ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် 

in HIVE-MYANMAR2 months ago (edited)

မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် ခဏဆိုပြီးပျောက်သွားလိုက်သည်မှာ Hive ပေါ်သို့ တော်တော်နှင့် ပြန်မရောက်နိုင်ဖြစ်နေခဲ့ရပါသည်။ စင်္ကပူ သစ်ခွပန်းများ အကြောင်းရေးနေရင်း ထိုင်းနိုင်ငံ ဘန်ကောက်သို့ ထွက်သွားခဲ့ရပါသည်။ ဘန်ကောက်ရှိ ( ဘန်ကပီ ) ရပ်ကွက်တွင် တလခန့်ကျင်လည်ရင်း ယခုတော့ တတိယတနိုင်ငံသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။

ပြောရမည်ဆိုလျင် ကျွန်တော့ အတွက် မပြီးဆုံးနိုင်သေးသော ကျွန်တော်ပြောသော စင်္ကပူ အကြောင်းအရာများအပါအဝင် ဘန်ကောက် အတွေ့အကြုံသစ်များပါ ထည့်ရေးရတော့မည် ဖြစ်သလို စင်္ကပူအတွေ့အကြုံများကလည်း ယခင် 2017 ဝန်းကျင်နှင့် ယခုနောက်တခေါက် 2024 / 25 ဝန်းကျင် အတွေ့အကြုံ များလုံးဝကွဲပြာခြားနားသည်ကို တွေ့ခဲ့ရပါသည်။

စင်္ကပူသည် တရုပ်လက်အောက်သို့ လုံးလုံးလျားလျား မဟုတ်တောင် 80% ခန့် ကျရောက်နေပြီဟု ခံစားခဲ့ရပါသည်။ ကျွန်တော် တယောက်တည်း အမြင် နှင့် ခံစားချက် ဖြစ်ပါသည်။ အလျဉ်သင့်လျင်ဖေါ်ပြပေးပါမည်။ လက်ရှိအချိန်တွင်တော့ ကျွန်တော် ဖင်လန် နိုင်ငံ Rauma ဟူသော မြို့ကလေးသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ကျွန်တော့ မိသားစု ရှေ့ရေး အဓိကအားဖြင့် ခလေးများ ရှေ့ရေးနှင့် ပညာရေးအတွက် ဖင်လန် နိုင်ငံသို့ ထွက်ခွာ အခြေကျ နိုင်ရေးအတွက် ကြိုးစားခဲ့ရပုံများ ရေးသားရလျင်တော့ စာအုပ်တအုပ် ကောင်းကောင် ထုတ်၍ ရမည်ဟုထင်ပါသည်။ ရှိစေတော့။

Hive Platform ပေါ်တွင် ရေးသားစရာ အကြောင်းအရာများ နောက်တခုတိုးလာသည်ဟုသာမှတ်ရပါလိမ့်မည်။ Finland ( ဖင်လန် ) ကမ္ဘာတွင် အပျော်ရွှင်ဆုံးနိုင်ငံ / ကမ္ဘာတွင် ပညာရေးစနစ် အကောင်းဆုံးနိုင်ငံ ။ ဟုတ်ကဲ့ ။ ကျွန်တော် မသေခင် လူလိုသူလို နေထိုင်သွားချင်သလို သားသမီးများအားလည်း အကောင်းဆုံးသော ပညာရေး ပေးခဲ့ချင်သောကြောင့် ကျွန်တော်နှင့် မိသားစု ဤနေရာ ရောက်ရှိနေခြင်း ဖြစ်ပါသည်။ နေရာဒေသ အသစ်ဖြစ်သောကြောင့် အခြေကျရန် အချိန်ယူရအုံးမည်ဖြစ်သလို ကျွန်တော့ အနေဖြင့် Hive platform ပေါ်သို့ ယခင်လို ပုံမှန်တက်နိုင်ရန် မသေချာသေးပါ။

အနည်းဆုံး ၆ လ ခန့် အချိန်ယူပြီးလျင်တော့ ကျွန်တော်မျော်မှန်းထားသော အလုပ်လုပ် အားလပ်ချိန် စာရေး ဟူသော ဘဝအား ရရှိနိုင်မည်ဟုထင်ပါသည်။ ဘာပဲဖြစ်ဖြစ် Hive Platform တွင် မိတ်ဆွေတို့ Post များ မြင်နေရသေးသရွေ့ ကျွန်တော် အားတက်နေရပါသည်။ တကယ်ဆိုရလျင် ကျွန်တော်တို့ Blockchain Social Media ပေါ်သို့ ရောက်ရှိနေခဲ့သည်မှာ 2026 ခုနှစ်တွင် ၁၀ နှစ်ပြည့် ပြီဖြစ်ပါသည်။ မြန်မာပြည် ခေတ်ကာလ အခြေအနေကောင်းလျင်တော့ ယခင်လို တွေ့ဆုံပွဲများ လုပ်ဖြစ်ပါလိမ့်မည်။ ယခုတော့ အခြေအနေအရ အသက်ရှင်နေထိုင်ရန်အတွက်သာ ကြိုးစားရုံးကန်နေကြရအုံးမည် ဖြစ်ပါသည်။

Henry Aung ( Kachin )

02/05/2026 - Saturday 8:26 AM

Sort:  

အားကျမိပါဘိဗျာ။
!PIZZA
!HUG

PIZZA!

$PIZZA slices delivered:
@golden.future(1/10) tipped @kachinhenry

Please vote for pizza.witness!

ခေါ်အုံး 😄

ကိုဟင် မိသားစု ဘဝလေးပိုင်ဆိုင်နေပြီးပေါ့။
ကိုဟင့်စာတွေဖတ်ဖို့ မျှော်နေမိတယ်ဗျာ။
ယခုစာရေးနေရင်း ခေါင်းပေါ်မှာ တိုက်လေယာဉ်
ပျံသန်းသွားလေရဲ့

Fighting ကိုဟင်ရေ

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You distributed more than 30000 upvotes.
Your next target is to reach 31000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP