Hello everyone, have a nice day.
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
This week's photo contest is a waterfall that my family took during our trip to Pyin Oo Lwin. The waterfall in the photo is the Pwe Kyauk Fall, also known as the B.E Fall. People who visit Pyin Oo Lwin almost always visit the B.E Fall. It is a waterfall that families often visit. So our family also visited the B.E Fall. There are 2 swimming areas for people who visit the B.E Fall. Some people enjoy eating while relaxing and others swim. There is a playground for children and a glass bridge. There are also shops for those who want to buy souvenirs. Pyin Oo Lwin has places to visit and places to have a picnic. That's why many people visit Pyin Oo Lwin. Our family also visits Pyin Oo Lwin often and relaxes.
ဒီတပတ်အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံကိုတော့ ကျွန်တော်တို့မိသားစု ပြင်ဦးလွင်ကို ခရီးသွားခဲ့စဉ်ရိုက်ယူခဲ့တဲ့ ရေတံခွန်ပုံကို မျှဝေလိုက်ပါတယ်။ သူငယ်ချင်းတို့ ဓာတ်ပုံထဲမှာမြင်ရဲ့ ရေတံခွန်ကတော့ B.E Fall လို့ လူသိများတဲ့ ပွဲကောက်ရေတံခွန်ပဲဖြစ်ပါတယ်။ ပြင်ဦးလွင်ကို လာရောက်လည်ပတ်ကြတဲ့သူတွေက ပွဲကောက်ရေတံခွန်ကို အမြဲတမ်းလိုလို ရောက်ကြပါတယ်။ မိသားစုတွေလည်း မကြာခဏ ပျော်ပွဲစားထွက်တတ်တဲ့ ရေတံခွန်လည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မိသားစုလည်း ပွဲကောက်ရေတံခွန်ကိုရောက်ခဲ့ပါတယ်။ ပွဲကောက်ရေတံခွန်ကိုရောက်လာကြတဲ့သူတွေ ရေကူးကြတဲ့နေရာ ၂ ခုရှိပါတယ်။ အပန်းဖြေရင်း ထမင်းစားတတ်ကြသလို ရေကူးကြတဲ့သူတွေလည်းရှိပါတယ်။ ကလေးတွေအတွက် ကစားကွင်းရှိသလို မှန်တံတားလည်းတည်ဆောက်ထားပါတယ်။ လက်ဆောင်ပစ္စည်းဝယ်ယူလိုတဲ့သူတွေအတွက် ဈေးဆိုင်တွေလည်းရှိပါတယ်။ ပြင်ဦးလွင်မှာ လည်ပတ်စရာနေရာတွေရှိသလို အပန်းဖြေရင်းပျော်ပွဲစားထွက်လို့ကောင်းတဲ့ နေရာများလည်းရှိပါတယ်။ ဒါ့ကြောင့်ပြင်ဦးလွင်ကို အလည်အပတ်လာရောက်တဲ့သူတွေများပါတယ်။ ကျွန်တော်တို့မိသားစုလည်း ပြင်ဦးလွင်ကို မကြာခဏသွားရောက်လည်ပတ်ရင်း အနားယူ အပန်းဖြေတတ်ပါတယ်။
The photo below is the contestant photo for this week's Around The World Challenge #6/6.
အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #6/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -