SPK Network နှင့် ပတ်သက်သမျှ ( Henry Aung )

in HIVE-MYANMAR2 years ago

111.jpeg

မင်္ဂလာပါ။ ယမန်နေ့က မပြီးပြတ်သေးသော SPK Network အကြောင်း ဆက်ပါအုံးမည်။ Cryptocurrency လောက တွင် Token ဖြန့်ဖြူးရာ၌ အများအား ဖြင့် token များအား ICO / IEO များခေါ်ကာ ဈေးပေါပေါဖြင့် ချရောင်းပေးခြင်းဖြင့် စတင်ကြပါသည်။ ထို့နောက် လိုအပ်သော Fund များရလာသော အခါ Project များ စတင်လုပ်ဆောင်ကြပါသည်။

ဤသို့ ပြုလုပ်ရာတွင် အများအားဖြင့် ဤ Project တွင် CEO က မည်သူမည်ဝါ Software Engineer ကမည်သူ Marketing Officer ကမည်သူ စသည်ဖြင့် ထိုသူများက token များအား အနည်းနှင့် အများခွဲတမ်းယူထားကြကာ ပိုသည့် Token များဖြင့် ICO ခေါ်ကြခြင်း ဖြစ်ပါသည်။

သို့သော် SPK Network သည် အဘယ့်ကြောင့် SPEAK token များအား သူတို့ ကိုယ်တိုင် mining လုပ် ထုတ်ယူထားနိုင်ပါလျက်နှင့် အဘယ့်ကြောင့် Hive Community အား ရွေးချယ်ရပါသနည်း။ အဖြေမှာ Hive Platform သည် လုံးဝလွတ်လပ်သော Blockchain ထိန်းချုပ်သူမရှိ CEO မရှိ Manager မရှိ Community များဖြင့် လည်ပတ်နေသော တခုတည်းသော Blockchain ဖြစ်သောကြောင့် ဖြစ်ပါသည်။

အမှန်တော့ ဤ SPK Network ဆိုသည်မှာ ပြင်ပအဖွဲ့အစည်းက လာ၍ လုပ်နေကြသည်မဟုတ်ပါ။ Hive Platform မှ Community များက ဤ Project ကိုလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Mining လုပ်၍ token ထုတ်ယူရသည့်တိုင် ပြင်ပမှ ဝင်ရောက် Mining လုပ်ခွင့် ပေးမထားပါ။ Hive Power ကိုင်ဆောင် ထားသူတို့အားသာ LARYNX mining token Airdrop ချပေးခြင်း ဖြစ်ပါသည်။

ဤ Airdrop တွင် အခြားသူများ အတွက် ပြသနာမရှိသော်လည်း ကျွန်တော်တို့ ကဲ့သို့သော မြန်မာနိုင်ငံသား များအဖို့တော့ ပြသနာရှိပါသည်။ Mining လုပ်သည်မှာ Desktop Computer / CPU / GPU ကောင်းကောင်း ဖြင့် mining လုပ်လျင် ကိစ္စမရှိသော်လည်း သာမန် Laptop/ PC ဖြင့် Mining လုပ်လျင် CPU အား 100% အလုပ်လုပ်စေသောကြောင့် Computer အပူလွန်ကာ ပျက်စီးတတ်ခြင်း ဖြစ်ပါသည်။

ထို့ ကြောင့် ကျွန်တော်တို့က ရော့ .... အင့် ဟူသော ဇွန်းနှင့် ခူးခပ်ကျွေးသော Airdrop ကို ပို၍ သဘောကျပါသည်။ တခုရှိသည်မှာ Airdrop ရထားသော LARYNX mining token များအား အခြားသူများထံ ရောင်းချနိုင်သလော ဟူ၍ တွေးမိပါသည်။ သို့သော်လည်း White Paper တွင်တော့ Mining token များဈေးကွက် တင်ရောင်းချနိုင်သည်ဟုတော့ ဖေါ်ပြမထားပါ။

ထို့ကြောင့် ကျွန်တော်တို့ကတော့ mining မလုပ်နိုင်လျင် SPEAK token အား Hive ဖြင့် ဝယ်ယူရန်သာ ရှိပါတော့သည်။ အမှန်တော့ ဤ SPK Network မှာ အလွန်ကောင်းမွန်သော Project ဖြစ်သလို SPK Network အသက်ဝင်လာသည်နှင့် Peerplays DEX ဟူသော Decentralised Exchange Site တခုလည်း အသက်ဝင်လာမည် ဖြစ်ပါသည်။

ထို Exchange Site သည် လက်ရှိအချိန်တွင် Alpha အဆင့်တွင်သာ ရှိသေး၍ အများပြည်သူများအား ပေးသုံးကာ အားနည်းချက်များ ရှာနေချိန်ဖြစ်ပါသည်။ ဤ PeerPlays DEX သည်လည်း Hive Community မှ အကောင်ထည်ဖေါ်နေခြင်း ဖြစ်ပါသည်။

ဤ Exchange Site အသက်ဝင်လာလျင် မိမိတို့ Hive / HBD များအား ပြင်ပတွင် သွားရောင်းနေစရာ မလိုတော့ပါ။ Hive / SPEAK / BROCA / SPK မှ နောက်ထပ်ထွက်လာမည့် NFT များအားလုံး တနေရာထဲတွင် အခြားသော Cryptocurrency များနှင့် ဝယ်ရောင်းနိုင်မည် ဖြစ်ပါသည်။

SPK Network တွင် အရေးကြီးသည်မှာ SP ဖြစ်ပါသည်။ ( Steem Power မဟုတ်ပါ SPEAK Power ဖြစ်ပါသည်။ ) မိမိတွင် SP ရှိထားသလောက် BROCA gas token ရရှိမည် ဖြစ်ပါသည်။ SPK Network တွင် လုပ်ဆောင်သမျှအားလုံး BROCA gas token ဖြင့် fee ပေးရမည် ဖြစ်ပါသည်။

ဤ BROCA gas token သည်လည်း ဈေးကွက်တွင် ဝယ်ရောင်း နိုင်မည် ဖြစ်ပါသည်။ အလွယ်ကူဆုံး ဥပမာ ပေးရလျင် SP သည် HP နှင့် ဆင်တူကာ BROCA gas token သည် RC ဖြစ်ပါသည်။ Hive Platform တွင် RC မရှိလျင်ဘားမျှလုပ်မရပါ။ RC လိုချင်လျင် Hive Power up မှ ရပါသည်။ RC အား ရောင်းစား၍ မရပါ။

ယခု SPK Network တွင် SPEAK Power အရေးကြီသလို SP ရှိသလောက် BROCA gas token လည်း ရရှိမည် ဖြစ်ပါသည်။ အကယ်၍ မိတ်ဆွေသည် SP မရှိထားပါ။ သို့သော် SPK Network ၏ လုပ်ဆောင်မှုများအား ပါဝင်ပတ်သက်လိုသည်ဆိုလျင် ဈေးကွက်အတွင်းရှိ BROCA gas token ဝယ်ယူ၍ လုပ်ဆောင်နိုင်ပါသည်။

ဤတွင် မိတ်ဆွေအနေဖြင့် မေးစရာတခုရှိလာပါသည်။ SP တို့ BROCA တို့ ရှိနေမှ ဖြင့် Hive Power သည် အသုံးလိုပါသေးသလော ဟူ၍။ မိတ်ဆွေ မှတ်ထားရမည်မှာ SPK Network သည် Hive Blockchain အားအမှီပြု၍ ထွက်လာသော Project တခုသာ ဖြစ်ပါသည်။

ဆိုလိုသည်မှာ Hive Blockchain မှ Hive Engine ထွက်လာသည်။ Hive Blockchain မှ Leofinance ထွက်လာသည် Ecency ထွက်လာသည် ဆိုသကဲ့သို့သာ ဖြစ်ပါသည်။ Hive Blockchain ရှိနေသေးသ၍ Hive Blockchain ၏ အသက်သည် Hive Power သာ ဖြစ်ပါသည်။

ဤ SPK Network တွင်လည်း Mining token Airdrop ချပေး၍သာ ကျွန်တော်တို့ အခွင့် အရေး လက်လွတ်သွားရခြင်း ဖြစ်ပါသည်။ တကယ်ဆိုလျင် ခေတ်ကောင်းနေလျင်တော့ ပိုက်ဆံ ၁၅ /၂၀ သိန်းလောက်ရင်းကာ Desktop Computer ကောင်းကောင်း တလုံး ကောက်ဆင်ကာ mining လုပ်မိမည် ဖြစ်ပါသည်။

ယခုတော့ ကမကလ မြေနိုး ကြင်စိုးကြောင့် ထမင်းနပ်မှန်အောင် ကြိုးစားနေရသည့်အပြင် လျပ်စစ်မီးက မလာတရက် ပျက်တရက်။
ဒင်းအကြောင်းပြောရသည်မှာ အကုသိုလ်များပါသည်။ SPK Network အကြောင်း ဆက်ကြပါအုံးစို့။

ဆိုတော့ SPEAK token mining လုပ်ယူရန်အတွက် လာမည် ဇန်နဝါရီ ၆ ရက်နေ့ည တွင် မိမိတို့ Hive Power များအား Snapshot ယူမည် ဖြစ်ကာ ရက် ၉၀ အတွင်း LARYNX mining token Airdrop ချပေးသွားမည် ဖြစ်ပါသည်။ LARYNX mining token ထုတ်ယူရန် နေရာမှာ SPK Desktop App တွင် မိမိ Hive အကောင့်ဖြင့် ထုတ်ယူရမည် ဖြစ်ပါသည်။

SPK Desktop App link အား အောက်တွင် ဖေါ်ပြပေးထားပါသည်။ Mining လုပ်နည်းကတော့ Airdrop ရပြီးမှ ကိုယ်တိုင်လုပ်ကြည့်ကာ ဖေါ်ပြပေးပါမည်။ SPK Network အသက်ဝင်လာသည်နှင့် Hive Platform သည် အရာရာပြောင်းလည်း သွားတော့မည့် အနေအထားဖြစ်ပါသည်။

မိတ်ဆွေတို့ မေးကြသည်မှာ ဤ SPK Network အတွက် မည်သို့ ပြင်ဆင်ထားသင့်သနည်း။ ဟုတ်ကဲ့ Mining မလုပ်နိုင်သူများကတော့ မိမိတို့ နေ့စဉ် ရရှိသော HBD များအား Saving သို့ မပို့ပဲ စုထားကြရန်သာ ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း Saving ထဲမှ HBD များအား ပြန်ထုတ်ယူထားရန် ပြင်ဆင်နေပြီ ဖြစ်ပါသည်။ လိုအပ်လျင် SPEAK token ဝယ်ယူရန် အတွက် ဖြစ်ပါသည်။

မနက်ဖြန်တွင် Hive Platform မှ ထွက်လာမည် ဖြစ်သော နာမည်ကြီးနေသည့် Game / Hive Power ရှိထားသူတို့ ထို Game မှ ထုတ်မည့် NFT များ Airdrop ရနိုင်သည့် အကြောင်း ဖေါ်ပြပေးပါမည်။

Peerplays DEX အား လေ့လာရန်

SPK Network Light Paper အားဖတ်ရှုရန်

SPK Desktop App ရယူရန်

Henry Aung ( Kachin )

04/01/2022 - Tuesday - 18;17 Pm

Sort:  

Hp 2000 ရှိသူဆိုရင် MINING airdrop tokenကလည်း ၂၀၀၀ ရသဘောပေါ့နော။
အဲ့ ၂၀၀၀ mining လုပ်လိုကုန်ရင် ဆက်လုပ်လို့ရရင် ကောင်းမယ်လို့။!PIZZA !LOL

OH NO!
You are out of jokes for the day!

@sheinthu you can call @lolzbot a maximum of 4 times per day.
Level up by buying more $LOLZ so you can share more jokes per day!

အဲသလိုရမယ်ထင်တာပဲ... ဒါမှမဟုတ် ခွဲတမ်းနဲ့ ရမလား.. လစဉ် ရမလား တခုခုပဲ 😁😁😁 !LOL. !PIZZA

Do you know where you can get chicken broth in bulk?
The stock market.

@sheinthu, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (8/10)

အင်း...
GPU ပြန်လုပ်ရတော့မလိုဖြစ်နေပြီ 😁

စိတ်ဝင်စားတယ် ဆိုရင်တော့ လုပ်ထားလိုက်တော့။ !PIZZA. !LOL

What do you call a fish wearing a bowtie?
Sofishticated.

@johndieo, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/10)

သေချာလုံးစေ့ ပတ်စေ့ နားမလည်သော်လည်း ကောင်းလာပါစေကြောင်း ဆုတောင်းနေပါ၏ 😄

အကောင်းဆုံး ဖြစ်လာပါလိမ့်မယ်။ !PIZZA. !LOL

I swapped our double bed for a trampoline without telling my wife.
She really hit the roof!

@ansoe, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/10)

Hive ကတော့ Blockchain ထဲမှာ အလွတ်လပ်ဆုံးပဲ
သူ့အသိုင်းအဝိုင်းအတွက်တော့ အရမ်းကောင်းတယ်
SPK ကလဲ project ကောင်းဆိုတော့ hive အတွက် အတတ်ဖတ်မှာပဲ
"HIVE to the Moon"
!PIZZA
!LOLZ
!LUV

What rock band has a huge ghost following?
The Boo Boo Dolls.

@kachinhenry, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/10)


@naythan(1/3) gave you LUV. H-E tools | connect | <><

Social Media Blockchain ထဲမှာတော့ Hive ကို မှီတဲ့ Blockchain မရှိသေးဘူး။ !PIZZA. !LOL

Scrabble
It’s all fun and games until someone loses an I.

@naythan, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (9/10)

ဝိုး အရမ်းမိုက်တာပေါ့ ဆာဟင်။ အခုပဲသွားပြီး
Speak Desktop App ကိုဖွင့်လိုက်မယ်။
Mining ကတော့ တစ်ခါမှ မလုပ်ဖူး။
ဆာဟင်ပြောပြပေးတာကိုပဲ လိုက်လုပ်ရမှာဗျ။

img_0.5284407815741804.jpg

Accout ဖွင့်တာ Gmail နဲ့ပဲဖွင့်လို့ရတာ။ Hive Acc နဲ့ဘယ်လိုချိတ်ရတာလဲ။
ကူညီပါဦး😁

!PIZZA

!LOL

I'm so good at sleeping
I can do it with my eyes closed.

@kachinhenry, I sent you an $LOLZ on behalf of @myanmarkoko
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)

နောက်မှ ပုံနဲ့ တကွ ဖေါ်ပြပေးမယ် ညီ..!PIZZA. !LOL

I have an Elton John joke.
It's a little bit funny.

@myanmarkoko, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/10)

ဟုတ် ကျေးဇူးအထူးပါ ဆာဟင်

!PIZZA

!LOL

Why should you never brush your teeth with your left hand?
A toothbrush works much better.

@kachinhenry, I sent you an $LOLZ on behalf of @myanmarkoko
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

Saving ထဲက HBD တွေ ထုတ်ထားလိုက်ရတော့ မလားဗျ
!PIZZA

ကိုဟင်လည်း စဉ်းစားနေတာ... ထုတ်ထားရင် ကောင်းမလားလို့... Hive Engine ထဲကဟာတွေပါ ရောင်းထုတ်ပြစ်မလားလို့...😁😁😁 !LOL. !PIZZA

I just can't believe I forgot to go to the Gym again yesterday.
That's six years in a row now.

@donjaun, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (10/10)

ဝမ်းသာ ၈၀/ ဝမ်းနည်း ၂၀ ကို ဖြစ်ရော။
အခြေအနေကြည့် လှုပ်ရှားရမည်ပါ့။
!PIZZA

အဲသလို လုပ်ရမလို ဖြစ်နေပြီ။ Mining token ရလာရင် တမျိုးကြံကြသေးတာပေါ့။ !PIZZA. !LOL

Ever seen a blacksmith join two metal sheets?
It's riveting

@golden.future, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/10)

အမလေး အမလေး ကျူရှင်ယူမှရ‌ေတာ့မယ်။ ဖတ်ကြည့်ပြီး သိသလိုလို မသိသလိုလို နားလည်သလိုလို မလည်သလိုလို မမဆောင်းဖြစ်နေတယ်။ နှစ်ဆတိုးပြီး လေ့လာမှဖြစ်‌ေတာ့မယ်။ ခုတောင် တော်‌ေတာ်ပြတ်ကျန်ခဲ့ပြီ။

ကျနော်တို့က ကိုကိုဆောင်းဖြစ်နေပီ မနွဲ့😂။!PIZZA

ဟုတ်ပါ့နော်။

ဝိုင်း ကျူရှင်သင်ပေးမယ်လေ...တဝိုင်း ကို Hive ဘယ်လောက်ဆိုပြီး😁😁😁 !LOL. !PIZZA

What did the hotdog say to the bun?
Listen buddy, i'm going to be frank with you.

@nweoomon, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/10)

ဟီး ရှိတဲ့ hive လေးကုန်တော့မှာပဲ။😁😁😁

လင့်‌ေတွဝင်မကြည့်တော့ပါဘူး ကိုဟင် ရေးထားတာနဲ့တင်
ပြည့်စုံနေပါပြီ၊ HBD တွေပြန်ထုတ်ထားအုံးမှ
အဟဲ HBD တွေတဲ့။
!PIZZA
!LOL

What is a birds favorite thing to watch in tv?
A duckumentary.

@kachinhenry, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/8)

ကိုဟင်လည်း HBD တွေ ပြန်ထုတ်ထားဖို့ လုပ်နေတယ်။ !PIZZA. !LOL

It doesn't matter if my wife tells me I'm not mature
I'm not going to let her enter my tree house without the right password

@htwegyi, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/10)

crypto နဲ့ပတ်သက်ပြီးတော်တော်များများ လေ့လာထားရဲ့နဲ့တောင် လည်ထွက်ကုန်လို့ 😂ခု၃ခေါက်တိတိ ပြန်ဖတ်ပြီးသောအခါ နည်းနည်း နားလည်သဘောပေါက်သလိုရှိ😅HBD နဲ့ဝယ်ရမယ့်အချိန်ရောက်ရင် လုပ်ပုံလုပ်နည်း အသေးစိပ်ကို photo လေးတွေနဲ့တကွ postတင်ပေးပါရန် ရှင့် 😊 Thanks!

ကောင်းပါပြီ ... mining လုပ်ပုံ လုပ်နည်း ပုံနှင့်တကွ တင်ပေးပါ့မယ်။ !PIZZA

Thank you for sharing! Mining အတွက် ပီစီလိုအပ်ချက်လေးတွေ လေ့လာကြည့်ပါမယ်။
!BEER
!PIZZA

အကောင်းဆုံးပါ... အရင်က PC နဲ့ mining လုပ်ဖူးတယ်... မတရားပူလာလို့ ပြန်ဖျက်လိုက်ရတယ်။ gas fee တွေရှုံးသွားတယ်။ !PIZZA

ALIVE တုံကင်သဘောလိုနေမယ်ထင်တယ်
Hive မှာ ပိုစ့်တင်လိုက်တာ သူ့ဆီရောက်သွားတယ် ။ သူ့ဆီကဘုပ်ပေးတဲ့သူတွေကလည်း သူ့တို့မှာရှိတဲ့ hp ပါဝါအတိုင်း hive ဖက်မှာလည်းတက် ALIVE မှာလည်းတက် တယ် နှစ်သီးစားရသလိုပေါ့ ။ ဒါပေ့မယ့် hive မှာပါဝါရှိသလောက် ALIVE ပါဝါချမပေးဘူ 0 ပါဝါကနေစရတာ နှစ်ပို့လောက်တင်ပြီးရင်တော့. 0.100 ပါဝါနှစ်ခါ ပို့ပေးတယ် ပေါင်း.0.200 ALIVE ပါဝါ အလကားရတာပေါ့

အမှန်တော့ ALIVE မှမဟုတ်ပါဘူး။ Leo / CCC / POB / Archon/ Hivelist ... စတာတွေလည်း Hive ရဲ့ layer 2 blog တွေပါ ... အခု SPK က layer 2 မဟုတ်တဲ့ Main Blockchain တခုပါ။ !PIZZA

Loading...

ဒီလိုသတင်းကောင်းက ထမင်းမစားပဲ ဝ သွားပီဗျို့ ။ !LOL

I didn't sign up for the company 401k.
I don't think I can run that far.

@kachinhenry, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

ဟုတ်ကဲ့ကိုဟင် sav ထားတာလေးတွေ ပြန်ထုတ်ထားပီး အဆင်သင့်စောင့်နေပါတယ်ဗျ။ :D !LOL
!PIZZA

Job interviewer: Where do you see yourself in 5 years?
Me: I would say my biggest weakness is listening.

@kachinhenry, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/8)