Myanmar Best Online Courses

in HIVE-MYANMAR3 years ago

အခကြေးငွေ ပေးစရာမလိုသော ပညာရေးဝန်ဆောင်မှု စာမျက်နှာတခုကို လမ်းညွှန်ပေးလိုပါသည်။ ပညာရေး၊ နည်းပညာများ၊ ဗဟုသုတများ၊ ဘာသာစကားအသစ်များနှင့် စီးပွားရေး အောင်မြင်မှု သော့ချက်များကို အခမဲ့ သင်ယူနိုင်ပါသည်။

မြန်မာဘာသာဖြင့် လေ့လာနိုင်သော သင်ခန်းစာများဖြစ်၍ လူငယ်များအတွက် ဘာသာစကား အခက်အခဲမရှိ၊ လွယ်လင့်တကူ နားလည်နိုင်သော ပညာရေးဝန်ဆောင်မှု လည်း ဖြစ်သည်။

သင်ခန်းစာများကို အချိန်မရွေး နေရာဒေသမရွေး လေ့လာနိုင်ခြင်း၊ ကွန်ပြူတာ သို့မဟုတ် ဖုန်းတလုံး ရှိရုံဖြင့် သင်ယူနိုင်ခြင်း၊ Facebook account သို့မဟုတ် Gmail account တခုသာ လိုအပ်ခြင်း စသည့် အားသာချက်များလည်း ရှိသည်။

ထို ပညာရေးဝန်ဆောင်မှုအမည်မှာ Myanmar BOC (Myanmar
Best Online Courses) ဖြစ်သည်။ နိုင်ငံခြားဘာသာစကားများ၊ programming languages များ၊ networking အကြောင်းများ၊ duwun မှသတင်းများ၊ general knowledge များ၊ computer basic အကြောင်းများနှင့် စီးပွားရေးသော့ချက်များ အစရှိသဖြင့် စုံလင်စွာ စုစည်းပေးထားသည်။

boc.jpg

ကွန်ပြူတာ သုံးစွဲပါက https://myanmarboc.com/ သို့ ဝင်ရောက်ပါ။ Facebook သို့မဟုတ် Gmail ဖြင့် Register ပြုလုပ်ပါ။

ဖုန်းဖြင့် အသုံးပြုလိုပါက Google Play Store ထဲတွင် MyanmarBOC ကိုရှာ၍ ဒေါင်းလုပ်ပါ။

Google Play Store တွင် မရှာလိုပဲ တိုက်ရိုက်ဒေါင်းလုပ်လိုပါက
https://bit.ly/2Xr8thM ကို နှိပ်ယူလိုက်ပါ။

ယခုအခါ Courses 109 ၊ Lessons / Videos 7787၊ Subscribers 41914 ရှိနေပြီ ဖြစ်သည်။ ဤသတင်းကောင်းကို မိတ်ဆွေများမှတဆင့် ပညာလိုလားသော လူငယ်များဆီသို့ ထပ်မံ ဖြန့်ဝေပေးစေလိုပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
17.10.2021

Sort:  

အခုလိုမျှဝေပေးတဲ့ အတွက် ကျေးဇူးပါ။ Ecency point 30 ကို လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။ !PIZZA

Vote, Points, Pizza များအတွက် ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ။

မျှဝေပေးလို့ကျေးဇူးပါ။ reblog လုပ်ထားလိုက်တယ်။ !PIZZA

PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
myothuzar tipped sayalu (x1)
@kachinhenry(9/20) tipped @sayalu (x1)
htwegyi tipped sayalu (x1)
Learn more at https://hive.pizza.

တူမလေးကို သင်ယူခိုင်းရအုံးမယ် ကျေးဇူးပါ။
!PIZZA

မျှဝေခြင်းအတွက် ကျေးဇူးပါ

ဝင်ရောက်လေ့လာနေပါပီ။

လေ့လာစရာများအတွက် ကျေးဇူးပါ။ !PIZZA