ရုရှားသမ္မတ ပူတင်ဟာ blockchain အခြေပြု ငွေပေးချေမှုစနစ်တစ်ရပ်ကို အကောင်အထည်ဖော်ချင်နေကြောင်း Artificial Intelligence Journey 2022 ပွဲ ရဲ့ မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့ပါတယ်။
နိုင်ငံခြားသားတွေရေးဆွဲထားတဲ့ ငွေပေးချေမှုစည်းကမ်းတွေအတိုင်း လိုက်လုပ်စရာမလိုတဲ့အချက်ဟာ အဓိက အားသာချက်တစ်ခုဖြစ်လာနိုင်ပြီးတော့ Artificial Intelligence တို့လိုမျိုး အခြားသော နည်းပညာတွေနဲ့သာ ပေါင်းစပ်လိုက်မယ်ဆိုရင် blockchain နည်းပညာဟာ ပိုပြီးအသုံးဝင်လာမယ်လို့ ဆိုပါတယ်။
အဓိကကတော့ ပူတင်ဟာ အနောက်အုပ်စုရဲ့ sanction တွေကို ရှောင်ဖို့အတွက် blockchain နည်းပညာတွေကို စိတ်ဝင်စားနေတာဖြစ်ပြီးတော့ သူကိုယ်တိုင်လည်း cryptocurrency တွေနဲ့ blockchain နည်းပညာတွေဟာ နိုင်ငံတကာငွေပေးချေမှုစနစ်တစ်ခုဖန်တီးရာမှာ အသုံးပြုနိုင်တဲ့ နည်းပညာတွေဖြစ်တဲ့အပြင် user တွေအတွက်လည်း စိတ်ချလုံခြုံစေနိုင်ပြီးတော့ ဘဏ်တွေနဲ့ အခြားနိုင်ငံတွေအပေါ်မှာလည်း မှီခိုနေစရာလိုတော့မှာ မဟုတ်ကြောင်း ပြောသွားပေမယ့် နိုင်ငံပိုင် blockchain အခြေပြု ငွေပေးချေမှုစနစ်နဲ့ ပတ်သက်တဲ့ plan တွေကိုတော့ ထည့်ပြောသွားခဲ့ခြင်း မရှိပါဘူး။
ရုရှားဟာ အနောက်အုပ်စုရဲ့ sanction တွေ တပြုံတမကြီးနဲ့ ရင်ဆိုင်ခဲ့ရတည်းက cryptocurrency တွေကို တဖြည်းဖြည်း အရေးပေးလာနေပေမယ့် အစိုးရလက်အောက်ကနေပဲ ဥပဒေအမျိုးမျိုးနဲ့ ထိန်းချုပ်သွားမယ့် ပုံစံမျိုးရှိနေပါတယ်။ အခု ပြောသွားခဲ့တဲ့ blockchain payment system မှာဆိုရင်လည်း node တွေကို ဘယ်သူကကိုင်ထားမှာလဲဆိုတာ မေးစရာရှိပြီးတော့ အစိုးရကပဲ ကိုင်ထားမယ်ဆိုရင်တော့ ဒုံရင်းကဒုံရင်းပဲဖြစ်နေဦးမှာပါ။
Reference Link: https://cryptopotato.com/russias-president-envisions-a-global-payments-system-with-blockchain-technology/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=M6QMGN5I
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL
Congratulations @myancrypto! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 2250 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Check out the last post from @hivebuzz:
Support the HiveBuzz project. Vote for our proposal!