ကျွန်တော်နှင့် Shawshanks Redemption ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော်ယခုရေးသားမည်ဖြစ်သော အကြောင်းအရာများသည် ကျွန်တော်၏ မပြီးပြတ်သေးသော " ကျွန်တော်ပြောသော စင်္ကပူ " ခန်းဆက် ဆောင်းပါးများတွင် ထည့်သွင်းရမည် ဖြစ်သော်လည်း Movie အကြောင်း အသာပေးရေးသာလိုသောကြောင့် သီးသန့်ခေါင်းစဉ် တပ်လိုက်ရခြင်း ဖြစ်ပါသည်။

ကျွန်တော် စင်္ကပူ သင်္ဘောကျင်း များတွင် ငြမ်းလုပ်သား အဖြစ် အလုပ်လုပ်နေခဲ့စဉ်က အင်မတန်မှ စိတ်ကျဉ်းကျပ်ခဲ့ပါသည်။ စိတ်ကျဉ်းကျပ်ခြင်း၏ အဓိက အကြောင်း အရင်းမှာ လုပ်ငန်းခွင်တွင် မပျော်ပိုက်ခြင်း ဖြစ်ပါသည်။

အမှန်ဆိုရလျင် ကျွန်တော် သင်္ဘောကျင်းတွင် အလုပ်လုပ်နေခဲ့စဉ်က တရက်မှ ပျော်ပျော်ရွှင်ရွှင် အလုပ်သွားသည်ဟူ၍ မရှိခဲ့ပါ။ စက်ရုပ်တယောက်ကဲ့သို့ ကျင်လည်ရင်း သင်္ဘောကျင်း အလုပ်သမား ဘဝအား ဖြတ်သန်းခဲ့ရပါသည်။

အဘယ့်ကြောင့် ဤသင်္ဘောကျင်း အလုပ်သမားဘဝအား ပျော်ရွှင်ခြင်း မရှိရသနည်းဆိုသော် မျှတသော အခွင့်အရေး မရရှိခြင်း / ခွဲခြားဆက်ဆံခံရခြင်း / အထင်အမြင်သေးခံရခြင်း / လုပ်ငန်းခွင်တွင် ပန်ပန်းလွန်းခြင်း နှင့် အထူးသဖြင့် သင်္ဘောကျင်းတိုင်းတွင် တင်းကျပ်သော စည်းကမ်းများဖြင့် လွတ်လပ်မှုမရရှိခြင်း ဖြစ်ပါသည်။

ဤသို့ စိတ်မွန်းကျပ်မှုများ စိတ်ဖိစီးမှုများ ရက်ပေါင်းများစွာ နှစ်ပေါင်းများစွာ ခံစားလာရသော အခါ စိတ်ဒါဏ်ရာရလာပါတော့သည်။ ဤ အကြောင်းများအား အသေးစိတ်သိလိုပါက ကျွန်တော်ရေးသားခဲ့ပြီးသော ( ကျွန်တော်ပြောသော စင်္ကပူ ) ဆောင်းပါးများအားဖတ်ကြည့်ကြပါကုန်။

007.jpeg

ဆိုခဲ့သည့် အတိုင်း စိတ်မွန်းကျပ်မှုများ ပြေပျောက်စေရန် အတွက် စာဖတ် / ရုပ်ရှင်ကြည့် / မိတ်ဆွေများဖြင့် ဝိုင်းဖွဲ့စားသောက် စသည်တို့သည်သာ အစားထိုးစရာ ဖြစ်လာခဲ့ပါသည်။

ကျွန်တော့ အား စင်္ကပူ သင်္ဘောကျင်း အလုပ်သမားဘဝမှ ရုန်းထွက်ရန် အဓိကခွန်အားပေးသူတို့မှာ သင်္ဘောကျင်းတွင် ကျွန်တော့အား အနိုင်ကျင့်သော / မထီလေးစားလုပ်သော မိမိ အထက်အရာရှိများ နှင့် ယခုဖေါ်ပြမည်ဖြစ်သော ရုပ်ရှင်တို့ ဖြစ်ပါသည်။

ရုပ်ရှင် အကြောင်း ဆက်လိုက်ကြပါစို့။ ၁၉၄၇ ခုနှစ်တွင် ဘဏ်လုပ်ငန်းရှင် Andy တယောက် မိမိအား ဖေါက်ပြန်နေသော ဇနီးနှင့် သူ၏ လင်ငယ်အား သေနတ်ဖြင့် ပစ်သတ်လိုက်မိပါသည်။ အမှန်တော့ သူသတ်လိုက်သည်ကို သေချာမမှတ်မိပါ။ အရက်များ အလွန်အကျွံ့သောက်သုံးထားခဲ့သောကြောင့် ဖြစ်ပါသည်။

သို့သော် တဖက်ရှေ့နေ၏ ဆွဲတင်ချက် ကောင်းမှူကြောင့် Andy တယောက် ထောင်တသက် ကျသွားရပါတော့သည်။ Shawshank ပြည်နယ်၏ ထောင်တွင်းသို့ ရောက်သောအခါ Andy အနေဖြင့် မိမိကိုယ်ကို သေလူအဖြစ်သတ်မှတ်ထားကာ ထောင်တွင်း၌ အဆင်ပြေသလို အသက်ရှင်နေထိုင်ရန် ပထမဆုံး မိတ်ဖွဲ့ခဲ့သူက Red အမည်ရှိအဖိုးကြီးတယောက်။

Red က ထောင်းအတွင်းသို့ စားဖိုဆောင်မှ ထောင်သားများနှင့် ပေါင်းကာ စီးကရက်များ / အရက်များ ခိုးသွင်းနေသူ။ Andy အား Red သတိပြုမိသွားသည်ကလည်း Andy ထောင်းအတွင်းသို့ ရောက်သောညမှာပင် Andy ကြောင့် Red စီးကရက် အလိပ် ၂၀ ဆုံးရှုံးသွားရပါသည်။

0111.jpeg

ရုပ်ရှင်ကြည့်လျင် အရသာပျက်မည် စိုးသောကြောင့် အသေးစိတ်မရေးတော့ပါ။ Shawshank ထောင်ကြီးသည် Andy ရောက်လာပြီးနောက် ၂ နှစ်ခန့် အကြာတွင် အတော်လေး ပြောင်းလည်းလာခဲ့ပါသည်။

Andy ၏ ကောင်းမှု့ကြောင့် ထောင်ဝန်ထမ်းများ မည်သို့ အခွန်ရှောင်ရမည်ကို သိသွားကြသလို ထောင်မှုး ဖြစ်သူ Samuel Norton ကလည်း Andy ရှာပေးနေသော မသမာသောနည်းလမ်း ( အမှန်တော့ ထောင်သားများအား အလုပ်ခိုင်းကာ ရသော ပိုက်ဆံများ ) များမှ ရရှိသော ဝင်ငွေများဖြင့် အတော်လေး အခြေအနေ ကောင်းနေပါတော့သည်။

အကျိုး အမြတ်အနေဖြင့် Andy တယောက် ထောင်မင်းသား ဖြစ်လာခြင်းပင်ဖြစ်ပါသည်။ ထောင်မှုး၏ နေ့စဉ် ဝင်ငွေ စာရင်း ဇယားများအား ထိန်းသိမ်းပေးရသလို ညစဉ် ထောင်မှုး၏ ဖိနပ်အား အပြောင်တိုက်ပြီးမှ သူ၏ အကျဉ်းခန်းသို့ ပြန်အိပ်ရပါသည်။

ဤသို့ ထောင်အတွင်း၌ ပျော်ပျော်နေကာ ဘဝအား ဖြတ်သန်းနေစဉ် ၁၈ နှစ်ခန့်ကြာပြီးနောက် ၁၉၆၅ ခုနှစ် တွင် Shawshank အကျဉ်းထောင်သို့ Tommy အမည်ရှိ လမ်းသရဲ တယောက် ထောင်ကျလာပါတော့သည်။

Tommy ၏ ဖွင့်ဟမှုကြောင့် Andy တယောက် အပြစ်မရှိကြောင်း သိလာရပါတော့သည်။ Andy တယောက် မိမိ အပြစ်မရှိကြောင်း သက်သေပြနိုင်ရန် ထောင်မှုးအား ချဉ်းကပ်ပါတော့သည်။ သို့သော် နောက်တနေ့တွင် Tommy တယောက် ထောင်ဖေါက်မှုဖြင့် ပစ်သတ်ခံရပါတော့သည်။
0003.jpg

Andy သိလိုက်ပါပြီ။ မိမိသည် အပြစ်မရှိသူ ဖြစ်သည့် အပြင် ထောင်သက် ၁၈ နှစ် ဟူသော အချိန်ကာလသည် မိမိအပြစ်များအတွက် လုံလောက်သော ပေးဆပ်မှု ဖြစ်ကြောင်း သဘောပေါက်လိုက်ပါတော့သည်။

၁၉၆၆ ခုနှစ်တွင် Andy တယောက် ထောင်မှ ထွက်ပြေးလွှတ်မြောက်သွားပါတော့သည်။ သူထောင်မဖေါက်မှီ တရက် အလိုက သူ၏ မိတ်ဆွေဖြစ်သူ Red အား အမှာစကားပြောခဲ့ပါသည်။

ဘော်စတွန်ပြည်နယ်ရှိ တခုသော ယာခင်း ၏ ဝက်သစ်ချပင် အောက်တွင် ရှိသော ကျောက်တုံး နံရံများကြားရှိ မီးသင့်ကျောက်တုံးအောက်တွင် Red အတွက် ပစ္စည်း တခုရှိပါမည့်အကြောင်း။

Andy လွှတ်မြောက်သွားခြင်းနှင့်အတူ Shawshank အကျဉ်းထောင်း၏ မသမာမှုများအားလုံး ပေါက်ကြားသွားသည့် အပြင် ထောင်မှုး ပိုင်ဆိုင်သော ပိုက်ဆံ USD 370000 ( ယခုတန်ဖိုးအရ ဒေါ်လာ ၂.၉၅ သန်းခန့် ) အား ဘဏ်များမှ အလွယ်တကူ ထုတ်ယူသွားနိုင်ခဲ့ပါသည်။

ဤကဲ့သို့ အလွယ်တကူ ထုတ်ယူနိုင်ရန်လည်း Andy က အကွက်ကျကျ စီစဉ်ထားခဲ့ပါသည်။ ဤ ရုပ်ရှင်တွင် Andy လွတ်မြောက်ပြီးနောက် Red လည်း ထောင်မှ ခံဝန်ချက်ဖြင့် လွတ်မြောက်လာခဲ့ပါသည်။ ထို့နောက် Andy ညွန်းသည့် အတိုင်း Andy နောက်သို့ လိုက်သွားရင်း မိတ်ဆွေနှစ်ယောက် တွေ့ဆုံကြသော နေရာတွင် ဇတ်သိမ်းပါသည်။
022.jpeg

ကျွန်တော့အနေဖြင့် အရသာ မပျက်စေလိုသောကြောင့် ဇတ်လမ်းအား အကျဉ်းချုံ့ထားပါသည်။ ဤ ရုပ်ရှင်အား ကျွန်တော်သဘောကျသည်မှာ Andy ၏ အကွက်ကျကျ ညာဏ်ပညာသားပါပါ စီစဉ်တတ်မှု ၊ မိမိတွင် အပြစ်မရှိဟု သိပြီးနောက်ပိုင်း Hope ( မျော်လင့်ချက် ) အားသာ ဦးတည် အာရုံစိုက်ခဲ့ပုံ များဖြစ်ပါသည်။

ဤရုပ်ရှင်အား ကြည့်ပြီးနောက် ကျွန်တော်၏ စိတ်ထဲတွင်လည်း Hope ဟူသော အရာအား ရိုက်သွင်းခဲ့ပါသည်။ သင်္ဘောကျင်းလုပ်သားဘဝ မှ မည်သို့ လွှတ်မြောက်အောင် လုပ်ဆောင်ရပါမည့် အကြောင်း အကွက်ချစီမံရပါတော့သည်။

Andy သည် မိမိစိတ်ကျဉ်းကျပ်ရာ အကျဉ်းထောင်မှ လွှတ်မြောက်ရန် အနှစ် ၂၀ နီးပါး အချိန်ယူခဲ့ရပါသည်။ သူအသုံးပြုခဲ့သော လက်နက်မှာ ညဏ်ပညာနှင့် ၈ လက်မခန့်ရှိသော ကျောက်ထွင်း စိန်တူ တလက်သာဖြစ်ပါသည်။

ကျွန်တော် ဤ Hope ဟူသော အရာအား နှလုံးသွင်းပြီးနောက် သင်္ဘောကျင်း လုပ်သားဘဝမှ လွတ်မြောက်နိုင်ရန် အချိန် ၄ နှစ်သာလိုခဲ့ပါသည်။ ကျွန်တော်ကတော့ Education ဟူသော လက်နက်အား သုံးခဲ့ရပါသည်။ ဤ နေရာတွင် Andy နှင့် ကျွန်တော်၏ တူညီသော အချက်မှာ စိတ်မွန်းကျပ်ရာ / လွတ်လပ်မှုမရှိရာနေရာမှ လွတ်မြောက်လိုခြင်း ဖြစ်ပါသည်။

005.jpeg

ဤနေရာတွင် အရေးကြီးသည်မှာ အချိန် ဖြစ်ပါသည်။ အချိန် + မျော်လင့်ချက် + လုပ်အား = အောင်မြင်မှု ဖြစ်ပါသည်။ Shawshank ရုပ်ရှင်အားကျွန်တော်သဘောကျသည်မှာ ရုပ်ရှင်တခုလုံး Red က သူ၏ သူငယ်ချင်း Andy အကြောင်း ပြောပြသွားသည့် ပုံစံဖြင့် ရိုက်ကူးထားခြင်း ဖြစ်ပါသည်။
စကားပြော ဒိုင်ယာလောခ် များက ကျွန်တော့အား အစွဲဆောင် နိုင်ဆုံး ဖြစ်ပါသည်။ အသေးစိတ် မဖေါ်ပြတော့ပါ ရုပ်ရှင်ကြည့်၍သာ ခံစားကြပါကုန်။
ကျွန်တော် အကြိုက်ဆုံးသော ဒိုင်ယာလေခ်မှာ Red ပြောသော စကား ဖြစ်သည့် " I think it’s the Excitement only a free man can feel “ ။

ကျွန်တော်နားလည်သလောက် ဘာသာပြန်ရလျင် ... " စိတ်လှုပ်ရှားခြင်းဟူသောအရာမှာ လွတ်လပ်နေသူတို့သာ အရသာခံနိုင်သော အရာ ဖြစ်ပါသည်။ "

ယခု မိတ်ဆွေတို့ ခံစားရသော စိတ်လှုပ်ရှား ခြင်းဟူသော အရသာမှာ လွပ်လပ်ခြင်းဟူသော နေရာမှ ခံစားရခြင်း မဟုတ်ပါ။ လက်ရှိ မြန်မာနိုင်ငံသားတို့ ခံစားရနေသော စိတ်လှုပ်ရှားခြင်းမှာ အမှောင်ထုမှ လာခြင်း ဖြစ်ပါသည်။ မိမိထံသို့ မည်သည့် အချိန်တွင် ပျက်စီးခြင်း ​ရောက်လာလေမည်လား ဟူသော ခံစားချက်ဖြစ်ပါသည်။

အချုပ်အနေဖြင့် ပြောရလျင် ယခု အချိန်တွင် မိတ်ဆွေအနေဖြင့် Hive platform တွင် အပေါဆုံးမှာ အချိန် ဖြစ်ပါလိမ့်မည်။ လိုအပ်နေသည်မှာ Hope ဟူသော မျှော်လင့်ချက်ဖြစ်ပါသည်။

Henry Aung ( Kachin )

17/09/2021 - 19;07 Pm

စာကြွင်း ... ကျွန်တော့တွင် Movie များ ပေါင်းစုံ 3000 GB အထိ စုထားပါသည်။ လိုအပ်သူတို့ ရယူရန် အကူအညီတောင်းနိုင်ပါသည်။ ကျွန်တော်လည်း Movie များ မျှဝေနိုင်သော App များ ရှာနေပါသည်။ မိတ်ဆွေတို့ သိလျင် လက်တို့ကြပါကုန်။ ကျွန်တော့တွင် ရှိသော Movie အများစုမှာ Blu Ray များဖြစ်၍ အနည်းဆုံး 3.2 GB ရှိပါသည်။

Sort:  

အလွန်ကြိုက်နှစ်သက်သော ဇာတ်ကားများထဲမှ တကားဖြစ်ပါတယ်။ တသက်လုံးနီးပါး ထောင်တွင်းဘဝဖြင့် ရှင်သန်နေထိုင်ခဲ့သူ အဖိုးအို၊ သူထောင်မှ လွတ်မြောက်လာသောအခါ မယုံကြည်နိုင်လောက်အောင် ပြောင်းလဲခဲ့ပြီဖြစ်သော ပြင်ပလောကတွင် ရှင်သန်နေထိုင်ရန် အံဝင်ဂွင်ကျ မဖြစ်သောကြောင့် သတ်သေရန် ကြိုးစားခဲ့သူ၊ ထောင်တွင်း ပြန်ဝင်နိုင်ရန် ရာဇဝတ်မှု ထပ်မံကျူးလွန်ဖို့ ကြိုးစားခဲ့သူ၊ အဖိုးအို ဇာတ်ကောင်ကို ပြန်လည် မြင်ယောင်နေမိပါသည်။ လူသစ်တန်းများအတွက် လက်တွဲခေါ်ယူ ကူညီမှုများအတွက်လည်း ကျေးဇူးတင်ပါသည်။

ကျွန်တော်ရဲ့ အကြိုက်ဆုံး ရုပ်ရှင်ထဲက တခုမို့ အရင်ဆုံးဖေါ်ပြပေးလိုက်တာပါ။တကယ်လည်း ကြည့်လို့ကောင်းတဲ့ရုပ်ရှင်ပါ။ !PIZZA

@sayalu! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (1/20)

ဇာတ်လမ်းလေးကကောင်းတယ်
ကြည့်ရရင်ပိုကောင်းမယ်
!PIZZA

@kachinhenry! I sent you a slice of $PIZZA on behalf of @naythan.

Learn more about $PIZZA Token at hive.pizza (1/10)

ကြည့်လိုက်တော့ညီရေ... ကြိုက်သွားလိမ့်မယ်။ !PIZZA

@naythan! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (2/20)

အရမ်းကြိုက်လို့ သိမ်းထားပြီး 3ခါထက်မနည်းကြည့်ပြီးတဲ့ ဇာတ်ကားပါ။ သူ့ကားတွေကြိုက်တယ်ဆိုရင် Green mile ကားလေးညွှန်းပါရစေ။

Green Mile လည်း ကျွန်တော့ဆီမှာရှိပါတယ်။ အရမ်းကြိုက်တဲ့ရုပ်ရှင်တခုပါ။ !PIZZA

@nweoomon! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (4/20)

ဒီဇာတ်ကားကိုကြည့်ခဲ့တာ တော်တော်ကြာခဲ့ပီ တူလေးတလက်ကို စာအုပ်ကြားညှပ်ပီးခိုးသွင်း နောက် လှိုင်ခေါင်းဖေါက်ပြေးတဲ့ဇာတ်ကားလားမသိ။ ထောင်ဖောက်ကားတွေ အတော်များများကြည့်ဖူးတော့ ဇာတ်လမ်းတွေ ရောနေတာ။
ကိုဟင်ပြောသလိုပဲ HOPE တစ်ခုထဲ လက်ကိုင်ထားပီး ဝါသနာနဲ့တွဲ လုပ်လာခဲ့တာပါ။ !PIZZA

@kachinhenry! I sent you a slice of $PIZZA on behalf of @nyinyiwin.

Learn more about $PIZZA Token at hive.pizza (4/10)

ဟုတ်ပါတယ်။ စိန်တူ လေးကို ကျမ်းစာအုပ်ထဲ သိမ်းထားတာပါ။ !PIZZA

@nyinyiwin! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (5/20)

ဇတ်ကားကို တော့ခုချိန်ထိ မကြည့်ဖူးသေးတာတော့ ရှက်မိတယ်။ သူငယ်ချင်း ပြောတာတော့ ကြားဖူးတယ်။ မျှော်လင့်ချက်ကတော့ ရှိရမယ်လို့ ထင်ပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတာကလဲ ဒီကိုဗစ်နဲ့ ဏာသိမ်းတာက နေ့တိုင်းထပ်လာတော့ တစ်ချို့တွေစိတ်ထဲမှာ ဒါကို အမြဲကြုံမယ်လို့ ထင်လာကြတယ်။ မအီမသာ ဖြစ်လာတယ်ပဲ ပြောရမလား မသိဘူး။ လူငယ်တွေအနေနဲ့ ကျတော့ ကိုယ်ပြောင်းရင် ဖြစ်တယ်လို့ ယုံကြည့်မှုလေးရှိကြပေမယ့် တချို့လူကြီးတွေကျတော့ ဒီအနေအထားကို အမြဲဖြစ်နေမယ်လို့ ထင်လာကြတယ်ထင်ပါတယ်။ ဒီနေရာမှာ ကို ဟင်နရီ ပြောသလိုပဲ မျှော်လင့်ချက်ရှိဖို့ အရေးကြီးတယ်လို့ တော့ ထင်ပါတယ်။ နာဇီ အကျဥ်းစခန်းက နေလွတ်မြောက်ခဲ့တဲ့ Viktor Frankl ေပြာသလိုပဲ အခြေအနေကို ကျွန်တော်တို့ မပြောင်းနိုင်ရင်တောင် ဒီအခြေအနေကို ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို တော့ ကျွန်တော်တို့ ရွေးလို့ရပါသေးတယ် လို့ ပြောရမယ်ထင်တယ်ဗျ။ အခု တိုက်ဆိုင်လို့ သူ့ video ေလး ရှာကြည့်မိသေးတယ်။ ကျွန်တော်တို့ နေ့စဥ်ကောင်းတာလေးလုပ်ဖို့ နဲ့ မျှော်လင့်ချက်လေးတွေထားဖို့ ရွေးခြယ်နိုင်သေးတယ်လို့ ထင်မိပါတယ်။

မှန်ပါတယ် ဒီအခြေအနေမျိုးကို use to မဖြစ်သွားဖို့ အရေးကြီးပါတယ်။ နာဇီ အကျဉ်းစခန်းနဲ့ ပတ်သက်လာရင်တော့ Schindler’s list ကို ညွန်းရမယ်ထင်ပါတယ်။ !PIZZA

@princekham! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (6/20)

ဒီဇာတ်ကား ကြည့်ရတဲ့ အရသာ ကောင်းသပ။
ဇာတ်ကားကောင်းလေးတွေ ညွှန်းပေးပါအုံး။
ကိုဟင်ပြောတဲ့ ငလျှင်လှုပ်တဲ့ကားလေးလဲ ကောင်းသဗျို့။
!PIZZA

@kachinhenry! I sent you a slice of $PIZZA on behalf of @htwegyi.

Learn more about $PIZZA Token at hive.pizza (5/10)

နောက်တခု ညွန်းထားတယ်ဗျို့... !PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (7/20)

Shawshank အဲဒီဇာတ်ကားကို ၃ ကြိမ် လောက်ထိပြန်ကြည့်ဖြစ်တယ်။ ဘဏ်မန်နေဂျာကနေ ထောင်ထဲရောက်လာ အခက်အခဲ အများကြီးကိုကျော်ဖြတ်ပြီး သူ့အတွက်ရယ်လို့ မလုပ်ပဲ အခြားသူတွေ စာဖတ်ရဖို့ စာကြည့်တိုက်မဖြစ်မနေ ရအောင် လုပ်ခဲ့သလို အပြင်ထွက်ခွင့်ရတဲ့ခဏ အရာရှိနဲ့အပေးအယူ လုပ်ပြီး သူ့အတွက် အခွင့်အရေး ရပါ ရက်နဲ့ သူ့လူတွေအတွက် ဘီယာ ၁၁ လုံး တောင်းဆိုပေးခဲ့တယ်။ သူ့အတွက်နဲ့လူတွေကိုပျော်ရွှင်စေခဲ့တယ်။ သူ့အတွက် သူလုပ်သွားတာက ကျောက်ခွဲတူလေးတစ်လက်ပါပဲ။ မဖြစ်နိုင်ဖူးလို့ အားလုံးထင်ထားတဲ့အရာကို သူလုပ်ပြသွားနိုင်ခဲ့တယ်။ အရမ်း သဘောကျတယ် ။ !PIZZA
YES MAN , The Founder နဲ့ The World of the Wolf ကို ကြည့် စမ်းဖို့ အကြံပြုပါတယ်အကို။

ထောင်ထဲမှာ သီချင်းဖွင့်ပြတဲ့အခန်းလဲကြိုက်တယ်။

“Le Nozze di Figaro,” လို့ခေါ်ပါတယ်။ အဲဒီအီတလီ အဆိုတော် ဘာအကြောင်း ဆိုနေတာ ဘယ်သူမှ နားမလည်ကြပါဘူး။ ဒါပေမယ့် သူရဲ့ သယာတဲ့ အသံနဲ့ ခဏသာ လွတ်မြောက်သွားကြတာပါ။ !PIZZA

@nweoomon! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (9/20)

ဟုတ်တယ်။ ကိုယ်တောင်နားမလည်ဘဲ အဝေးကြီးကိုလွှင့်မျောနေသလိုခံစားရတယ်။

ညီ ပြောထားတဲ့ ရုပ်ရှင်တွေလည်း ကြည့်ဖြစ်ပါတယ်... အတော်ကြည့်ကောင်းတဲ့ ရုပ်ရှင်တွေပါ။ ဒါပေသိ Shawshank က အစ်ကို့ ဘဝနဲ့ ဆက်နွယ်နေလို့ ဖေါ်ပြပေးလိုက်တာပါ။ !PIZZA

@callmemaungthan! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (8/20)

Scaffold team မှာ လုပ်ခဲ့တယ်ဆိုရင် Contractor သဘောမျိုး လိုက်လုပ်ကြည့်ပါလားဗျ။

မလုပ်တော့ဘူးညီ။ အစ်ကို 2008 လောက်မှာ မြန်မာပြည်ခဏပြန်ပြီး Dubai ကို ပို့မဲ့ ငြမ်းအလုပ်သမားတွေကို သင်တန်း ပေးဘူးတယ်။ အဲဒီ အကြောင်းတွေ နောက်တော့ ရေးပြပါ့မယ်။ !PIZZA

@callmemaungthan! I sent you a slice of $PIZZA on behalf of @kachinhenry.

Learn more about $PIZZA Token at hive.pizza (9/20)