စတီးမစ်အလွမ်းနဲ့ ပင်လယ်ပျော်တို့ ရည်မှန်းချက်

in HIVE-MYANMAR3 years ago

စတီးမစ်အလွမ်းနဲ့ ပင်လယ်ပျော်တို့ ရည်မှန်းချက်

ကူးကျခက်ကျ စတီးမစ်ပင်လယ်ထဲ
ငါးပေါက်စလေးကျနော် စီနီယာတွေဆီက သင်ယူခဲ့။
သိုက်သိုက်ဝန်းဝန်း ငါးကြီး၊ ငါးလေး၊
ငါးပေါက်စမကျန် တညီတညွတ်တည်း
မြန်မာ tag ကို Top Ten ဝင်အောင်
ရွက်ဆောင်ခဲ့ကြ။
မြန်မာစာသည် ငါတို့စာ၊
မြန်မာစကားသည် ငါတို့စကား။
ဟူ၍ ဂုဏ်ယူရင်း ကိုယ်စွမ်းသမျှ ရေးသားမျှဝေခဲ့ကြ။ ပျော်စရာ၊ ရွှင်စရာ၊ အချစ်၊
အလွမ်း၊ နည်းပညာ၊ ဗဟုသုတ ခေါင်းစဥ်တွေ
တသီကြီးနဲ့ အပြန်အလှန် အကြံဥာဏ်တွေပေးကြ၊
ရိုင်းပင်းကူညီကြနဲ့ ရွှေရောင်နေ့တွေကို
အတူတူ ဖြတ်သန်းခဲ့ကြတယ်။
တစ်နှစ်ပြည့်အမှတ်တရ ပုဂံမှာဆုံခဲ့ကြ။
အွန်လိုင်းမိတ်ဆွေများ အပြုံးကိုယ်စီဖြင့်
တရင်းတနှီး မိတ်ဆက်ခဲ့ကြ။
ကြီးမြတ်သော ပုဂံမြေကြီးမှာ မှတ်တိုင်တစ်ခု
စိုက်ထူခဲ့ကြ။ စတီးမစ်ရဲ့ နေဝင်ချိန်နီးနေပြီကိုတော့
ဂရုမပြုမိခဲ့ကြ။ ဂျက်စတင်းကြောင့် ချစ်လှစွာသော
စတီးမစ်ပြိုကွဲခဲ့ချိန်မှာ။ လမ်းသစ်တစ်ခု၊ အနာဂတ်သစ်တစ်ခု Hive ပေါ်လာခဲ့။
ဆာဟင်၏ ဦးဆောင်မှုနဲ့ စတီးမစ်ကိုတမ်းတမ်းတတ
နှုတ်ဆက်ရင်း Hive ဆီကို တက်တက်ကြွကြွ
ချီတက်ခဲ့ကြ။ အခုဆို တို့ယုံကြည်ရာ တို့နားခိုရာ၊
Hive ပင်လယ်နီမှာ ပင်လယ်ပျော်တွေ
တစ်ညီတညွတ်တည်း ချီတက်နေဆဲ...
တူညီတဲ့ ရည်မှန်းချက်တစ်ခု ချမှတ်ထားကြတယ်...။
မြန်မာတွေကို လက်တွဲခေါ်နိုင်ဖို့...

ကိုကိုမိုးဟိန်း
သစ်အယ်သီး

မနေ့က MHC chat မှာ စကားပြောကြရင်း
လူဟောင်းတွေပြန်လည် ရောက်ရှိလာကြောင်း အားရပါးရ ဝမ်းမြောက်ဝမ်းသာ ပြောဆိုခဲ့ကြသည်။
ခုလိုမျိုး MHC chat ကလေး အသက်ဝင်လာလို့
ဝမ်းသာပီတိဖြစ်ရင်း အရင်က ပျော်စရာ စတီးမစ်ကို
ပြန်လွမ်းမိလို့ အထက်ပါ စာစုအား ရေးသားမိခဲ့ခြင်း
ဖြစ်ပါသည်။

အရင်ကဆိုလျှင် MSC တွင် Members ဝင်
ပေါင်း ၃၀၀ ကျော်ခန့်ရှိမည်ထင်ပါသည်။ အတိကျ
တော့မသိ။ Admin များဖြစ်သည့် ဆာဒွန်နှင့်
အခြား စီနီယာများတော့ မှတ်မိကြပါလိမ့်မည်။
ထိုများပြားသော လူများသည်။ ဆဟာင်၏ အကူညီ
ဖြင့် နိုင်ငံခြားသားများထံမှ အကူညီရရှိခဲ့ကြသည်။
မှတ်မိပါသေးသည်။ Promotion တင်ရန်အတွက်
Group များ 5 Group ထိရှိမည်ထင်သည်။
Group တစ်ခုစီတွင် Leader များထားရှိခဲ့ကြ
သည်။ Promotion က တစ်ပက်တွင် ၃ ကြိမ်ရယူ
ခဲ့ကြသည်။ Promo ရက်ရောက်ပြီဆိုလျှင်
ဆောင်းပါးတစ်ပုဒ်ကတော့ အနည်းဆုံးရေးဖြစ်ခဲ့
သည်။ မိမိပိုစ်တင်ပြီး ပြီးရောလုပ်လို့မရပေ။ မိမိနှင့်
အတူ Promo တင်တူအချင်းချင်း Comment
Vote များ ပြုလုပ်ကြရသည်။ Comment ပေး
လျှင်လည်း ကပြက်ကချော် ပေးလို့မရပေ။ ပိုစ်တင်
သည့်အကြောင်းအရာနှင့် မည်သည့်ဗဟုသုတများ
ရရှိသည်။ ဘယ်အရာကတော့ မိမိအယူဆနှင့်ကွဲလွဲ
သည် စသဖြင့် Comment များပေးခဲ့ကြရသည်။
ကျွန်တော်လည်း တက်စွမ်းသလောက် ကြိုးစားခဲ့
သည်။ ဝတ္ထုတို ၃ ပုဒ်ခန့် ရေးသားခဲ့သည်။😅
မိတ်ဆွေများ ဖတ်ချင်လျှင် Link ပြန်ရှာပေးပါ
မည်။ အရမ်းကို တက်တက်ကြွကြွနဲ့ ပိုစ်များတင်ခဲ့
ကြသည်။ Copy မိလို့လမ်းခွဲနှုတ်ဆက်ခဲ့ရသူများ
လည်းရှိသည်။ ထို့အတူပင် တစ်လတစ်ခါ ခေါင်းစဥ်
တစ်ခုပေးပြီး ဆောင်ပါးရေးခိုင်းပြီး အကောင်းဆုံး
ဆုများကိုလည်း ရွေးချယ်ပေးခဲ့ကြသည်။ စတီးမစ်
တုန်းက အကြောင်းရာများ ပြန်ရေးပြရမည်ဆိုလျှင်
အပိုင်း ၁၀၀ လောက်ရေးသားရပေလိမ့်မည်။
ထို့ကြောင့် ဤမျှလောက် အလွမ်းတည်ရုံသာ
ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ ဆက်လက်ပြီး
Hive ပင်လယ်ပျော်များ ရည်မှန်းထားတဲ့ ပန်းတိုင်
ဆီကို ချီတက်ကြပါစို့...

ကိုကိုမိုးဟိန်း
သစ်အယ်သီး

<<---(Myanmar Language)--->>


# The future is in your hand# Do not kill the time# If you love yourself
# Never give up!# Try your BESTScreenshot_2021_0706_202202.png

Untitled13.png


Connect to me>>> Touch Image

KoKoMoeHeinMyanmarkoko5kokomoehei7
26-261903_facebook-f-logo-transparent-background-download-facebook.pngimage.png5a4e9e5b232b9ff0848852b19665cf59.jpg


Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
10.09.21


Screenshot_2021_0706_191708.png


Sort:  

ကဗျာလေးကကောင်းတယ်...ဟုတ်တယ်...အရင်ကလူတွေအများကြီးပဲ

ဟုတ်တယ်ဗျ။ အရင်တုန်းက တကယ်ကိုစည်ကားခဲ့တာ။
ပြန်တွေးတိုင်း ကြည်နူးရဆဲ...

စတီးမ်ကို လွမ်းနေသည်ကတော့ အမှန် ပါပဲ။ ဟိုဗ်ကိုလဲ အားခဲပီး လျောက်ကြအုန်းစို့။ MHC chat ကို ခေါ်ပါအုန်း ကိုယ့်လူတွေနဲ့ မတွေ့တာကြာပီ။

ဟုတ် ဦးညီ Facebook acc လေး Link ပေးပါဦးဗျ။

အကို့ profile မှာ fb link ပါတယ်ညီ

လွမ်းတော့လွမ်းတာပေါ့ ဒါပေမဲ့....
!PIZZA

နောက်ကြောင်း ပြန်မလှည့်ကြေး...

!PIZZA

@naythan! I sent you a slice of $PIZZA on behalf of @myanmarkoko.

Did you know you can earn $PIZZA daily by delegating HivePower to Hive.Pizza? (3/10)

@myanmarkoko! I sent you a slice of $PIZZA on behalf of @naythan.

Learn more about $PIZZA Token at hive.pizza (3/10)

ကောင်းတယ်ဗျာ ...
ကလောင်နံမယ်လေးက သစ်အယ်သီး´´တဲ့လား😘😘😘 ကျနော့ကလောင်နံမယ်လည်းမှတ်ထားဦးရေခြင်ခြား´´

ဟုတ်ကဲ့ ရေခြင်ခြား တဲ့ တမျိုးလေးပဲ...
ဦးယုတို့နဲ့အတူပဲ နောက်ထပ် အကိုကြီးတစ်ယောက်ရှိတယ်။
Hive ပေါ်ကို ခနတော့ ရောက်လာသေးတယ်။
နာမည်တော့မမှတ်မိတော့ဘူး။

Steemit မှာတုန်းက ဈေး 10$ တက်နေ ရောက်နေပါသော်လည်း
ဘာလုပ်ရမှန်းမသ်သော မိမိ။
!PIZZA

$10 မမှီလိုက်ဘူး။ ကျွန်တော်စသိတော့ $4 ရောက်နေပြီ။
!PIZZA

@htwegyi! I sent you a slice of $PIZZA on behalf of @myanmarkoko.

Did you know you can spend $PIZZA on games in the $Pizza Store? (4/10)

10$ ကျော်သွားသေးတယ်

@myanmarkoko! I sent you a slice of $PIZZA on behalf of @htwegyi.

Did you know you can earn $PIZZA through Hive-Engine Diesel Pools? (2/10)

တချိန်တုန်းကပေါ့။ တခါတလေ တော့လည်း ပြန်လွမ်းမိပါရဲ့။ အတိတ်တွေ။ !PIZZA

တကယ်ကို ပြန်လွမ်းမိပါတယ်။
အထူးသဖြင့် ပုဂံတွေ့ဆုံပွဲက ဘဝမှာ အမှတ်တရအရှိဆုံးပဲ။

!PIZZA

@kachinhenry! I sent you a slice of $PIZZA on behalf of @myanmarkoko.

Did you know Pizzabot speaks Spanish if you use the command ESPIZZA? (1/10)

@myanmarkoko! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know you can now buy Rising Star packs with $PIZZA? (9/20)