ကမ္ဘာတွင်ထင်ရှား သမိုင်းဝင်ခေါင်းလောင်းကြီးများ

in HIVE-MYANMAR2 years ago (edited)

ဒီနေ့တော့ မင်းကွန်းခေါင်းလောင်းကြီးအပါအဝင် ကမ္ဘာမှာထင်ရှားတဲ့ခေါင်းလောင်းကြီးများ အကြောင်း တင်ပြချင်ပါတယ်။ ယခုဖော်ပြပါအချက်အလက်များအနက် မင်းကွန်းခေါင်းလောင်းကြီးရဲ့ အလေးချိန်မှတ်တမ်းကတော့ ဂီတစာဆို ရွာစားစိန်မြင့်ကျော်ရေးဖွဲ့သီကုံးပြီး ယဉ်ကျေးမှု ရွှေတံဆိပ်ဆုရ ရွှေမန်းပန်တျာဗေဒါရီသီဆိုထားတဲ့ ခေါင်းလောင်းကြီး သီချင်းမှာပါဝင်တဲ့အချက်အလက်တွေပဲဖြစ်ပါတယ်။

img_0.4469435082765382.jpg

အငြိမ့်မင်းသမီးကြီး မဗေဒါသီဆိုကပြတာကို တစ်ခါမှ မကြည့်ဖူးပေမယ့် အဖေက ငယ်ငယ်ကတည်းက ဒီသီချင်းကို ခဏခဏဖွင့်ပြခဲ့လို့ မှတ်မိနေပါတယ်။ ကက်ဆက်ခေတ်ကုန် သွားပြီး VCD EVD တွေခေတ်စားလာပြန်တော့ ဒီသီချင်းကို နားထောင်လို့မရတော့ပါဘူး။ တိမ်ကောပျောက်ကွယ် သွားပြီမှတ်ပြီး နှမြောနေချိန်မှာပဲ မှတ်မှတ်ရရ တစ်နေ့တုန်းက မြန်မာ့ အငြိမ့်သဘင်ပေ့ချ်မှာ ဒီသီချင်းလေးကို တင်ထားတာတွေ့လို့ ဝမ်းသာပီတိဖြစ်မိပါတယ်။ အဲ့ခါကျမှပဲ မဗေဒါကိုမြင်ဖူးတော့တယ်။ သီချင်းလေးကို နားထောင်ရတော့ ကွယ်လွန်တာကြာပြီဖြစ်တဲ့ အဖေကိုတောင် ပြန်ပြီးလွမ်းမိပါသေးတယ်။

သမိုင်းဝင် မင်းကွန်းခေါင်းလောင်းကြီးကို ဧရာဝတီမြစ်အရှေ့ဖက် ကမ်း စွန်းလွန်းရွာမှာ ဘိုးတော်မင်းတရားလက်ထက်က ပန်းတဉ်းဝန် မဟာနန္ဒကျော်စွာဦးစီးသော ကြေးသွန်းလုပ်သား ပညာရှင်များက သွန်းလောင်းခဲ့ပါတယ်။ အချိန်ကာလကတော့ မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ကဆုန်လဆန်း (၅) ရက်နေ့ဖြစ်ပါတယ်။

img_0.7305748529202085.jpg

မင်းကွန်းခေါင်းလောင်းကြီးကို ကမ္ဘာနှင့် နှိုင်းယှဉ်ပြရလျှင် တစ်ခေတ်တစ်ခါတုန်းက ကမ္ဘာမှာ တတိယအကြီးဆုံး ခေါင်းလောင်းကြီးဖြစ်ခဲ့ပါတယ်။ ပထမအကြီးဆုံး ခေါင်းလောင်း ကြီးက (Tsar Kolokol) ဆာ-ကိုလိုကိုး ဖြစ်ပြီး ရုရှားနိုင်ငံ မော်စကိုမြို့၊ ကရင်မလင်နန်းတော်အတွင်းမှာရှိပြီး တန်ချိန် (၂၀၀)ရှိပါတယ်။ ဒုတိယခေါင်းလောင်းကလည်း တန်ချိန် (၁၂၈) ရှိပြီး မော်စကိုမှာပဲ ရှိပေမယ့် ထိုခေါင်းလောင်းနှစ်လုံးစလုံး အသုံးလို၍ ကျိုပစ် လိုက်သဖြင့် ယခုအချိန်မရှိတော့ဘူးလို့ မှတ်သားလိုက်ရပါတယ်။ ဒါ့ကြောင့် မင်းကွန်းခေါင်းလောင်းကြီးကသာ ကမ္ဘာမှာပထမအကြီးဆုံးခေါင်းလောင်းကြီးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

မင်းကွန်းခေါင်းလောင်းကြီးရဲ့အလေးချိန်ကတော့ (၉၀.၅၂) တန် ရှိပြီး ကမ္ဘာမှာကျော်ကြားနေတဲ့ ကြေးချိန်ပိဿာကတော့ မမင်းဖြူမှန်မှန်ပြော (၅၅၅၅၅၅) ပိဿာဖြစ်ပါတယ်။ ငါးသိန်းမျှ ကွာပြီး (မ)တစ်လုံးပိုနေလို့ပါ။ မူရင်းအမှန်ကတော့ မင်းဖြူမှန်မှန်ပြော (၅၅၅၅၅) ပိဿာကအမှန်ဖြစ်ပါတယ်။

img_0.2642033640740756.jpg

သို့ပေမယ့် သက္ကရာဇ်(၁၂၀၀) ပြည့်နှစ်မှာဖြစ်ပေါ်သော စစ်ကိုင်း ငလျင်မှာပထမတစ်ကြိမ်၊ ဒုတိယအကြိမ်ဖြစ်သော (၁၃၁၈)ခုနှစ် တွင် ဖြစ်ပေါ်သော ငလျင်ဒဏ်ကြောင့် ငါးပိဿာပဲ့ သွားရပါတယ်။ ထို့သို့ ငါးပိဿာပဲ့သွားသောကြောင့် မင်းဖြူမှန်မှန်ပြောမှ မင်းဖြူမှန်မှန်တီးဟူ၍ သံပေါက်လင်္ကာပေါ်ပေါက်ခဲ့တယ်ဟု သိရ ပါတယ်။ ယခုလက်ရှိကြေးချိန်ပိဿာက (၅၅၅၅၀) ပိဿာဖြစ်ပါတယ်။

မင်းကွန်းခေါင်းလောင်းကြီရဲ့ အဝမှာ ၁၁တောင်၊ လေးသစ်ရှိပြီး (၁၂)တောင်အတွင်းဖြစ်လို့ အောင်ကျော်လို့ သံပေါက်လင်္ကာဖွဲ့ဆို ထားပါတယ်။ အစောက်က ၁၃တောင်၊ တမိုက်လေးသစ်ရှိပြီး (၁၄) တောင်အတွင်းဖြစ်လို့ အောင်လှလို့မှတ်ယူထားပါတယ်။ လုံးပတ် ကတော့ ၃၃တောင်၊ တမိုက်လေးသစ်ရှိပါတယ်။ မင်းကွန်း ခေါင်းလောင်းကြီးရဲ့ထူးခြားချက်က ကွဲအက်လျက်ပင် ရှိလင့်ကစား အသံလွင်လွင်မှာ ယနေ့ထက်တိုင်အကောင်းအတိုင်း မြည်ဆဲပင် ဖြစ်သည်။

အခြားနိုင်ငံများတွင်လည်း ခေါင်းလောင်းကြီးများ ရှိပေမယ့် မင်းကွန်းခေါင်းလောင်းကြီးလောက်တော့ မကြီးပေ။ ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ချီယွန်အင်ကျောင်းတော်တွင်ရှိသော ခေါင်းလောင်းကြီး မှာလည်း (၇၄) တန်ချိန်ပါတယ်။ တရုတ်ပြည် အရှေ့ပိုင်း၊ ရှန်ဒေါင်းပြည်နယ်၊ ဂျီနန်းမြို့မှ ရွန်ဂဲ(လ်)အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီးမှာ (၄၅) တန်အလေးချိန်ရှိပါတယ်။

img_0.7077249687845151.jpg

မမြင်ဖူးပေမယ့် နောက်ထပ်မှတ်သားမိသော ကြေးသွန်း ခေါင်းလောင်းကြီး တစ်လုံးလည်းရှိပါသေးသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးဖြစ်ပြီး ဓမ္မစေတီမင်းက ရွှေတိဂုံစေတီတော်တွင် လှူဒါန်းခဲ့သည်ဟု မှတ်သားဖူးပါသည်။ မှတ်တမ်းများအရ ထိုခေါင်းလောင်းကြီးတွင် ကြေးနီအပြင် ရွှေ၊ ငွေတို့ပါရှိပြီး ခေါင်းလောင်းအတွင်း၌ မြနှင့် နီလာရတနာများလည်း မြှုပ်ထား သည်ဟုဆိုပါသည်။ ခေါင်းလောင်းကြီးအလေးချိန်မှာ ကြေးပိဿာ ချိန်(၁၈၀၀၀၀) ပါဝင်ပြီး တန်ဖွဲ့လျှင် (၂၉၀) တန်ရှိပါသည်။ ထိုမှတ်တမ်းသာ အမှန်ဆိုလျှင် ဓမ္မစေတီခေါင်းလောင်းကြီးကသာ ပထမအကြီးဆုံးခေါင်းလောင်း ကြီးဖြစ်ပေမည်ဟု ဗဟုသုတရရန် အလို့ငှာ ရေးသားတင်ပြလိုက်ပါသည်။

@nweoomon
1-12-2021

Sort:  

ဗဟုသုတ ရပါတယ် ပုံတွေမပါဘူးနော်။
!PIZZA
!LOLZ

ပါတယ်။ ပြန် edit ထားတာ။

ဟုတ်ကဲ့ တွေပါပြီ

ဟုတ်ပ ဗဟုသုတကို စုံသွားတာပဲ :D

ကေျးဇူးပါ

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped nweoomon (x1)
uthantzin tipped nweoomon (x1)
@sheinthu(1/9) tipped @nweoomon (x1)

You can now send $PIZZA tips in Discord via tip.cc!

ခေါင်းလောင်းကြီးတွေ့လို့ ဒေါသဖြစ်စရာလေးတွေပြောပြရအုံးမယ်။ ဘုရား နံရံ တွေ ခေါင်းလောင်းတွေ ဦးပိန်တံတားက ကျွန်းတိုင်တွေမှာ Correction pen နဲ့ လက်ကမြင်းပြီးရေးထာတဲ့ စာတွေတွေ့ရင် အလိုလိုနေရင်း ဒေါသတွေထွက်လာတယ်။ ခုလည်း ခေါင်းလောင်းကြီးမှာ အဲဒီလို စာတွေရှိသေးလား..? !PIZZA. !LUV

ရှိပါ့။ လက်ကမြင်းကြတာ။

ခေါင်းလောင်းကြီးနဲ့ပက်သတ်တဲ့ ဗဟုသုတများ ရရှိပါတယ် !PIZZA

ကျေးဇူးတင်ပါတယ်ရှင်

တနိုင်ငံလုံးအနှံသွားပြီ အဲ့ဒီခေါင်းလောင်းဆီ ကျွန်တော်မရောက်ဖူးဘူး 😁😁😁

ဟောဗျာ ကမ္ဘာ့သတင်းတွေအကုန်သိပြီး ဘေးအိမ်က အိမ်နီးနားချင်းအကြောင်း မသိတဲ့ သူလိုဖြစ်နေပြီ။ သွားလိုက်ပါအုံး

Congratulations @nweoomon! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You made more than 2500 comments.
Your next target is to reach 3000 comments.
You got more than 2500 replies.
Your next target is to reach 2750 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month Challenge - Winners List
Hive Power Up Day - December 1st 2021 - Become an Orca!

Yay! 🤗
Your content has been boosted with Ecency Points, by @nweoomon.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

ကျနော်တို့ဟိုက် မြန်မာကတော့ မြန်မာနိုင်ငံတွင်း ဗဟုသုတ အိုးကြီးနဲ့တူလို့ပါ။!PIZZA

ဟုတ်ပါတယ်။ တစ်ယောက်အသိ တစ်ယောက်ဝေမျှကြတဲ့ ချစ်စရာအဖွဲ့ပါ။