ကျွန်တော်ပြောသော စင်္ကပူ - အပိုင်း ( ၂၉ ) ( Henry Aung )

in HIVE-MYANMAR2 years ago (edited)

111.jpeg

မင်္ဂလာပါ။ ဤ ကျွန်တော်ပြောသော စင်္ကပူ ခန်းဆက် ဆောင်းပါးမှာ ကျွန်တော် စင်္ကပူ တွင် အလုပ်သွားလုပ်ရင်း ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ အား ရေးသားထား ခြင်း ဖြစ်ပါသည်။ ယခင် Steemit ကာလကတည်းက ရေးသားနေခဲ့သည်မှာ ယခုထိ ဆိုလျင် အပိုင်း -၂၉ သို့ ရောက်ရှိသွား ပြီ ဖြစ်ပါသည်။

စာရှုသူ မိတ်ဆွေအနေဖြင့် အပိုင်း ၂၉ မှ စဖတ်လျင် အနည်းငယ် ရှုပ်ထွေးနေမည် စိုးသော ကြောင့် ယခင် အပိုင်းဆက်များအား အောက်ပါ လင့် တွင် ဖေါ်ပြပေးလိုက်ပါသည်။ ယခင်က ဇော်ဂျီဖြင့် ရေးသားထားသော်လည်း Hive Platform အစပိုင်းတွင် ယူနီကုတ် ဖြင့် ပြန်လည် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။

( ယခင် Post အဟောင်းများအား Vote မပေးရန် သတိပေးလိုပါသည်။ မိတ်ဆွေ Vote ပေးသော်လည်း ကျွန်တော့ အနေဖြင့် ဘာမျှ မရနိုင်တော့သည့် အပြင် မိတ်ဆွေ၏ voting Power သာ ဆုံးရှုံးသွားပါလိမ့်မည်။ )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၁ - ၂ ) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၃ - ၄ ) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၅ - ၆ ) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၇ - ၈ ) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၉ - ၁၀ ) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၁၁ - ၁၂ ) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၁၃ - ၁၄ ) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၁၅ - ၁၆ ) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၁၇ - ၁၈ ) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၁၉ - ၂၀ ) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၂၁ - ၂၂ ) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၂၃ - ၂၄ ) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၂၅ - ၂၆ ) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း ( ၂၇ - ၂၈ ) ( Henry Aung )

ယခင် post များတွင် ကျွန်တော် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း ကျွန်တော့ အလုပ်မှာ သင်္ဘောကျင်တွင်သာ ရှိနေခဲ့ပါသည်။ ငြမ်းဆင်သည့် အလုပ်သမား ဘဝမှ Supervisor ဖြစ်လာသည့်တိုင် သင်္ဘော ကျင်းမှ မထွက်နိုင်ခဲ့သေးပါ။

သို့သော် ကျွန်တော့ စိတ်ထဲတွင်တော့ တရက်ရက် သင်္ဘောကျင်း အလုပ်သမား ဘဝမှ ရအောင် ထွက်မည် ဟူ၍ Supervisor စဖြစ်ကတည်းက ပြင်ဆင်ထားခဲ့ပါသည်။ ထိုအချိန် တုန်းကတော့ သူများ အခိုင်းခံရသည့် ဘဝမှ လွှတ်ရန် နှင့် တရက်ရက် တချိန်ချိန် တွင် ပညာသင်ပြီး စင်္ကပူ လူမျိုးများအား ရအောင် ပြန်ခိုင်းမည်ဟု ကြုံးဝါးထားခဲ့ပါသည်။

ဤ သို့ ဖြင့် တနှစ်လျင် ခွင့်ရက် ၇ ရက်အား အသုံးချကာ Certificate တခု စီ ရအောင်ယူပါသည်။ ၂၀၀၈ ခုနှစ် နှစ်ကုန် ပိုင်းတွင် ကျွန်တော့ ထံတွင်
Shipyard Supervisor Safety Course /

Scaffold Supervisor Safety Course /

Building Construction Safety Supervisor Course /

Petrol Chemical Supervisor Safety Course /

Lifting Supervisor Safety Course စသည်ဖြင့် Certificates များ ၅ ခုရယူထားနိုင်ခဲ့ပြီဖြစ်ပါသည်။

ထိုအချိန် တုန်းကတော့ မည်သည့် နေရာ သို့ အလုပ်ပြောင်းလုပ်မည်ဟု စိတ်ကူးထားခြင်း မရှိသေးသော်လည်း Certificate များရယူထားကာ ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။ ဤသို့ Certificate များ ရယူထားသည့် အပြင် Singapore RedCross ( စင်္ကပူ ကြက်ခြေနီ ) အသင်းတွင်လည်း Members ဝင်ထားခဲ့ပြီ ဖြစ်ပါသည်။

ဤသို့ Red Cross Member ဖြစ်ရန် အတွက် စင်္ကပူ ကြက်ခြေနီ အသင်းမှ ဖွင့်လှစ်သော First Aid ခေါ် ရှေ့ဦး သူနာပြု သင်တန်းအား ၃ ရက် တက်ရောက်ခဲ့ရပါသည်။ ( ဤ Singapore RedCross Member ဝင်ထားခြင်း၏ အကျိုးကျေးဇူးမှာ အလုပ်ရှာရာတွင် အင်မတန်မှ အထောက်အကူပြုကြောင်း နှောင်ခါမှ သဘောပေါက်ခဲ့ရပါသည် )

စင်္ကပူတွင် ဤ First Aider ခေါ် ရှေ့ဦးသူနာ ပြု သင်တန်းအား ပြင်ပအလုပ်သမား သင်တန်းများတွင် သင်ကြားပေးသော်လည်း First Aid Certificate ချင်းအတူတူ Singapore RedCross မှ သင်တန်းပြီးထားသူ၏ Certificate က ပို၍ လူလေးစားခံရပါသည်။

ထိုအချိန်ကတော့ ကျွန်တော့အနေဖြင့် Certificate များ အပြင် Public Relationship ကောင်းစေရန် အတွက် စင်္ကပူရှိ Pioneer Library ( စာကြည့်တိုက် ) တွင်လည်း အသင်းဝင်ထားခဲ့ပါသည်။ ဤ သို့ အဖက်ဖက်မှ ပြင်ဆင်ထားပြီး ၂၀၀၈ ခုနှစ် August လတွင် အလုပ်မှ ထွက်စာ တင်ခဲ့ပါသည်။

ထိုအချိန်ကတော့ ကုမ္ပဏီ မှ အလုပ်မထွက်ရန် နှင့် သင်္ဘောကျင်းတွင် မလုပ်လိုပါက Offshore Supervisor လုပ်ရန် ပြောပါသေးသည်။ Offshore Supervisor ဆိုသည်မှာ သင်္ဘောကျင်း ဝင်စရာ မလိုသော်လည်း ကမ်းလွန်ပင်လယ်တွင် ရပ်ထားသော သင်္ဘောကြီးများ ရေနံတူးစင်များ ၏ အသေးစား ပြင်ဆင်မှု လုပ်နိုင်ရန် ငြမ်းဆင်ခြင်းအား ကြီးကြပ်ပေးရခြင်း ဖြစ်ပါသည်။

သို့သော် ကျွန်တော့ အနေဖြင့် ဤ သင်္ဘော နှင့်ပတ်သက်ခြင်းအား လုံးဝအဆုံးသတ်ရန် အတွက် အလုပ်မှ ထွက်ခဲ့လိုက်ပါသည်။ ဤ သို့ဖြင့် ၂၀၀၄ December ( နာဂစ် မဖြစ်မှီ ) မှ စခဲ့သော စင်္ကပူ သင်္ဘောကျင်း အလုပ်သမား ဘဝမှာ ၂၀၀၈ September တွင် လုံးဝအဆုံးသတ်သွားပါတော့သည်။

( သို့သော် ကရိန်း ကုမ္ပဏီ တွင် အလုပ်ရပြီးနောက် Heavy Lifting အတွက် တခါတရံ သင်္ဘော ကျင်းသို့ ဝင်ခဲ့ရပါသည်။ ) ဤ သို့​ဖြင့် ရန်ကုန် ပြန်ရောက်ပြီးနောက် အိပ်လိုက်စားလိုက် အစ်မ၏ မိတ္ထူဆိုင်တွင် ဝင်ကူရင်း အနားယူနေခဲ့ပါသည်။

ဤ သို့ ဖြင့် တရက်တွင် ကျွန်တော့အား စင်္ကပူသို့ ပို့ပေးသော အေဂျင်စီ မှပဲ ကျွန်တော့ ထံဖုန်းခေါ်လာခဲ့ပါသည်။ အခြားမဟုတ်ပါ ကျွန်တော်က စင်္ကပူတွင် ငြမ်း Supervisor လုပ်ခဲ့သည် ဆိုတော့ သူတို့ အေဂျင်စီတွင် ဒူဘိုင်းသို့ ပို့မည့် ငြမ်း အလုပ်သမားများ ရှိကြောင်း ထို အလုပ်သမား များအား ငြမ်း Training ပေးနိုင်ပါမည်လောဟု ဖုန်းဆက် ခြင်း ဖြစ်ပါသည်။

ကျွန်တော်ကလည်း သင်ပေးနိုင်ပါကြောင်း နှင့် ငြမ်း Practical အင်တာဗျူး အတွက် အချိန်မည်မျှ ရကြောင်း မေးသော အခါ ကျွန်​တော့ တွင် အချိန် တပတ်သာ ရှိကြောင်း သိရပါတော့သည်။ တပတ် အတွင် လူ ၁၆ ယောက်အား ငြမ်း အခြေခံ သင်ပေးရန် မှာ မဖြစ်နိုင်ပါ။

သို့သော် အေဂျင်စီ က မဖြစ်ဖြစ်အောင် သင်ပေးရန် နှင့် သင်တန်းကြေး တောင်းသလောက်ပေးမည်ဟု ပြောလာပါသည်။ ကျွန်တော်ကလည်း အင်တာဗျူးက မည်သူလာမေးမည့် အ ကြောင်း မေးသော အခါ အေဂျင်စီ မှ ဖြေသည်မှာ အင်တာဗျူးသူသည် စင်္ကပူ Keppel Fels မှ ဖြစ်ကြောင်း ပြန်ဖြေပါသည်။

Keppel Dubai အတွင် ငြမ်းလုပ်သား များ ခေါ်ယူနေခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။ ကျွန်တော်ကလည်း တပတ် အတွင်း ငြမ်းသင်တန်း ရအောင် သင်ပေးမည် အားလုံး အင်တာဗျူး အောင်စေရမည် သို့သော် သင်တန်းသား တယောက်လျင် တသိန်း အတွက် ၁၆ သိန်းလိုချင်သည်ဟု ပြောသော အခါ အေဂျင်စီမှ လျှော့ယူရန် ညှိပါသေးသည်။

ကျွန်တော်လည်း လုံးဝလျှော့မပေးပါ။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော် စင်္ကပူ သွားရန် အတွက် ထိုအေဂျင်စီ အား စင်္ကပူ ဒေါ်လာ ၃၈၀၀ အပြည့် ပေးခဲ့ရပါသည်။ ယခုကျွန်တော်လည်း လျှော့မပေးနိုင်ပါ။ နောက်ဆုံးတော့ သူတို့လည်း သဘောတူခဲ့ရပါသည်။ အဘယ့်ကြောင့် ဆိုသော် အချိန် တပတ်သာ ရသော ကြောင့် ဖြစ်ပါသည်။

အဘယ့်ကြောင့် ကျွန်တော့ အနေဖြင့် ဤမျှ အာမခံ ရဲရသနည်းဆိုသော် Singapore Keppel Fels ဟူသော သင်္ဘောကျင်းမှာ ကျွန်တော် ကျင်လည်ခဲ့သော သင်္ဘောကျင်း ဖြစ်သည့်အပြင် Keppel မှ ငြမ်းနှင့် ပတ်သက်သော အရာရှိဟူ၍ ကျွန်တော်မသိသူမရှိသော ကြောင့် ဖြစ်ပါသည်။

ဤ သို့ဖြင့် တောင်ဒဂုံ မြို့သစ်ရှိ အေဂျင်စီ ၏ Training Center တွင် Training ပေးရပါတော့သည်။ အရေးကြီးသည့် သီအိုရီ နှင့် အခြေခံ ငြမ်းဆင်ခြင်းအား ၈ ယောက် ၂ ဖွဲ့ ခွဲ ၍ သင်တန်းပေးပါသည်။

ငြမ်းဆင်နေစဉ် ပစ္စည်း မပြုတ်ကျရေး ... တယောက်နှင့် တယောက် အတိုင် အဖေါက် ညီစေရန် တထပ်ငြမ်း တမျိုးတည်းအားပဲ ဆင်လိုက်ဖျက် လိုက် အကြိမ်ကြိမ် လုပ်ခိုင်းရသလို ငြမ်းပစ္စည်း များအား ကိုင်သွယ် အသုံးပြုပုံအား စနစ်တကျ သင်ပေးရပါသည်။

ထို Training Center အား အုပ်ချုပ်နေသူ မှာ အငြိမ်းစား ဗှိုလ်မူး တယောက် ဖြစ်ပါသည်။ ထို ဗိုလ်မှုး မှ ကျွန်တော့အား ပြောသည်မှာ " ငါ့ညီ training ပေးတာက စစ်တပ်ထဲ မှာ စစ်သားတွေကို Training ပေးသလိုပဲ " ဟူ၍။ ကျွန်တော်လည်း အတော်လေး ခပ်ကြမ်းကြမ်း Traning ပေးလိုက်ပါသည်။

ဤ သို့ဖြင့် အင်တာဗျူးရန် ရက်သို့ ရောက်လာသော အခါ ကျွန်တော်ထင်သည့် အတိုင်း Kapple မှ Project Supervisor ဆိုသူမှာ ကျွန်တော်နှင့် စင်္ကပူ သင်္ဘောကျင်း Project တခုတွင် အတူ လက်တွဲ လုပ်ဘူးသူ Andrew ဆိုသူ ဖြစ်ပါသည်။

ကျွန်တော်နှင့် တွေ့ပြီး ရှေ့ဟောင်း နှောင်း ဖြစ် အကြောင်း ပြောကာ ငြမ်းအဖွဲ့သား များ Practical လုပ်ပြမည့် နေရာသို့ ခေါ်သွားခဲ့ပါသည်။ Andrew က ငြမ်းပင် မဆင်ခိုင်းပါ ။ ငြမ်းအဖွဲ့သားများအား အင်္ကျီ ချွတ်ခိုင်းကာ ဒါဏ်ရာ အနာတရ ရှိမရှိကြည့်ပါသည်။ အထူးသဖြင့် ဗိုက်ခွဲ ထားသည်လား ဆိုသည်ကို ကြည့် ခြင်း ဖြစ်ပါသည်။

ထို့နောက်တော့ ၁၆ ယောက်စလုံး အင်တာဗျုးအောင်သွားပါတော့သည်။ ထို့နောက် Andrew က ကျွန်တော့အား Dubai လိုက်ခဲ့ရန် ခေါ်ပါသေးသည်။ ကျွန်တော်လည်း သင်္ဘောကျင်း မှ အပြီးအပိုင်ထွက်ခဲ့ပြီ ဖြစ်ကြောင်း နှင့် ယခုမှာ အေဂျင်စီမှ အကူအညီ တောင်းသော ကြောင့် သင်တန်းပေးရခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။

ငြမ်း အင်တာဗျူး အောင်သော ညီလေး ၁၆ ယောက်က ကျွန်တော်ပြန်ကာနီးတွင် ကျွန်တော့အား ထိုင်ကန်တော့ ကြပါတော့သည်။ သူတို့ပြောပြသည်မှာ နိုင်ငံခြား တနေ့ ထွက်ရနိုး တနေ့ထွက်ရနိုး ဖြင့် အေဂျင်စီ သို့ ရောက်နေသည်မှာ ၁၀ လနီးပါး ကြာပြီ ဖြစ်ကြောင်း နှင့် ယခုမှ အင်တာဗျုးအောင်ကာ Dubai သို့ ထွက်ရတော့မည်သေချာ သွားကြကာ ဝမ်းသာနေကြခြင်း ဖြစ်ပါသည်။

ကျွန်တော်လည်း မိမိကာယ လုပ်အား အားရင်းကာ အခြားနိုင်ငံတွင် ပိုက်ဆံရှာရန် စိတ်အား ထက်သန်နေသော ညီငယ်များအား ကြည့်ကာ အတော်လေး စိတ်မကောင်း ဖြစ်သွားခဲ့ပါသည်။ အဘယ့်ကြောင့် ဆိုသော် သင်္ဘောကျင်း ငြမ်းအလုပ်သမား ဘဝမည်မျှ ခက်ခဲ ကြမ်းတမ်းကြောင်း ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ရပြီး ဖြစ်ပါသည်။

ထိုညီလေးများအား Dubai ရောက်လျင် မြန်မာ အချင်းချင်း စည်းလုံ ကြပါရန်သာ ပြောနိုင်ခဲ့ပါသည်။ ထို့နောက် ကျွန်တော်လည်း ငွေ ၁၆ သိန်းပိုက်ကာ အိမ်ပြန်ခဲ့ပါတော့သည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

19/01/2022 - Wednesday - 18;58 Pm

Sort:  

!PIZZA

!LOL

I asked my Mom why ADHD runs in our family.
She said because it won't sit still.

Credit: minopoly
@kachinhenry, I sent you an $LOLZ on behalf of @golden.future
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped suhlaing (x1)
naythan tipped kachinhenry (x1)
kachinhenry tipped lolzbot (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
htwegyi tipped kachinhenry (x1)
golden.future tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped ansoe (x1)
@kachinhenry(7/15) tipped @naythan (x1)
kachinhenry tipped johndieo (x1)

You can now send $PIZZA tips in Discord via tip.cc!

ဗဟုသုတ ရပါတယ် အကို !lol

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

ကျေးဇူးတင်ပါတယ်...!PIZZA

သံကုတင်ကနေ ကြမ်းပိုးကိုက်မခံရတော့ဘူးပေါ့ 😄

အဲတာတော့ အမှန်ပဲ ဗျို့...😀😀😀 !PIZZA

အော် သူရို့ခမျများ မရောက်သေးရှာတော့ စိတ်ကူးနဲ့ မြူးနေကြမှာပ။
!PIZZA
!LOL

My daughter thinks I don't give her enough privacy.
At least that's what she wrote in her diary.

Credit: henryglowz
@kachinhenry, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

ကျွန်တော်လည်း စင်္ကပူ စသွားတော့ အဲဒီ အတိုင်းပေါ့... စိတ်လှုပ်ရှား နေတာရယ် 😁😁 !PIZZA

နိုင်ငံခြားသွားရတာ လွယ်တယ်ထင်တာ ပိုက်ဆံများများရပြီး ဇိမ်ကျတယ်မှတ်တာ ကိုဟင့် ပိုလ့်​တွေ ဖတ်ရမှ နိုင်ငံခြားအ​တွေ့အကြုံ အစုံစုံနဲ့ တကယ်ကို ဗဟုသုတ​ဖြစ်​စေပါတယ်

ပိုက်ဆံကရသင့်သလောက်တော့ ရပါတယ် ဒါပေသိ ကိုယ့်ရဲ့ ငယ်ရွယ်မှု ခွန်အား တွေနဲ့ လဲယူခဲ့ရတာရယ် !PIZZA

အခန်းဆက် အများကြီးရေးနိုင်တာ တော်တယ် အကို
ဗဟုသုတတွေလဲ အများကြီးရလို့ ကျေးဇူးပါ
!PIZZA
!LOLZ
!LUV


@naythan(3/4) gave you LUV. H-E tools | connect | <><

It is raining so hard we may need an Ark
Luckily I Noah guy.

Credit: happyme
@kachinhenry, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/8)

ရေးစရာတော့ အများကြီးပဲကျန်သေးတယ်... အပိုင်း ၁၀၀ လောက်ရောက်မလားပဲ 😁😁😁 !PIZZA !LUV

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more