ကျွန်တော်နှင့် D.buzz အတွေ့အကြုံ...!

in HIVE-MYANMAR3 months ago

Hive platform ပေါ်ရှိ ညီအစ်ကိုမောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေ...
D.buzz ပေါ်မှ post တင်ရာတွင် တွေ့ကြုရသော ကျွန်တော်၏အဖြစ်အပျက်လေးအား ပြန်လည်မျှဝေပေးခဲ့ချင်ပါသည်။

Screenshot_2021-08-02-22-58-54.png

ကျွန်တော်ဟာ လွန်ခဲ့သော တစ်လကျော်ခန့်မှစတင်၍ နေ့တိုင်းနီးပါး D.buzz ပေါ်တွင် ဓာတ်ပုံများ post တင်ခြင်း...voteပေးခြင်း...comment များပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ D.buzz ပေါ်တွင် ပေါ့ပေါ့ပါးပါး post တင်သုံးစွဲလာရင်း လွန်ခဲ့သော(၃)ရက်ခန့်မှစတင်၍ မိမိ phone gallery ထဲမှ ဓာတ်ပုံများအား post တင်၍မရတော့ပဲ ထို post တင်သောpage တွင်ရှိသည့် GIF image များဖြင့် post တင်သောအခါ တင်၍ရနေပြန်ပါသည်။
မိမိ phone gallery မှဓာတ်ပုံများသာ uploading failed ဖြစ်နေခြင်း ဖြစ်ပါသည်။
(၁)internet လိုင်းမကောင်းတာကြောင့်လား?...
(၂)မိမိဖုန်းကြောင့်လား?...
(၃)မိမိအသုံးပြုသောBrowser ကြောင့်လား?...စသည်ဖြင့် အဖြေရှာကြည့်မိနေပါသည်။

Screenshot_2021-08-02-22-56-54.png

(၁)internet လိုင်းမကောင်းခြင်းအတွက် လိုင်းကောင်းသော အချိန်စောင့်၍ စမ်းသပ်ကြည့်ရုံမှတစ်ပါး မိမိဘာမျှမတတ်နိုင်ပါ။
(၂)မိမိဖုန်းကြောင်တာကြောင့်များလား ဆိုပြီး ဖုန်းအား ပါဝါအဖွင့်အပိတ်လုပ်ခြင်း...storage cached data ရှင်းလင်းခြင်းများဖြင့် မိမိတတ်သလောက် မှတ်သလောက် လုပ်ဆောင်ခဲ့ပါသည်။
(၃)ဖုန်းBrowser အတွက်ကတော့
ကိုဒွန်ဆီက MPT internet Data လက်ဆောင် MB များများရရှိထားသောအချိန်ဖြစ်၍ Chrome browser...UC browser...Brave browser စသည်ဖြင့် တစ်ခုပြီးတစ်ခု download ဆွဲပြီး Post တင် စမ်းသပ်ပြီး အဖြေရှာခဲ့ပါသည်။
မည်သည့် အချက်နှင့်မျှ အဖြေရှာမရပဲ D.buzz တွင် post တင်မရသည်မှာ (၃)ရက်ခန့်ရှိခဲ့ပါသည်။

Screenshot_2021-08-03-11-47-41.png

ဒီလိုနဲ့ အစ်ကိုဒွန်က ညဘက် hive post တင်ရကြသလားဆိုပြီး မေးလာတော့
ကျွန်တော်လည်း D.buzzမှာ post တင် အဆင်မပြေကြောင်း ရေးလိုက်ပါသည်။
ထိုအခါ ဦးထွေးမှ သူကိုယ်တိုင်လည်း post တင်မရဖြစ်နေကြောင်း ပြောလာပါသည်။
ထိုသိုဖြင့် မနေ့က D.buzz page သို့သွား၍ ပြန်ရပြီလားစမ်းသပ်ရင်း အခြားသူများ၏ post အား vote ပေးရန် လိုက်ဖတ်ရာမှ သူငယ်ချင်းတစ်ဦး၏ Post တွင် မိမိဖြစ်နေသော ပုံစံအတိုင်း photo uploading failed ဖြစ်နေတာလေး ရေးပြီး post တင်ထားတာ တွေ့ရပါသည်။
ဒါနဲ့ ကျွန်တော်လည်း အဲဒီလိုဖြစ်နေတဲ့အကြောင်း ထိုသူငယ်ချင်း postတွင် comment ဝင်ရေးခဲ့လိုက်ပါသည်။
ထို့နောက် မိမိလိုပဲ ထပ်၍ comment ပေးသောသူများ ထပ်တွေ့လာရပါသည်။
မိမိတစ်ယောက်ထဲ ဖြစ်တာမဟုတ်သဖြင့် ဒီအခြေအနေအား ဆက်လက်စောင့်ဆိုင်းရန်သာရှိသည်ဟု ဆုံးဖြတ်ပြီး မိမိတင်၍ရနေသော D.buzz post တင်သောစာမျက်နှာရှိ GIF ပုံဖြင့် post တင်ရင်း စမ်းသပ်ခဲ့ပါတော့သည်။

Screenshot_2021-08-03-11-47-46.png

**မှတ်ချက်
ကျွန်တော် ဒီအကြောင်းpostတင်ဖို့ စာရေးနေရင်း ယနေ့မနက်ပိုင်းတွင် D.buzz ပေါ် postတင်ကြည့်ရာ မိမိgallery မှ photo များ ပြန်လည် post တင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
မည်သို့ မည်ပုံ ပြန်လည်ကောင်းမွန်သွားသည်ကို အသေအချာ မသိသော်လည်း D.buzz အသုံးပြုရာတွင် ထိုကဲ့သို့ ဖြစ်တတ်ပါကြောင်း ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။
သူငယ်ချင်များအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
@uthantzin
3.8.2021(12:30)pm

Sort:  

ကိုယ်ကတော့ d.buzz ပုံကို loading မရတော့ အခြားမှာ photo loading လုပ်၊ image link ယူချပြီး တင်တာပဲ။ !PIZZA

Connect

Trade


@uthantzin! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Learn more about $PIZZA Token at hive.pizza (8/10)

အဲဒါမျိုးလေး စဥ်းစားမိတယ် မလုပ်ဖြစ်လိုက်တာအစ်ကို

ဟုတ်တယ်။ မနေ့က hive platform ကကြောင်နေတာနဲ့တူတယ်။ Hive Engine လည်း တော်ရုံနဲ့ ဝင်မရဘူး။ ခုလို ညဘက်ရောက်မှ ပြန်ကောင်းလာတာ။

ဟုတ်တယ်အစ်ကို ဒီရက်ပိုင်း internet လိုင်းကလည်း သိပ်မကောင်းတော့ ဟိုဟာလိုလို ဒီဟာလိုလို နဲ့ ဘာပစ်ချက်မှန်းမသိ ဖြစ်နေတော့တာပါ။

တခြားတွေသုံးကြည့်ရနေပါတယ်....dbuzz မှာပဲ gallery နှိပ်လို့မရတော့တာပါ....