ကျွန်တော်နှင့် Okuribito ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ဤရုပ်ရှင် အကြောင်းကို ရေးချင်နေသည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။ ကျွန်တော်သည် ရုပ်ရှင် ဝါသနာ ပါသူဖြစ်သည့်အလျောက် ရုပ်ရှင်ကောင်းလျင် အကြိမ်ကြိမ် ပြန်ကြည့်တတ်သလို ကိုယ်ပိုင် ဖြစ်စေရန်လည်း ( အခွေဝယ်ယူ / ယခုတော့ Download ဆွဲ ) သိမ်းထားပါသည်။

အဘယ့်ကြောင့် ဆိုသော် ကျွန်တော့သားသမီးများ လွယ်လင့်တကူ ပြန်ကြည့်ရန်အတွက် ရည်ရွယ်ပါသည်။ ယမန်နေ့က ကျွန်တော်ပြောခဲ့ပြီးဖြစ်သည့်အတိုင်း ကာတွန်ကား / စစ်ကား / သိပ္ပံကား / Documentary ( အထူးသဖြင့် Sir David Attenborough ၏ Documentary) ဇတ်လမ်းရှည်များ ဖြစ်သော Game of thrones/ Prison break / Breaking bad အစရှိသော ရုပ်ရှင်များ အားလုံး 3TB HD ထဲတွင် သိမ်းထားသလို မြန်မာစာအုပ်ပေါင်းများစွာ အားလည်း PDF ဖြင့် သိမ်းဆည်းထားပါသည်။

ယခုနောက်ပိုင်း ရုပ်ရှင်များ သိမ်းဆည်းစရာများလွန်း၍ နောက်ထပ် 1 TB HD တခုထပ်ဝယ်ထားရပါသည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော် အလွန်ကြိုက်သည့် ဇတ်ကားများအား ထပ်ကာထပ်ကာကြည့် ဖြစ်ပါသည်။

0002.jpeg

ယခု ကျွန်တော်ဖေါ်ပြမည် ဖြစ်သော ဂျပန် ရုပ်ရှင်ကားသည်လည်း ကျွန်တော် စိတ်လိုလက်ရရှိတိုင်း အကြိမ်ကြိမ် ကြည့်ဖြစ်သော ရုပ်ရှင်ဖြစ်ပါသည်။ ဇတ်လမ်း ခေါင်းစဉ်မှာ "Departures" ဖြစ်ပါသည်။ မြန်မာလို ဘာသာပြန်လျင် " ထွက်ခွာသွားကြသူများ " ဟူ၍ ဘာသာပြန်ရမည်ဟုထင်ပါသည်။ သို့သော် ဂျပန်ဘာသာစကား ဖြစ်သည့် " Okuribito "အား အနီးစပ်ဆုံး ဘာသာပြန်ရလျင် ( ပို့ဆောင်လိုက်သူ ) ဟူသော အဓိပ္ပာယ်ရမည်ထင်ပါသည်။

ရုပ်ရှင်၏ အရသာမပျက်စေရန် အကျဉ်းရုံးသာရေးသားပါမည်။ ကြင်စဦ ဇနီးမှောင်နှံ နှစ်ယောက်။ လင်ဖြစ်သူက သံစုံ တီးဝိုင်း တခု၏ Cello ( တယောကြီး ) တီးခတ်သူတယောက် ။

ခေတ်ကာလ အခြေအနေမကာင်း ၍ သံစုံတီးဝိုင်း ဖျက်သိမ်းလိုက်ရချိန်တွင် အလုပ်လက်မဲ့တယောက်ဖြစ်သွားပါတော့သည်။ သူနှင့် အတူ ကြင်စဦး မယား အလှလေးအား မွေးရပ်မြေသို့ ခေါ်ပြန်ရန် အကြောင်း ဖန်လာပါတော့သည်။

ဤတွင် အနည်းငယ် ရှင်းပြလိုသည်မှာ မင်းသား၏ မိခင်နှင့် ဖခင်က ကျေးလက်တွင် ကော်ဖီဆိုင်ဖွင့်ကာ အသက်မွေးဝမ်းကျောင်း ရင်း မင်းသားအား ပညာသင်ကြားပေးခဲ့ပါသည်။ သို့သော် ဖခင်ဖြစ်သူမှ ထို ကော်ဖီဆိုင် စားပွဲထိုး မလေးအား ခိုးပြေးသွားပြီးနောက် မိခင်က ခက်ခက်ခဲခဲရုန်းကန်ကာ မင်းသားအား ပြုစုခဲ့ရပါသည်။

00001.jpeg

ယခု သူ့မိခင် မရှိတော့သည့် နောက်တွင် ထိုအိမ်ကလေးအား သူအမွေရခဲ့ပါသည်။ ဆိုခဲ့သည့် အတိုင်း မင်းသားက အလုပ်လက်မဲ့ ... အိမ်တွင် ဇနီးလေးက မှီခိုမျှသာ။ မင်းသား အလုပ်ရှာထွက်ရပါပြီ။

သူတွေ့ခဲ့ရသည့် လစာကောင်းသော အလုပ်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလှပါသည်။ ထိုအလုပ်ကြေညာထားသည်မှာ “ ထွက်ခွာ သွားသူတို့အား ဝန်ဆောင်မှုပေးရန် " ဟူ၍ ကြေညာထားပါသည်။ မင်းသားထင်သည်မှာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတခုဟု ထင်ခဲ့ပါသည်။

အကျယ်မချဲ့တော့ပါ။ ရုပ်ရှင် အရသာပျက်မည် စိုးသောကြောင့် အကျဉ်းရုံးသာ ဖေါ်ပြပေးပါမည်။ သူတကယ်လုပ်ရသည်က Encoffinment ဟုခေါ်သည့် သုဘရာဇာဟု ခေါ်မည်လား ... ခေါင်းသွင်းခြင်း အနုပညာရှင်ဟု ခေါ်မည်လား ကျွန်တော်လည်း ဘာသာမပြန်တတ်ပါ။

ထို့ကြောင့်ဤ ရုပ်ရှင်အားရေးသားရန် ကျွန်တော်လက်တွန့်နေခြင်း ဖြစ်ပါသည်။ ကျွန်တော့တွင် မြန်မာဝေါဟာရ ဆင်းရဲလွန်းသောကြောင့်ဖြစ်ပါသည်။ ဆက်ကြပါအုံးစို့။ သူလုပ်ရသည့် အလုပ်က မသာ ( အလောင်းကောင် ) များအား အလှပြင်ပေးရသည့် အလုပ်ဖြစ်ပါသည်။

ဤနေရာတွင် ဂျပန်တို့၏ အနုပညာ အားလက်တွေ့ခံစားနိုင်ပါသည်။ ဂျပန်တို့သည် မိမိတို့ အသက်ရှင်နေထိုင်စဉ်က မည်ကဲ့သို့ပင်ရှိနေပါစေ အသက်မရှိတော့သော နောက်ဆုံး ခရီးအား အလှပဆုံး အကောင်းမွန်ဆုံး ထွက်သွားလိုသူများ ( ပို့ဆောင်လိုသူများ ) အဖြစ်တွေ့ရပါသည် ။

0004.jpeg

မင်းသားအနေဖြင့် ဤအလုပ်အား လက်ခံလိုက်ပြီးနောက် အခက်အခဲအမျိုးမျိုးတွေ့ရပါသည်။ မိမိချစ်ဇနီး၏ စွန့်ခွာမှုကို ခံခဲ့ရသလို မိမိ အပေါင်း အသင်းများ၏ ပစ်ပယ်ခြင်းကိုလည်း ခံခဲ့ရပါသည်။ အခြားအရာအများ ထက် အနုပညာအား ဖေါ်ပြလိုပါသည်။

လူသေ အလောင်းကောင်အား မိဘ ညီကို မောင်နှမများ ရှေ့တွင် သန့်ရှင်းရေးလုပ်ခြင်း / သန့်ရှင်းရေး လုပ်ရာ၌ ဦးခေါင်းမှ စ / ကိုယ်အလယ်ပိုင် / အောက်ပိုင်းများအား အဝတ်အစားချွတ်စရာမလိုပဲ သန့်ရှင်းရေးလုပ်ခြင်း / ထို့နောက် အဝတ်စားလှဲလှယ်ခြင်း ( ကိုယ်ခန္ဓာ၏ ရှက်စရာ မည်သည့် အပိုင်းမှ တွေ့မြင်ရခြင်း မရှိ) အလှအပပြုပြင်ခြင်း ထို့နောက် အခေါင်းသွင်းခြင်း စသည်တို့အား တဆင့်ခြင်းဆီ လူအများရှေ့မှောက်တွင် ပြုလုပ်ရခြင်း ဖြစ်ပါသည်။

တခါတရံ အခက်အခဲအနေဖြင့် ချမ်းသာသော မိသားစု များ၏ သားသမီး အလောင်းကောင်အားအလှပြင်ရာတွင် " ငါ့သမီး ဒီရုပ်မဟုတ်ဘူး အစကနေပြန်ပြင် " ဟူသော ပြသနာများ တွေ့ကြုံခဲ့ရသလို အချို့ကလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြီးသွားကြသည်လည်း ရှိပါသည်။

တခါတရံ အမျိုးသမီး အလောင်းအား သန့်ရှင်းရေး လုပ်နေစဉ်.. ပြသနာများကြုံတွေ့ရပါသည်။ ဤ အလောင်းအား ယောကျ်ား လေးကဲ့သို့ ပြင်ရမည်လော မိန်းခလေး ကဲ့သို့ ပြင်ရမည်လော စသည်ပြသနာများ ဖြစ်ပါသည်။

ကျွန်တော်အများကြီး အကျယ်မချဲ့တော့ပါ။ အဘယ့်ကြောင့်ဆိုတော် ဤ ရုပ်ရှင်အား အကာင်းဆုံးရှင်းပြရန် ကျွန်တော့တွင် ဝေါဟာရ အတော်လေးဆင်းရဲသောကြောင့် ဖြစ်ပါသည်။

0005.jpeg

ကျွန်တော်နားလည် သလောက် ဂျပန်တို့သည် ဤဘဝတွင် ခရီးဆုံးပါပြီ ၊ သေပြီးနောက်ဘဝ ခရီးတခုအတွက် လှလှပပ ထွက်ခွာသွားပါပြီဟု ဆိုလိုရင်း ဖြစ်ပါလိမ့်မည်။ ပို့ဆောင်လိုက်သူတို့ကလည်း ကျွန်တော့တို့အနေဖြင့် နောက်ဘဝခရီး အတွက် အလှပဆုံး ပို့ဆောင်လိုက်ပါပြီဟူသော သဘောရပါလိမ့်မည်။

ဤရုပ်ရှင်တွင် သေခြင်းတရားနှင့်ပတ်သက်၍ စိတ်ဝင်စားစရာ နောက်ထပ်ရေးပြစရာအများအပြား ရှိပါသေးသည်။ ကိုယ်တိုင်ကြည့်ရှု့၍သာ ခံစားကြပါကုန်။

ဤ ရုပ်ရှင်သည် မင်းသားအနေဖြင့် အဓိကဇတ်ကောင်ဖြစ်ကာ နောက်ဆုံးတွင် မိမိမမြင်ဘူးသော ဖခင်၏ နောက်ဆုံး ခရီးတွင် အလှပဆုံးပြုပြင်ပေးခြင်းဖြင့် အဆုံးသတ်ထားပါသည်။ ဤ ရုပ်ရှင်တွင် ကျွန်တော်မဖေါ်ပြခဲ့သော အခန်းအတော်များများကျန်ပါသေးသည်။ မိတ်ဆွေတို့ ကိုယ်တိုင်ခံစား၍ အရသာခံစေချင်သောကြောင့် ချန်လှပ်ထားခဲ့ပါသည်။

ဤရုပ်ရှင်သည် အစ / အလယ် / အဆုံး tempo တမျိုးတည်းဖြင့်သာ ကြည့်သွားရပါသည်။ အခြားသော ဇတ်ကားများကဲ့သို့ အစတွင် ရယ်စရာ / အလယ်တွင် စိတ်ဝင်စားစရာ / အဆုံးတွင် လှည့်ကွက်ဖြင့် ပရိတ်သတ်မျက်ရည်ခြူဟူ သော ရုပ်ရှင် အမျိုးအစားမဟုတ်ပါ။

သေချာကြည့်လျင် အသံ music / Camera ရှုထောင့်များ / အသေးစိတ်ရိုက်ချက်များအား တွေ့ရမည်ဖြစ်ပါသည်။ တခုပြောလိုသည်မှာ အလွမ်းဓါတ်ခံရှိသူတို့ကြည့်လျင် လက်ကိုင်ပဝါ​တော့ ဆောင်ထားရန်တော့လိုပါလိမ့်မည်။

ကျွန်တော့အနေဖြင့် ဤရုပ်ရှင်အား ကြိုက်လွန်းသောကြောင့် အကြိမ်ကြိမ်ကြည့် ဖြစ်ပါသည်။ ကြည့်တိုင်းလည်း သဘောကျနေရဆဲဖြစ်ပါသည်။ နောက်ဆုံး အနေဖြင့် ရေးရလျင် ဤရုပ်ရှင်သည် ဂျပန်တွင် အကယ်ဒမီ ၁၀ ဆု ရထားသည့်အပြင် နိုင်ငံတကာ ရုပ်ရှင်ဆုများလည်း ရထားသည့် ရုပ်ရှင်ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် စဉ်းစားမိသည်မှာ ခိုးကူးရာတွင် Copy လုပ်ရာတွင် အင်မတန်မှ လက်ရဲဇက်ရဲနိုင်လှသော မြန်မာ ဒါရိုက်တာတို့ အဘယ့်ကြောင့် ဤမျှလောက်ကောင်းမွန်သော ရုပ်ရှင်အား Copy မလုပ်ရသနည်းဟု ကျွန်တော် စဉ်းစားဘူးပါသည်။

ဤရုပ်ရှင် သည် Copy ကူးနိုင်ရန် မည်မျှ ခက်ခဲကြောင်း မိတ်ဆွေ ဤရုပ်ရှင်ကြည့်ရင်း သဘောပေါက်လာပါလိမ့်မည်။ ရုပ်ရှင် ကောင်းကြိုက်ကြသော မိတ်ဆွေများ အလွန်ကြည့်သင့်သော ရုပ်ရှင် ဖြစ်ကြောင်းတိုက်တွန်းလိုက်ရပါသည်။

Henry Aung ( Kachin )

18/09/2021- Saturday - 20;20 Pm

Sort:  

ဒေါင်းပြီး ကြည့်အုံးမယ် အကို
!LUV

<><

<><

LUV

Connect

Trade


@kachinhenry, you've been given LUV from @naythan.

Check the LUV in your H-E wallet. (1/1)

အဆင်ပြေပါစေ... !PIZZA

@naythan! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (1/20)

အညွှန်းကောင်းလို့ ကြည့်ဖြစ်အောင်ကြည့်ပါအုံးမယ်။
နောက်ထပ်လဲ ဇာတ်ကားကောင်းလေးတွေ ညွှန်းပေးပါအုံးရှင်

ရေးစရာ ညွန်းစရာဇတ်ကားတွေတော့ အများသား... တခြားအကြောင်းတွေလည်း ရေးစရာရှိတော့... !PIZZA

@nweoomon! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (4/20)

ဟုတ်ကဲ့

မကြည့်ရသေးပါ....ရှာပြီးကြည့်လိုက်ပါ့မယ်...
prison break ကတော့ကြည့်ပြီးပါပြီ...

အဆင်ပြေပါစေ... !PIZZA

@asterkame! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (5/20)

အပြေးကလေး သွားဒေါင်းလုတ် ပြီး ကြည့်ပါတော့မယ်။ !PIZZA

@kachinhenry! I sent you a slice of $PIZZA on behalf of @callmemaungthan.

Learn more about $PIZZA Token at hive.pizza (5/10)

အဆင်ပြေပါစေ... !PIZZA

@callmemaungthan! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (6/20)

စိတ်ဝင်စားစရာပဲ

ကြည့်လိုက်ရင် သဘောကျပါလိမ့်မယ်... !PIZZA

@princekham! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (7/20)

အညွန်းကောင်း၍ ကြည့်ဖို့သွားရှာပါတော့မည်။အလွမ်းဓာတ်ခံရှိသူဖြစ်၍ ပဝါလေးလဲဆောင်ထားပါဦးမည်။

ကြည့်လို့ကောင်းပါရဲ့လား... what’s your response on that movie..? !PIZZA

@ashinn! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (8/20)

စိတ်မကောင်းစွာပဲ ဇာတ်ကားကရှာလို့မတွေ့ဘူးရှင့် 😢English subtitle နဲ့တောင်မတွေ့ဘူးရှင့် အကယ်၍များတွေ့ခဲ့ရင်လဲ လက်တို့ပါဦးရှင့်

မကြည့်ဖူးသေးပါရှင်။ Channel Myanmar မှာရှိလား ရှင့် ။

အစ်ကိုလည်း မပြောတတ်ဘူး။ အစ်ကိုက Download ဆွဲထားပြီး ကြည့်တာ။ !PIZZA

@ong.aye.myat.mon! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (9/20)

ဟာ ကြည့်ချင်လာပြီး ရှာဖွေကြည့်ရအုံးမှာပ။
အခွေဆိုင်တွေက ဖွင့်ပါ့မလား မရ ရအောင်ရှာမဗျို့့။
ကိုဟင့် အညွှန်း နဲ့ အရမ်းကြည့်ချင်နေပါပြီ။
!PIZZA

@kachinhenry! I sent you a slice of $PIZZA on behalf of @htwegyi.

Learn more about $PIZZA Token at hive.pizza (5/10)

တွေ့ရဲ့လား ဆရာကြီး...အခွေဝယ်လို့ရမယ်လို့ ထင်ပါတယ်။ !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (10/20)

အခွေဆိုင်များမဖွင့် ဝယ်မရပါ။

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more

ဒီဇတ်လမ်းကို စိတ်ဝင်စားသွားပီ၊ ကြည့်အုန်းမယ်။ !PIZZA


Posted via proofofbrain.io

ဇာတ်လမ်းက စိတ်ဝင်စားစရာပဲ၊ မသာအလှပြင်သူ တစ်ယောက်အဖို့
ဘယ်လောက် စိတ်ဓာတ်ကြံ့ခိုင်လိုမလဲ မှန်းဆတွေးကြည့်မိပါရဲ့။
အို... တွေးရင်း ကြောချမ်းလာတယ်ဗျာ။ !PIZZA

@kachinhenry! I sent you a slice of $PIZZA on behalf of @myanmarkoko.

Learn more about $PIZZA Token at hive.pizza (3/10)

Congratulations @kachinhenry! You received a personal badge!

Happy Hive Birthday! You are on the Hive blockchain for 5 years!

You can view your badges on your board and compare yourself to others in the Ranking

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from Day 15