သူ့ဘဝ သူ့အကြောင်း / His Life His Experience part - 3 (သိမ်း)

in HIVE-MYANMAR3 years ago

သူ့ဘဝ သူ့အကြောင်း / His Life
His Experience အပိုင်း - 1 နဲ့ 2 ကိုတင်ပေးခဲ့ပါ
သည်။ သူ့ဘဝသူ့အကြောင်းကို အပိုင်း - ၃ ပိုင်းထိ
ရေးသားပါမည်။

အပိုင်း - 1 မဖတ်ရသေးလျှင်
အောက်ပါလင်ခ့်မှ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

သူ့ဘဝ သူအကြောင်း / His Life
His Experience အပိုင်း - 1

အပိုင်း - 2 မဖတ်ရသေးလျှင်
အောက်ပါလင်ခ့်မှ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

သူ့ဘဝ သူအကြောင်း / His Life
His Experience အပိုင်း - 2

ထိုအတောင် ၅၀၀ နက်သောတွင်းထဲသို့ ပြန်
ဆင်းကာ ပေါက်ကွဲ၍ တစ်စစီဖြစ်နေသော မြေတုံး
မြေခဲ၊ ကျောက်တုံးကျောက်ခဲများကိုယူကာ ရွှေကျင်
ခြင်းများကို ဆက်လက်လုပ်ဆောင်ကြရသည်။

အပိုင်း - ၃ (သိမ်း)

အလွန်အန္တရယ်များသော လုပ်ငန်းဖြစ်သော်လည်း
ဝင်ငွေမှာ ကောင်းလှသည်။ ကံကောင်း၍ ရွှေကြောမိ
သည့်နေ့ဆိုလျှင် အလုပ်သမားတစ်ယောက်ကို သိန်း
၄၀ ၊ ၅၀ ရရှိတက်ကြသည်။ ထို့သို့မရလျှင်တောင်
လကုန်လျှင် တစ်ယောက်ကို ၁၀သိန်း၊ ၁၅သိန်းခန့်
ရရှိကြလေသည်။ ထိုသို့ဝင်ငွေကောင်းသော လုပ်ငန်း
ဖြစ်ပါသည်။ အဲ့ဒီချိန်တုန်းကဆိုလျှင် မိမိရွာပြန်လျှင်
ပိုက်ဆံကို ရေလိုသုံးသည်။ ထိုရွှေတောတွင် အရက်
ကြမ်းကိုသာ သောက်ရသည်။ မသောက်လို့လည်း
မဖြစ်ပေ။ အလုပ်မှာ ကြမ်းတမ်းလှသည်။ မြေတွင်း
ထဲတွင် အမြဲအေးစိမ့်နေသည်။ ထို့ကြောင့်
အရက်ကြမ်းသောက်ထားမှ အအေးဓာဏ်ကို
ခံနိုင်ရည်ရှိပေမည်။ ထို့ကြောင့်ရွာပြန်ရောက်မှသာ
အတိုးချကာ အရက်ကောင်းများ၊ ဘီယာကောင်းများ
သောက်စားကာ အပန်းဖြေကြရသည်။ ရွှေတောတွင်
ပင်ပန်းခဲ့သမျှ ရွာပြန်ရောက်လျှင် စိတ်အပန်းဖြေရာ
ဖဲရိုက်ခြင်း၊ ကြက်တိုက်ခြင်း၊ ဂျင်ကစားခြင်း များကို
အစုံလုပ်ဖြစ်တော့သည်။

သို့သော်လည်း ဤအလုပ်သည် ဆိုခဲ့သည့်အတိုင်း
ဝင်ငွေကောင်းသော်လည်း အသက်စွန့်စားကာ လုပ်
ကိုင်ရသည်။ ဘဝတွင် မမေ့နိုင်သော အဖြစ်ဆိုးကြီး
တစ်ခု ဖြစ်ခဲ့ရလေသည်။ တစ်နေ့ မိမိအပါအဝင် မိမိ၏ အစ်ကိုတစ်ဝမ်းနှင့် အခြားလုပ်ဖော်ကိုင်ဖက်
၂ ယောက်။ စုစုပေါင်းလေးယောက်သည်။ဂန်းဖောက်
ပြီး၍ ရွေရှာရန် အတောင် ၅၀၀ နက်သော ကျွင်းထဲ
သို့ ဆင်းခဲ့ကြသည်။ ထိုနေ့က စိတ်မှာတစ်မျိုးကြီး
ဖြစ်နေသည်။ ကျွင်းထဲ မဆင်းခင် မိမိ၏ အစ်ကိုအား
ဂရုစိုက်ဆင်းရန် သတိပေးခဲ့သေးသည်။ အစ်ကိုက
နောက်ကာပြောင်ကာ ဒီအလုပ်က ရိုးနေပါပြီဟ မင်း
ထက်အရင် ဒီမှာလုပ်လာတာ အိုးတေတော့မယ် ဟု
ပြောသွားသေးသည်။ တစ်ယောက်ချင်းတွင်းထဲကို
ဆင်းရသည်။ အားလုံးအောက်ရောက်ပြီးလျှင်
မိမိနှင့် အဖော်တစ်ယောက်က တစ်တွဲ၊ အစ်ကိုနှင့်
အခြားတစ်ယောက်က တစ်တွဲ ရှေ့ဆင်နောက်ဆင့်
ဆင်းကြသည်။ ခါတိုင်းထက်ပို၍ အေးစိမ့်သော
အရသာကို ခံစားနေရသည်။ ဤတွင်းနက်ကြီးသည်
ရာဇဝင်ရှိသည်။ အကြောင်းမှာ ဤတွင်းထဲတွင် ရွှေ
တူးရင်း သေဆုံးသူများရှိသည်။ တခါတရံ ညည်းသံ
လိုလို၊ ဘာလိုလို ၊ စကားပြောသံလိုလို ကြားရတက်
သည်။

တွယ်တန်းထားသော လျှပ်စစ်မီးအလင်းရောင်သည်
အမှောင်ထုအားကြီးသော၊ အတောင် ၅၀၀ နက်သော
ဤရွှေတွင်းဂူကြီးကို မိန်ပြပြ အလင်းရောင်သာပေး
စွမ်းနိုင်သည်။ မိမိတို့ ယခုသွားနေသည်မှာ ယမ်းထဲ့
ကာ ဖောက်ခွဲခဲ့သော ဂူအဆုံးနေရာသို့ဖြစ်သည်။
အတက်အဆင်း အချိုးကွေ့များကို တရွေ့ရွေ့ဖြတ်
ကျော်လာပြီးသော် ထိုဂူအဆုံး ယမ်းဖြင့်ဖောက်ခွဲခဲ့
သော နေရာသို့ လှမ်းမြင်ရသော နေရာသို့ ရောက်ရှိ
လာခဲ့သည်။ ပေါက်ကွဲအားကြောင့် ကျောက်တုံး
ကျောက်ခဲ ၊ မြေတုံးမြေခဲများမှာ အစုစု၊ အပုံပုံ
နေရာအနံ့ ပြန့်ကျဲနေသည်။ ယမ်းငွေ့များကလည်း
အလုံးလိုက် ကျန်နေသေးသည်။ ပါလာသော ဓာတ်မီးများသည်လည်းကောင်း၊ မီးအိမ်များသည်
လည်းကောင်း ယမ်းငွေ့များကို ကောင်းစွာ မဖောက်
ထွန်းနိုင်ပေ။ ထိုစဥ်မှာ "ဝုန်း" ဆိုသော အသံတစ်ခု
ကြားရ၍ အားလုံးလန့်သွားကြသည်။ အသံမြည်ရာ
သို့ ဓာတ်မီးဖြင့် ဝိုင်းထိုးကြည့်တော့မှ ဂူအမိုးပေါ်မှ
ကျောက်တုံး ပြုတ်ကျခြင်းဖြစ်ကြောင်းသိရ၍ စိတ်
အေးသွားကြရသည်။ ဒါကိုပင် မိမိအစ်ကို တစ်ဝမ်း
ကွဲက "ကြောက်တက်ကြရန်ကော" ဟု စနောက်
လိုက်၍ အားလုံးရယ်မောကြလေသည်။ ရယ်မောသံ မဆုံးသေးခင်မှာပဲ ဝုန်းဆိုသော အသံနက်ကြီး
ထပ်ကြားရပြန်၍ ရုတ်တရက် အားလုံး ဝပ်တွားလိုက်
ကြသည်။ အားဆိုသော အသံနက်တစ်ခုက ဂူတစ်ခု
လုံး ဖုံးလွှမ်းသွားသည်။

အသံနက်ကြီးသည် စက္ကန့်အနည်းငယ်အကြာတွင်
ပျောက်ကွယ်သွားလေသည်။ သို့သော် မကြာခင်မှာ
ပဲ ဂူတွင်းတစ်ခုလုံး စကားသံများ ပွက်လောညံသွား
သည်။

ဟေ့ယောင်တွေ ဝန ကိုကြည့်ကြဦး။ (ဝန မိမိအကို
တစ်ဝမ်းကွဲနာမည်)
သေပြီထင်တယ်။
ဟုတ်လို့လား ခေါ်ကြည့်ဦး။
ခေါ်လို့မရတော့ဘူး။ သွေးတွေဒလဟော
ထွက်နေတယ်။
သေပြီ။

အကြောင်းမှာ ဂူမိုးပေါ်မှ မြေကြီးနဲ့ ကျောက်သား
အဆက်နေရာမှ ကျောက်တုံးကြီးတစ်ခု ဝန၏ ဦးခေါင်းပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။ ရုတ်တရက်
မိမိမှာစွန့်အနေသည်။ ဒီလိုအဖြစ်ဆိုးမျိုး တစ်ခါမှ
မိမိဘဝတွင် မကြုံခဲ့ဖူးပေ။ ဝနအသက်မရှိတော့ပေ။
ခန္ဓာကိုယ်မှာ သွေးအိုင်ကြားတွင် ငြိမ်သက်စွာ လှဲ
လျောင်းနေသည်။ ထို့နှင့် မိမိအစ်ကိုတစ်ဝမ်းကွဲ ဝန၏ အလောင်းကို မြေပြင်ပေါ်သို့ ယူဆောင်ကာ
ချက်ချင်းရွာပြင်ထုတ်ကာ သဂြိုလ်ကြသည်။
အကြောင်းမှာ လကွယ်နေ့ဖြစ်သောကြောင့် အလောင်းကို ရွာထဲမထားကောင်းဟုသိရသည်။ ထို့
နောက်မှာ အစ်ကိုဝန၏ ဆွေမျိုးမိဘများထံအ
ကြောင်းကြားလိုက်သည်။ မိမိ၏ မိဘများကလည်း
အသက်ထက်ဘာမှအရေးမကြီးဘူး။ အသက်
အန္တရယ်များတဲ့ ဒီအလုပ်ကို မလုပ်ပါနဲ့တော့ သားရယ်။ ရွာကိုပြန်လာပါ ။ ဟုခေါ်သောကြောင့်
ထိုအလုပ်မှ ထွက်ခဲ့လေသည်။

မိမိစိတ်ထဲတွင် ထိုအဖြစ်အပျက်ကို ပြန်တွေးတိုင်း
ယခုချိန်ထိ တုန်လှုပ်ခြောက်ခြားနေရစဲဖြစ်ကြောင်း
သူက ပြောပြသည်။ သူ၏ နာမည်သည် ဘိုဘိုဟန်
ဖြစ်သည်။ ထိုအဖြစ်ဆိုးများကြုံပြီး ရွာပြန်နားပြီး
သော် ၄င်း၏ မိဘများက မြို့ပေါ်တွင် အေးအေး
ဆေးဆေးဖြစ်မဲ့ အလုပ်လေးတစ်ခု သွားလုပ်ချင်လုပ်
ဟု ခွင့်ပေးသောကြောင့် သူသည်။ ကျွန်တော်အလုပ်
လုပ်လျှက်ရှိခဲ့သော ရူပါမန္တလာဟိုတယ်သို့ စားဖိုမှုး
အကူအလုပ်ဖြင့် ရောက်လာခဲ့ပါသည်။ သူသည် လူမှုရေးကောင်းသည်။ ပေါင်းတက်သင်းတက်သည်။
အတွေ့ကြုံတွေကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ စုံခဲ့ပြီး
ကိုး။ သူသည် ကျွန်တော်နဲ့လည်း ခင်မင်ရင်းနီးခဲ့
သည်။ သို့သော် အကျွမ်းတဝင်တော့မဟုတ်။ အကြောင်းမှာ သူက စားဖိုမှုး အလုပ်၊ ကျွန်တော်က
အိပ်ခန်းဆောင်ထိန်းသိမ်းရေးက ဖြစ်သည်။ ဌာနမတူ
၍ သိပ်တော့မပေါင်းဖြစ်ခဲ့ပေ။ သို့သော် ခင်မင်မှုရှိခဲ့
သည်။ သူသည် ကျွန်တော့်အရင် ဟိုတယ်မှ အလုပ်
ထွက်ခဲ့သည်။ အကြောင်းမှာ ငွေကိုရေလိုသုံးခဲ့သော
သူသည် ဟိုတယ်လစာ ၁သိန်း၂သောင်းသည်
သူ့အတွက် ရယ်စရာဖြစ်ခဲ့သည်။ လစာကိုသုံးပြီး မလောက်၍ အကြွေးပင်တင်နေခဲ့သည်။ ဟိုတယ်မှ
ထွက်ပြီး သူသည် ယခုမိမိတို့ငှားနေသော အဆောင်
ငှားသည်။ ထို့နောက် ဝက်သားဒုတ်ထိုး ရောင်းရန်
ပညာသင်သည်။ ပညာရပြီးသော် သုံးဘီးဆိုင်ကယ်
ဝယ်သည်။ ဝက်သားဒုတ်ထိုးရောင်းခဲ့ပြန်သည်။
ကိုဗစ်ရောဂါကြောင့်လည်းကောင်း၊ နိုင်ငံရေးကြောင့်
လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့်
ဝက်သားဒုတ်ထိုးဆက်မရောင်းတော့ပဲ မန်းလေး
အောင်ပင်လယ် စျေးထဲတွင် ရွာမှ ဖရဲသီးများကို
ဝယ်ကာ ပြန်ရောင်းချသည်။ ယခု ဖရဲသီးရောင်းကုန်
သွား၍ စျေးထဲတွင် မနက်ပိုင်း ထမင်းကြော်ဆိုင်ဖွင့်
ရန်စီစဥ်နေလေသည်။ ကျွန်တော်ပြောခဲ့ပြီးပါကော
သူသည် အတွေ့အကြုံဆုံသည်။ ထို့ကြောင့်သာ
သူ့အကြောင်းကို ယခုလို တခုတ်တရ ပြန်လည်မျှဝေ
ပေးရခြင်းဖြစ်ပါသည်။

ကိုကိုမိုးဟိန်း
သစ်အယ်သီး

<<---(Myanmar Language)--->>


# The future is in your hand# Do not kill the time# If you love yourself
# Never give up!# Try your BESTScreenshot_2021_0706_202202.png

Untitled13.png


Connect to me>>> Touch Image

KoKoMoeHeinMyanmarkoko5kokomoehei7
26-261903_facebook-f-logo-transparent-background-download-facebook.pngimage.png5a4e9e5b232b9ff0848852b19665cf59.jpg


Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
09.09.21


Screenshot_2021_0706_191708.png


Sort:  

အလုပ်တွေပြောင်းလုပ်ရင်းအတွေ့အကြုံလည်းများသွားတာနေမယ်...

ဟုတ်တယ်ဗျ။ အလုပ်တွေ အစုံလုပ်ရင်း အတွေ့ကြုံတွေက များလာပြီး
လူတောတိုးတယ်။ ဗဟုသုတ ရှိတယ်။

!PIZZA

@asterkame! I sent you a slice of $PIZZA on behalf of @myanmarkoko.

Did you know Pizzabot speaks Spanish if you use the command ESPIZZA? (10/10)

ကြုံရဆုံရ အတော်ပဲနော် !PIZZA

အတွေ့ကြုံက စကားပြောသွားတာပဲ။
ကိုယ်တွေဆို အတွေ့ကြုံက ဘာမှ သိပ်မရှိဘူး။
အာ့ကြောင့် လူတောသိပ်မတိုးဘူး 😅

!PIZZA

@callmemaungthan! I sent you a slice of $PIZZA on behalf of @myanmarkoko.

Have you voted for Pizza teams Hive witness (pizza.witness)? (9/10)

နင်လားဟဲ့ လောကဓံ သမားကြီးပ
!PIZZA

@myanmarkoko! I sent you a slice of $PIZZA on behalf of @htwegyi.

Did you know you can spend $PIZZA on games in the $Pizza Store? (6/10)

ဟုတ်တယ် ဦးထွေး။ အဲ့သလိုပြောရမှာပ

!PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @myanmarkoko.

Did you know PIZZA team has a curation trail with 29 followers? (8/10)

ဘဝဆိုတာ ဘကုန်းနဲ့ဝလို့ဗျာ့
ဗလယ်ချိုင့်နဲ့ဝလို့ကတော့မချောင်ဘူးရယ် 😁😁😁

ဟုတယ်ဗျာ။ ဘကုန်းနဲ့တောင် ဒီလောက် ကြိုးစားနေရတာ။
ဗလချိုင့်နဲ့တာဆို မတွေးဝံ့ဘူး။

အတွေ့အကြုံကတော့ အများကြီး ရသွားမှာပဲ
!PIZZA

ဟုတ်တယ်ဗျ။
!PIZZA

@naythan! I sent you a slice of $PIZZA on behalf of @myanmarkoko.

Did you know you can earn $PIZZA through Hive-Engine Diesel Pools? (3/10)

@myanmarkoko! I sent you a slice of $PIZZA on behalf of @naythan.

Learn more about $PIZZA Token at hive.pizza (7/10)

ညီရာ... အစောကြီးအဆုံးသတ်လိုက်ရတယ်လို့။ တခြားအကြောင်းအရာတွေ ရေးချင်လည်း ဒီ အပိုင်းတွေကို ခဏရပ်ထားလို့ရပါတယ်။Ecency Point 10 ခုလက်ဆောင်ပေးလိုက်ပါတယ်။ !PIZZA

ဟုတ် နဲနဲတော့ စောသွားတယ် သေချာလေး မျှဝေပေးချင်တာ။
တခြားဟာတွေလည်း မျှဝေပေးချင်တာနဲ့ စောသိမ်းလိုက်ရတာ။
Point အတွက် အထူးကျေးဇူးပါ ဆာဟင်။
!PIZZA

@kachinhenry! I sent you a slice of $PIZZA on behalf of @myanmarkoko.

Did you know PIZZA team has a curation trail with 29 followers? (4/10)

@myanmarkoko! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know PIZZA team has a curation trail with 29 followers? (9/20)