များ သိမ်းထားရန် မလိုတော့။ ယခင်ကတော့ Exchange Site အားကိုး၍ Token ဝယ်စု ။ Exchange Wallet တွင် သိမ်းထား ။ စျေးတင်လျင် ပြန်ရောင်း စသဖြင့် လုပ်ဆောင်ခဲ့ကြရပါသည်။

သည်ကြားထဲ Exchange တို့ Scam သွားလျင် မိမိတို့ Token များ အဟောသိကံ ဖြစ်သွားမည့် အရေးကရှိသေးသည်။ ဆိုခဲ့သည့် အတိုင်း ယခုတလော UniSwept ခေတ်စာလာသည်နှင့် မိမိတို့ Token / coin များအား Etherwallet တို့ပို့ကြသည်မှာ မည်မျှ များသနည်း ဆိုလျင် Ethereum Network များ ပြည့်ကျပ်သွားသည် အထိ ဖြစ်ခဲ့ပါသည်။

ထို့ အတူ ယခင်က Ether network မှာ ၅ မိနှစ်ခန့်ကြာလျင် ယခုတလော တနာရီ နီးပါးအထိ ကြာမြှင့်ပါသည်။ Ether wallet သုံးဘူး သူတိုင်း သိပါသည်။ မိမိ ပို့လိုသော Token မြန်မြန်ရောက်လိုလျင် Gas fee များများထည့်ပေးရန် လိုအပ်ပါသည်။

တလောက ကျွန်တော်လည်း UniSwept ကို စမ်းသပ်လိုသောကြောင့် Token အချို့ Eth နှင့် Swap လုပ်ဖြစ်ပါသည်။ 10 $ တန်ကြေးရှိသော Token လဲလှယ်ခမှာ Gas Fee 10$ ဖိုးမျှ ထည့်ပေးရပါသည်။ သိပ်တော့ ဟန်မကျသေး။

Ethereum ၏ အားနည်းချက်မှာ ထို Gas fee ဖြစ်ပါသည်။ သို့သော် လက်ရှိ Cryptocurrency များ၏ ၇၀ % သော token များမှာ Ethereum ၏ ERC20 မှ ထုတ်ယူထားကြခြင်း ဖြစ်ပါသည်။ ယခုအချိန်ထိ Cryptocurrency ထုတ်လုပ်မှုတွင် Ethereum ကို လိုက်မမှီနိုင်ကြသေးပါ။ ယခင်က EOS အနေဖြင့် Ethereum Killer ဟူ၍ ကြွေးကြော် ကာ စျေးကွက်ဖွင့်ခဲ့ပါသည်။ သို့သော် Ethereum အား လိုက်မှီခဲ့ပါ။

ထို့နောက် Steem ၏ Smart Media Token..... Cryptocurrency လောကတွင် ၃ စက္ကန့်ဖြင့် ပို့ပေးနိုင်မည် ။ ထို့အပြင် ဘာ Gas fee မှ မရှိ။ လူတိုင်း SMT ကို မျှော်လင့်ခဲ့ကြသည်။ သို့သော် အကောင်အထည် ပေါ်မလာခဲ့။ လက်ရှိ အချိန်ထိ Cryptocurrency ဖန်တီးမှုတွင် Ethereum ၏ ERC 20 က ပန်းပန်ဆဲ။ Gas fee များကလည်း လိုအပ်ဆဲ။

ဆိုခဲ့သည့် အတိုင်း ယခု အချိန်တွင် Cryptocurrency traders များက Exchange site များတွင် ဝယ်ရောင်း လုပ်ခြင်းထက် UniSwept တွင် ချက်ခြင်း လဲလှယ်သည့် စနစ်ကို ပိုသဘောတွေ့နေကြပါသည်။ Cryptocurrency ၏ နောက်ဆုံးအဆင့် ဖြစ်သော ငွေသာ ထုတ်ယူမှု Site တခုတည်းတွင်သာ မိမိ Wallet အား ဘဏ် အကောင့် ဖြင့် တွဲထားရမည် ဖြစ်ပါသည်။

ထိုSite တွင်လည်း မိမိ Cryptocurrency များအား စု ထားရန်မလိုပါ။ ပိုက်ဆံ ထုတ်ယူလိုသည့် အခါမှ ထို Wallet သို့ လွဲပို့။ ရလာသည် ငွေသားများအား မိမိဘဏ်သို့ လွဲယူ။ သို့မဟုတ် ပြင်ပတွင် တဲ့ ရောင်း တဲ့ဝယ် ။ မည်သူ့မှ အားကိုးစရာမလို။ မိမိကြိုက်ရာ ရွေးနိုင်ပါသည်။

ဤတွင် တခု မေးစရာလိုသည်မှာ မိမိ ဘဏ်နှင့် တွဲထားသော Wallet တွင်လည်း KYC မလိုပါသလော။ ဝင်ငွေရလမ်း ပြရန် မလိုအပ်ပါသလော။ အမှန်ဆိုရလျင် လိုအပ်သည်သာ ဖြစ်ပါသည်။ သို့သော် ဤ ဘဏ်နှင့်တွဲထားသော Exchanges ပိုင်ရှင် တို့မှာ မိမိ Cryptocurrency ရောင်းခြင်းကြောင့် ငွေသား ထုတ်ယူလျင် မိမိ ဘဏ်အကောင့် ထဲသို့ ငွေသာလွဲပေးရာတွင် မတူညီသော ဘဏ် အကောင်နှင့် မတူညီသော ကုမ္မဏီ နာမည်များ ဖြင့်သာ လွဲပေးကြပါသည်။

ဤသည်မှာ ကျွန်တော့ ကိုယ်တွေ့ဖြစ်ပါသည်။ ကျွန်တော် စင်္ကပူ တွင် ရှိနေစဉ် တလျှောက်လုံး Cryptocurrency မှ ငွေသားထုတ်ယူရာတွင် မိမိ ဘဏ်အကောင့်ထဲသို့ မတူညီသော ကုမ္ပဏီ များမှ လွဲပေးကြခြင်း ဖြစ်ပါသည်။ ဤသည်မှာ ငွေထုတ်ပေးသော Exchange site များ၏ လှည့်ကွက် ဖြစ်ပါလိမ့်မည်။

အဘယ်ကြောင့် ဆိုသော် သူတို့ကလည်း ငွေသားထုတ်ပေးရခြင်း အတွက် ရာခိုင်နှုန်း အမြတ်ယူကြသည် ဖြစ်၍ နေ့စဉ် ဝင်ငွေ ကောင်းကြပါသည်။ ကျွန်တော်သိသလောက် စင်္ကပူ ဘဏ်များ၏ အထာမှာ မိမိဘဏ်သို့ ဝင်လာသော ငွေများ များပြားလျင် ကိစ္စမရှိ။ ဘယ်က ဝင်လာသည် အားသိပ် ပြီး အရေးမလုပ်ကြ။

မိမိတို့ဘဏ်မှ ငွေထုတ်ငွေလွဲ များပြားလျင် ဘယ်နေရာသို့ ပို့သည်။ ဘယ်အကြောင်းကြောင့် ပို့သည် ဟူ၍ စီစစ်ကြပါသည်။ အထက်တွင် ဖေါ်ပြပေးခဲ့သည့် အတိုင်း အစိုးရကလည်း Cryptocurrency များအား အခွန်ကောက်နိုင်ရန် ကြိုးစားကြသလို Cryptocurrency အသုံးပြုသူ နည်းပညာရှင် များကလည်း မိမိတို့ Cryptocurrency မည်သို့ ထိန်းချုပ်မှုမဲ့သည် ၊ လူတစု ၊ အစိုးရ လက်အောက်တွင် မရှိ ဟူသော အနေအထားသို့ ရောက်ရန် ကြံဖန် ကြိုးစားကြမည်သည် ဖြစ်ပါသည်။ အစိုးရက အာဏာရှိသည် ။ Cryptocurrency သမားများက နည်းပညာရှိသည်။ ဤ နှစ်ခု အားပြိုင်မှုတွင် ကျွန်တော်တို့ ကျရောက်လျက်ရှိပါသည်။

Henry Aung ( Kachin )

11 / 09 / 2020 ( 19;30 PM )
H1.jpeg

Sort:  

အဲသည်တော့ ပိတ်ခံလိုက်ရတဲ့ account တွေက Cryptocurrencies
တွေ ထုတ်ယူနိုင်လိုက်လား လွှဲယူနိုင်လိုက်လားဗျ

ဟုတ်ကဲ့... Account တခုကတော့ $40 လောက် ပိတ်မိသွားတယ်။ ဘယ်လိုမှ ကြေအေးလို့လဲ မရဘူး။

ရင်တုန်စရာပါပဲ Exchange တွေရယ်
Binance လေး ခုထက် မတင်းကျပ်ပါစေနဲ့

Binance coin က တော့ စျေးတောင် တက်နေလေရဲ့။

Crytocurrency လောက တစ်ခုခုထူခြားလာတော့မလား။
ကောင်းဖို့ဖြစ်လာမှာပါလေ။

မျော်လင့်မိပါတယ်.... အကောင်းဘက်က။ ကိုယ်တွေရဲ့ စိတ်ကူးအိမ်မက်ကိုး။

ကိုဗစ်ဖြစ်လို့ စိတ်ဒုက္ခရောက်ရတဲ့အထဲ...
Exchange sitenတွေကပါ အပူပေးနေကြပါပကော...

တတ်နိုင်ဘူးလေ.... လမ်းရှိသရွေ့ လျှောက်နေရအုံးမှာပါ့။