မပြီးသေးသော ဇာတ်လမ်း

in HIVE-MYANMARlast year

FTX ရဲ့ ၂၀၂၁ခုနှစ် တတိယ၃လပတ် ဝင်ငွေတွေကို အကောက်လေး ဝိုက်သွားတယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။ ဒီသတင်းကို အတည်ပြုပေးလိုက်တာကတော့ The Wall Street Journal ဖြစ်ပြီးတော့ SBF ဟာ ဒီငွေတွေကို Binance ဆီကနေ stake တွေ ပြန်ဝယ်မယ့်နေရာတွေမှာ အသုံးပြုမှာဖြစ်ကြောင်း ရှယ်ယာရှင်တွေကို ပြောခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီငွေတွေဟာ ဘယ်ရောက်လို့ရောက်သွားမှန်းမသိဖြစ်နေပါတယ်။

အခု FTX ကို တရားရုံးက စစ်ဆေးမှ သိရတဲ့အချက်တွေအရ FTX ဟာ တကယ်ကို ဖြစ်ချင်တိုင်းဖြစ်နေခဲ့တဲ့အနေအထားမှာ ရှိနေပြီးတော့ အထက်လူကြီးတွေကနေ ငွေအသုံးပြုဖို့ ခွင့်ပြုချက်ပေးတဲ့အခါမှာလည်း လုပ်ရိုးလုပ်စဉ်မျိုးဖြစ်တဲ့ email ပို့ပြီး အဆက်အသွယ်လုပ်တာမဟုတ်ဘဲ ပုံမှန် social media chat တွေကနေပဲ emoji တွေနဲ့ message ပို့ပြီး ပေါ့ပျက်ပျက် လုပ်ထားတာကို တွေ့ရပါတယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းကြီးတစ်ခုအတွက် လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ သူတို့ဟာ Top10 စာရင်းဝင် cryptocurrency exchange ကြီးတစ်ခုကို ကိုင်တွယ်နေကြရတာဖြစ်ပြီး သာမန်ညောင်ညလုပ်ငန်းငယ်လေးတစ်ခုကို ကိုင်တွယ်သလိုမျိုးကို ကိုင်တွယ်ထားခဲ့ပါတယ်။

နောက်တစ်ချက်က FTX ရဲ့ လုပ်ငန်းပိုင်းဆုံးဖြတ်ချက်တွေဟာ online chat တွေကနေတဆင့် လုပ်သွားတာဖြစ်တယ်ဆိုတာပါပဲ။ ဒီ chat message တွေကို အချိန်တစ်ခုအကြာမှာ auto-delete လုပ်ပေးတဲ့ function တွေကိုလည်း အသုံးပြုထားခဲ့တာကြောင့် ဆုံးဖြတ်ချက်တွေကို ဘာလို့ချခဲ့တယ်၊ ဘယ်အချက်တွေကို ဘယ်လိုစဉ်းစားပြီး ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြန်ကြည့်လို့မရတော့ပါဘူး။ ဒီလိုမျိုး auto-delete message တွေကိုလည်း SBF ဖက်က စသုံးခဲ့တာဖြစ်ပြီးတော့ ဝန်ထမ်းတွေကိုလည်း ဒီပုံစံအတိုင်းကျင့်သုံးကြဖို့ အားပေးခဲ့ကြောင်း ဆိုထားပါတယ်။

FTX ကနေ လုပ်ငန်းပိုင်ငွေတွေကို FTX နဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေဆီ ငွေချေးပေးတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အခြေခံအားဖြင့် Alameda Research ကို ငွေချေးမှတ်တမ်း၃ခု၊ SBF ကို $1 billion၊ FTX Director တစ်ယောက်ဖြစ်တဲ့ Nishad Singh ကို $543 million နဲ့ FTX Digital Market CEO Ryan Salame တို့ကို $55 million ထုတ်ပေးထားတာတွေကို တွေ့ရှိရပြီးတော့ ဒီငွေတွေကို ပြန်ပေးခဲ့၊ မပေးခဲ့ဆိုတာကိုလည်း မှတ်တမ်းမှတ်ရာက သေချာမရှိပါဘူး။

ဒီလိုငွေထုတ်ပေးတဲ့ကိစ္စတွေမှာတင်မကပါဘူး။ FTX ဟာ သူတို့ရဲ့ ငွေအဝင်အထွက်တွေမှာပါ စီမံခန့်ခွဲမှု မနိုင်နင်းခဲ့တဲ့သဘောရှိပါတယ်။ FTX ဟာ ဘယ်သူ့တွေကို ဘယ်လောက်ပေးထားတယ်၊ သူတို့ရဲ့ ပိုက်ဆံတွေကို ဘယ်မှာဘယ်လောက်သိမ်းဆည်းထားတယ်ဆိုတဲ့ ကိစ္စတွေကို ဂဃနဏမသိကြဘူးလို့ အခု FTX CEO အသစ် ကလည်း ဆိုထားပါတယ်။

နောက်တစ်ချက်ကတော့ တော်တော်များတယ်ပြောရပါမယ်။ FTX ရဲ့ ခေါင်းဆောင်ပိုင်းတွေဟာ လုပ်ငန်းပိုင်ငွေတွေနဲ့ အိမ်တွေဝယ်၊ ပစ္စည်းတွေဝယ်ပြီးတော့ သူတို့နာမည်နဲ့ ထားတဲ့ကိစ္စပါပဲ။
ဒီငွေကြေးတွေဟာ ချေးငွေအနေနဲ့ပေးလိုက်တာမျိုးလည်း မဟုတ်သလို သူတို့ခံစားခွင့်ရှိတဲ့ ပုဂ္ဂလိကအကျိုးအမြတ်တွေလည်း မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီငွေကြေးတွေကိုအသုံးပြုပြီး အချို့သောဝန်ထမ်းတွေနဲ့ အကြံပေးပုဂ္ဂိုလ်တွေအတွက် အိမ်တွေ၊ ပစ္စည်းတွေ ဝယ်ခဲ့ပြီး သူတို့နာမည်နဲ့ထားပေးတယ်ဆိုတာကတော့ တကယ်ကို မဖြစ်သင့်တဲ့ကိစ္စပါ။

အခုတော့ ဒီကိစ္စတွေဟာ တရားရုံးမှာ ဘူးပေါ်သလိုပေါ်လာခဲ့ပြီး လူတွေဟာလည်း Centralized Exchange တွေအပေါ် ယုံကြည်မှုလျော့နည်းလာကြပြီးတော့ CEX တွေထဲမှာ ထည့်ထားတဲ့ သူတို့ရဲ့ ပိုက်ဆံတွေကို ပြန်ထုတ်နှုန်းတွေ မြင့်တက်လာပါတယ်။ ကျနော်တို့အနေနဲ့လည်း exchange တွေကို exchange တွေလိုသာ သုံးစေချင်ပါတယ်။ Trading အတွက်သုံးမယ့်ပမာဏကိုပဲ exchange ထဲမှာ ထည့်ထားပြီးတော့ စုထားမယ့် crypto တွေကို hardware wallet သက်သက်ဝယ်ပြီး သိမ်းထားဖို့ အကြံပြုလိုပါတယ်။

တကယ်လို့ hardware wallet လည်း ဝယ်ချင်တယ်၊ ဘယ်မှာ ဝယ်ရမှန်းလည်း မသိဘူးဆိုရင်တော့ ကျနော်တို့ဆီမှာ လက်ကျန် Safepal S1 wallet stock အနည်းငယ် ရှိပါသေးတယ်။ https://t.me/Christophiaz ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

Reference Links: https://www.businesstoday.in/crypto/token/story/expenses-approved-on-chat-via-emoji-understanding-the-ftx-bankruptcy-filings-353371-2022-11-18
https://watcher.guru/news/sam-bankman-fried-took-300-million-of-ftxs-2021-funding-round
https://twitter.com/WatcherGuru

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=M6QMGN5I

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  

ရှင်းပြထားတာ အရမ်းကောင်းပါတယ်ကို။
ကျေးဇူးပါဗျ