ကျွန်တော်နှင့် Cryptocurrency ( Henry Aung )

in HIVE-MYANMAR4 years ago

111.jpeg

မင်္ဂလာပါ။ ရေးလက်စနှင့်မို့ Cryptocurrency အကြောင်းပဲ ဆက်ကြပါအုံးစို့။ မိတ်ဆွေတို့ သိပြီး ဖြစ်သည့် အတိုင်း Cryptocurrency မှာ တက်လိုက်ကျလိုက်။ အချို့ အသစ်အသစ်သော Coin / Token များက စျေးနှုန်းထိုးတက်လာကျသလို အချို့ ကလည်း ထိုးဆင်းသွားကြပါသည်။

ဤသည်က စျေးကွက်ရှင်သန်ခြင်း၏သဘော။ ယခုတလော Cryptocurrency လောကသားတို့၏ ပြသနာမှာ မိမိတို့ Exchange Wallet များ မတည်ငြိမ်ခြင်း ပြသနာ ဖြစ်ပါသည်။ မတည်ငြိမ်ခြင်း ဆိုသည်မှာ ယခင်က Exchanges များက ကြိုက်သလောက် အကောင့်ဖွင့် ၊ ဖုန်းနှင့် email ရှိလျင် ရပြီ။ ထို့နောက် KYC ဟူသော ဖောင်ဖြည့်ရန် လိုအပ်လာသည်။

မိမိဘယ်မှာနေသည် ၊ ဘာအလုပ်လုပ်သည် ၊ မိမိ နိုင်ငံသားကဒ် ၊ passport များ စသည်ဖြင့် ဖြည့်သွင်းပြီးမှ အကောင့် ဖွင့်ခွင့်ရရှိကြပါတော့သည်။ ယခုတဖန် Exchange site များက တဆင့်ထပ်မြှင့်လိုက်ပါသည်။ ဥပမာ Bittrex / Bitmax ကဲ့သို့သော Exchange site များ။ ယခု နောက်ပိုင်းတွင် Exchange wallet အကောင့်ဖွင့်ရာတွင် KYC သာမက မိမိ ဝင်ငွေရလမ်း ပါ ဖေါ်ပြပေးရန် လိုအပ်လာပါတော့သည်။

ဆိုလိုသည်မှာ မိမိ Exchange ဖွင့်၍ Coin / token များ ဝယ်ယူထားသော ငွေများမှာ မိမိ လစာထဲမှ ဖဲ့၍ ဝယ်သည်။ ( အလုပ် အကိုင် သက်သေပြ ) မိမိမှာ သန်းကြွယ်သူဌေး ဖြစ်သည် ။ ( ဘဏ် အကောင့် နမူနာပြ ၊ ပိုင်ဆိုင်မှုအားလုံးပြစရာမလို ) စသည်ဖြင့် ပိုမိုတင်းကျပ်သော စည်းမျဉ်း စည်းကမ်း များ ဖြင့် တင်းကျပ်လာပါတော့သည်။

ဤသည်မှာ Exchange site များကလည်း မိမိတို့ Exchange ထဲသို့ ငွေမည်းများ စီးဝင်မလာစေရန် ကြိုတင် ကာထားသည့်သဘောဖြစ်ပါသည်။ ဤသည်မှာ Exchange များဘက်ကကြည့်လျင်လည်း နိုင်ငံတကာ၏ Cryptocurrency အပေါ်ပြောင်းလည်းလာသော စည်းမျဉ်းစည်းကမ်း ဘောင် ထဲမှ နေ၍ Cryptocurrency ဝယ်ရောင်းကြရန် ကြိုးစားလာသည့်သဘော။

သုံးစွဲသူ ဘက်မှ ကြည့်လျင် Cryptocurrency ပိုင်ဆိုင်သူတို့သည် မိမိ ဘယ်သူဘယ်ဝါ အသိမခံချင်သူများ ဖြစ်ကြပါသည်။ အဘယ့်ကြောင့် လူ အသိမခံလိုပါသနည်း။ ဥပမာ ဆိုရလျင် ကျွန်တော်တို့ ကဲ့သို့သော Cryptocurrency အပျော်တမ်း ကစားသူ ( တကယ်တော့ မတတ်နိုင်လို့ ) များ အတွက် မသိသာ သော်လည်း ဒေါ်လာ သိန်းချီ ၊ သန်းချီ ဝယ်ရောင်း ကစားကြသူများ အဖို့ ပြသနာရှိလာပါတော့သည်။

KYC ခံထားသည့် အပြင် ဝင်ငွေ လမ်းကြောင်းပါ ပြထားရသည့် အကောင့်တို့က အစိုးရ၏ ဝင်ငွေခွန် ဟူသော နေရာတွင် ပြသနာရှိလာကြပါတော့သည်။ အကျယ်ဆိုရလျင် စီးပွားရေးလုပ်သည် ၊ အစိုးရနှင့် ထိတွေ့ရသည် ၊ စီးပွားရေးများအား အစိုးရက ကာကွယ်ပေးထားသည်။ သို့ အတွက် အခွန် ဆောင်ရမည်။ နားလည်နိုင်သလို စီးပွားရေး သမားများကလည်း လိုလိုလားလား အခွန်ဆောင်ကြပါသည်။

သို့သော်.... Cryptocurrency...... အစိုးရက မည်သို့သော ဥပဒေများဖြင့် Cryptocurrency ဝယ်ရောင်းအား ကာကွယ်ပေးထားပါသနည်း။ အဘယ်သို့သော ဥပဒေဖြင့် ကာကွယ်ပေးပါသနည်း။ ကာကွယ်ပေးထားခြင်းတော့ မရှိ ၊ သို့သော် Cryptocurrency ဝယ်ရောင်း လုပ်သူတို့ အခွန် ဆောင်ရမည် ဆိုသောအခါ ... ဒေါ်နယ်ထရန့် နှင့် ရှီကျင်းပင် ထိပ်တိုက်တွေ့သကဲ့သို့သာ။ Cryptocurrency ဝယ်ရောင်း လုပ်သူတို့ လက်တွန့်လာကြပါလေတော့သည်။

ဇတ်ရှိန်ကောင်းတုန်း တခန်းရပ်ထားကြပါအုံးစို့။ နက်ဖြန်တွင် ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

10 / 09 / 2020 ( THUR 18;35 PM )

H1.jpeg

Sort:  

Binance လေးတော့ ခုထက် ပို မတင်းကြပ်စေလိုပြီ

Binance ကတော့ အဆင်ပြေနေဆဲ။

အင်း ဘာတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားစရာပ

Coin / token တေ စုထားပေတော့ ဦးထွေးရေ...

ကိုယ်တွေ အတွက်တော့ KYC က ပြဿနာတစ်ခု ဖြစ်နေဆဲ

Cryptocurrency ကိုး... ဆရာရဲ့...

Crypto လေးတွေတော့ မျော်လင့်ချက်များ မပျက်စီးစေချင်ပါ။