ကျွန်တော်ထင်သမျှ Torum ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ ယနေ့ cryptocurrency ဈေးကတော့ တဟုန်ထိုး ခုန်ချဆင်းသွားခဲ့ရာ ကျွန်တော်တို့ Hive လည်း ဘာခံနိုင်မည်နည်း။ လိုက်ပါကျဆင်းသွားရသည်ပေါ့။ တက်တုန်းတက်ပြီး ဆိုတော့ ပြန်ကျဖို့ပဲ ရှိတော့သည်ကိုး ။

Cryptocurrency ရှင်သန်ခြင်း သဘောတရားသာ ဖြစ်၍ သိပ်ပြီးတော့ ထူးထူခြားခြား မဖြစ်မိပါ။ ယခင်ကာလတုန်းကလည်း ဤကဲ့သို့ ဈေးကျခြင်းကို နှစ်နှင့်ချီ၍ ကြုံခဲ့ဘူးကြပြီး ဖြစ်ပါသည်။ ရှိစေတော့။

ကျွန်တော့ အနေဖြင့် Cryptocurrency နှင့်ပတ်သက်သော အကြောင်းအရာ အတော်များများ ရေးသားခဲ့ပြီးရာ အများအား ဖြင့် Steemit / Hive platform ကိုသာ အမှီပြု၍ ရေးသားခဲ့ပါသည်။

ယခု ကျွန်တော်တို့ ထံတွင် နောက်ထပ်စိတ်ဝင်စားစရာ Platform တခုထပ်ရနေပြီ ဖြစ်ပါသည်။ ထိုအရာမှာ Torum ဖြစ်၍ ကျွန်တော့ မိတ်ဆွေ အတော်များများ သိပြီး ဖြစ်ပါသည်။ Torum တွင် ကျွန်တော် လှန်လှော် ကြည့်ရာ မြန်မာ အကောင့် အတော်များများ တွေ့ရပါသည်။

၂၀၂၀ နိုဝင်ဘာ ကာလများတွင် ဝင်ရောက်လာကြသည်ကိုတွေ့ရပါသည်။ သို့သော် Airdrop ရှာဖွေသူများ ဖြစ်ဟန်တူပါသည်။ အသေအချာတော့မသိပါ။ Post မတင်ခြင်းနှင့် Followers နည်းသည်ကို ထောက်ရှု၍ ခန့်မှန်းမိခြင်း ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ Torum သည် အာရှတွင် အတော်လေး ရေပန်းစားလာနေပါသည်။ Cryptocurrency အကြောင်းအရာများအား နောက်ဆုံး update များ နှင့်အတူ Airdrop များ NTF များ Exchange site အကြောင်းများ တနေရာတည်းတွင် သိနိုင်သည်က အတော်လေးကို အဆင်ပြေပါသည်။

Torum တွင် ကျွန်တော် စိတ်အဝင်စားဆုံး အရာမှာ Xtorum Exchange site နှင့် Torum မှ ထွက်လာမည့် NFT များ ဖြစ်ပါသည်။ လောလောဆယ်တွင် ပြင်ဆင်သည့် အဆင့် စမ်းသပ်ဆဲ အဆင့်ဟု ဆိုသော်လည်း ကျွန်တော်က အတော်လေး သဘောကျနေမိပြီ ဖြစ်ပါသည်။

Torum သည် လောလော ဆယ်အခြေအနေတွင် Facebook လောက် Function မများသေးသော်လည်း Xtorum ထွက်လာပြီးနောက်ပိုင်းတွင်function အတော်လေး များလာမည့် သဘောဖြစ်ပါသည်။

Staking /mining pool / De-Fi / Gaming အစရှိသဖြင့် Torum တွင် ကျွန်တော်တို့ သိစရာ အတော်များများ ကျန်နေပါသေးသည်။ သေချာသည်ကတော့ နှောင်တွင် ကျွန်တော်တို့ Hive ထက် Torum ပေါ်သို့ ပိုရောက်လိမ့်မည်ဟု ထင်ပါသည်။

Henry Aung ( Kachin )

12/06/2021 - Saturday - 16;58 Pm

Sort:  

မြန်မာတွေများဆို မြန်မာလို ရေးတင်ရပါအုံးမည်။

ရေးရေး ဦးထွေး.... Torum က ပိုစ်တွေအရှည်ကြီးရေးစရာမလိုဘူး.

ဟုတ် ကိုဟင် ရေးရမှာပ

XTM mission reward က ကန့်သတ်ချက်အတိုင်းပဲ ရမယ် ထင်ပါ့။
Torum Platform ထဲကနေ အခြား Crypto အခွင့်အလမ်းတွေ နှိုက်ယူရမယ် ထင်ပါရဲ့ဗျာ။

!PIZZA

Connect

Trade


@kachinhenry! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Learn more about $PIZZA Token at hive.pizza (4/10)

Xtorum ကို မျှော်နေတာ.... သူတို့ Team ကလည်း အတော်တောင့်တယ်။

Troum ကိုတော့ သိပ်ပြီး မလေ့လာဖြစ်သေးဘူး။
ဖြည်းဖြည်းချင်းလေ့လာသင်ယူ လုပ်ဆောက်သွားပေါ့မယ်။

!PIZZA

Connect

Trade


@kachinhenry! I sent you a slice of $PIZZA on behalf of @myanmarkoko.

Learn more about $PIZZA Token at hive.pizza (2/20)

Torum လည်း ကောင်းပါတယ်.... လေ့လာသင့်တယ်။

မြန်မာအတော်များများတွေ့မိပေမယ့် Active ဖစ်တာမတွေ့မိဘူးဗျ

Airdrop ယူနေတဲ့ သူတွေဖြစ်မယ်။

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more