Last island of survival (Part-21)

in HIVE-MYANMAR4 years ago

IMG_5385.jpg
ဒီကြားထဲဂိမ်းအကြောင်းလေးနည်းနည်းလောက်အဆက်ပြတ်သွားတာနဲ့ရေးလက်စလေးတွေတောင်နည်းနည်းမေ့တေ့တေ့ဖြစ်သွားပါတော့တယ်။ရေးနေကျအကြောင်းလေးဆက်ရေးပါတော့မယ်။

Airdrop ကရတ့ပြစ္စည်းတွေထဲကနေမှလက်ပစ်ဗုံးကိုလက်နဲ့ပစ်စရာမလိုပဲသေနတ်နဲ့ပစ်လို့ရမဲ့လက်ပစ်ဗုံးပစ်လို့ရမယ့်သေနတ်တစ်လက်ကတော့ရှိနေပြန်ပါသေးတယ်။လက်နဲ့ပစ်တာထက်စာရင်တော့ပိုဝေးဝေးရောက်တယ်လို့တော့ခံစားမိပါတယ်။

Grenade Lancher ပဲဖြစ်ပါတယ်။ဒီကောင်ရဲ့ထိပ်ဖူး Lancher ကတော့ Airdrop တစ်မျိုးထဲကပဲရနိုင်တာမလို့ရှားပါတးတယ်လို့ပြောလို့ရပါတယ်။တစ်ခါတစ်လေ ကိုယ် Raid တဲ့အိမ်ထဲလှမ်းပစ်ထည့်ချင်တဲ့အခါမျိုးကျရင်တော့ ဒီ Grenade lancher ကိုသုံးပေးရပါတယ်။Beast bazooka ကတော့ အတည့်ပဲပစ်လို့ရပါတယ်။

ဒီကောင်လေးကတော့ဗုံးပစ်သလိုလေးဖြစ်တဲ့အတွက် ရန်သူ့အိမ်ထဲကိုလှမ်းပစ်ထည့်လို့ကောင်းတဲ့ကောင်လေးဆိုလဲမမှားဘူးပေါ့ဗျာ။Grenade lancher ပြုလုပ်ဖို့ဆိုရင် Airdrop မှ ရမဲ့ Lancher ထိပ်ဖူးတစ်ခု၊Steel bar 50 ခု၊ Metal barrel 6ခုနဲ့ Torsion spring 5 ခုလိုအပ်ပါတယ်။

သူ့ကိုသုံးရမဲ့ကျည်ဆံကတော့ Grenade ပဲဖြစ်ပါတယ်။Lancher သေနတ်တွေနဲ့တွဲသုံးရတဲ့ဟာတွေမှန်သမျှစျေးကြီးတယ်လို့ပြောလို့ရပါတယ်။Grenade ကျည်လုပ်ဖို့ဆိုရင် Explosive 3ခုနဲ့ Torsion spring 1 ခုလိုအပ်ပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ Explosive သုံးရတိုင်းစျေးကြီးတယ်လို့သတ်မှတ်ပါတယ် ။Explosive အမှုန့်ရဖို့ထပ်ခါထပ်ခါပြုလုပ်ရလို့ပါပဲ။

@mgzayyar

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here