Google Workspace , Telenor Operator And Covid-19 Of Myanmar & Over HIVE 1000 Withdrawal

in LeoFinance3 years ago

Hello.
The news this morning is that Google has banned the Google workspace in Myanmar.
If we no longer have access to Google workspace, we may not be able to access Google Gmail, Drive, Sheet, Docs and etc.
If we can not use them, it can be a big problem for those who are earning and learning online.
This is a loss caused by the terrorist army.

Norway-based Telenor Phone Operator has sold its Myanmar business to the M1 Group due to illegal activities by the terrorist army.
It is also not safe for us to use the telephone service.

So, I have a lot of worries.
I am afraid that the online business will collapse as well as the revenue will be lost due to not being able to do the main business.

I was worried that if I could not use Gmail and Phone, I would not be able to use over 1000 HIVE purchased in Binance.

img_0.5124863368809203.jpg

So this morning, I transferred all of the over 1000 HIVE in Binance to my HIVE account.

img_0.6180033469440396.jpg

  • #Can the inability to use Google workspace affect HIVE Blockchain?#

Another piece of bad news is that the terrorist army has banned the public from importing Covid-19 protective equipment.
The third wave of Covid-19 is now seriously affecting the people of Myanmar.
The incidence of covid-19 infection has been steadily rising, exceeding 28%.
Mortality is also rising.

Please encourage our people to overcome the hardships of uncertainty.

Tin Aung Soe

[Burmese]

မင်္ဂလာပါ။
ဒီနေ့မနက် တွေ့မြင်လိုက်ရတဲ့ သတင်းက Google က မြန်မာနိုင်ငံမှာ Google workspace ကို ပိတ်ပင်လိုက်ပြီ ဆိုတဲ့ သတင်းဆိုးပါ။
Google workspace အသုံးပြုလို့ မရတော့ရင် Google ၏ Gmail , Drive, Sheet and Docs စသည်တို့ကို ကျွန်တော်တို့ အသုံးပြုလို့ မရ ဖြစ်နိုင်ပါတယ်။
ထိုအရာတွေ အသုံးပြုလို့ မရတော့ရင် Online ပေါ်မှာ Earning and Learning လုပ်နေသူတွေ အတွက် ပြဿနာကြီး ဖြစ်နိုင်ပါတယ်။
ဒါဟာ အကြမ်းဖက်စစ်တပ်ကြောင့် ဖြစ်ရတဲ့ ဆုံးရှုံးနစ်နာမှုပါ။

နော်ဝေနိုင်ငံ အခြေစိုက် Telenor Phone Operator သည်လည်း အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံရှိ ၎င်း၏ လုပ်ငန်းကို M1 Group သို့ လွှဲပြောင်းရောင်းချကာ ထွက်ခွါသွားခဲ့ပါပြီ။
ကျွန်တော်တို့သည် Telephone service ကို အသုံးပြုရသည်မှာလည်း လုံခြုံမှု မရှိပါ။

ဒီတော့ ကျွန်တော်လည်း စိုးရိမ်ပူပန်မှု များစွာ ဖြစ်မိပါတယ်။
ပင်မလုပ်ငန်းများ မလုပ်ဆောင်နိုင်၍ ဝင်ငွေ ပျက်လက်မှု ကြုံရသလို Online ပေါ်က လုပ်ငန်းများလည်း ပျက်တောက်ရမည်ကို ကြောက်မိပါသည်။

အကယ်၍ Gmail and Phone အသုံးပြု၍ မရတော့လျှင် Binance ထဲမှာ ဝယ်ယူထားသော HIVE 1000 ကျော်ကို အသုံးမပြုရဘဲ ဖြစ်သွားမှာ စိုးရိမ်ခဲ့ပါတယ်။
ဒါကြောင့် ဒီမနက်မှာပဲ Binance ထဲရှိသော HIVE 1000 ကျော် အားလုံးကို ကျွန်တော်၏ HIVE Account ထဲသို့ လွှဲယူဖြစ်ခဲ့ပါတယ်။

Google workspace အသုံးမပြုနိုင်ခြင်းသည် HIVE Blockchain ကို ထိခိုက်မှု တစ်စုံတရာ ဖြစ်ပေါ်နိုင်ပါသလား။

နောက်ထပ် သတင်းဆိုးတစ်ခုမှာ အကြမ်းဖက်စစ်တပ်သည် ပြည်သူများ၏ Covid-19 ဆိုင်ရာ ကာကွယ်ကုသရေးပစ္စည်းများကို နိုင်ငံခြားမှ ဝယ်ယူတင်သွင်းခွင့်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
ယခုအခါ Covid-19 တတိယလှိုင်းသည် မြန်မာနိုင်ငံသားပြည်သူတွေကို ဆိုးဝါးစွာ ဒုက္ခပေးလျက် ရှိနေပါပြီ။
Covid-19 ရောဂါပိုး တွေ့ရှိနှုန်းမှာ တဖြည်းဖြည်း မြင့်တက်လျက် ရှိပြီး ၂၈% ကိုပင် ကျော်လွန်ခဲ့ပါသည်။
သေဆုံးနှုန်းလည်း မြင့်တက်လျက်ရှိပါသည်။

မရေရာမှုတွေထဲက ဒုက္ခတွေကြားမှာ ကျွန်တော်တို့ပြည်သူတွေ ကျော်ဖြတ်နိုင်ဖို့ အားပေးကြပါဦးဗျာ။

တင်အောင်စိုး

Sort:  

ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းရင်း ကာကွယ်ကြရမှာပါ

ဆုတွေတောင်းရင်းနဲ့သာ ...

အင်း ရောဂါက အခုမှ ပြန့်ပွားလာတာ စဥ်းစားစရာပဲ ၂ လပိုင်းကစလို့
ကျွန်တော်တို့ လမ်းပေါ်ထွက်ခဲ့ကြတယ်။ ဆန္ဒတွေ ပြခဲ့ကြတယ်။
ဘာမှ မဖြစ်ခဲ့ဘူး။ အခုကျမှ ရောဂါဖြစ်လို့ သေနှုန်းမြင့်နေတယ်။
ဒီရောဂါက ကူးစက်မှု အရမ်းမြန်တယ်ဆို။ အဲ့တာဆို ဘာလို့ ၃ လပိုင်း ၄ လပိုင်း
ငြိမ်နေခဲ့တာလဲ။ ဒီရောဂါက လက်နက်တစ်ခုလိုများ ?
စဥ်းစားစရာပဲဗျာ။
!PIZZA

Connect

Trade


@tin.aung.soe! I sent you a slice of $PIZZA on behalf of @myanmarkoko.

Learn more about $PIZZA Token at hive.pizza (1/20)

လူသတ်လက်နက် အဖြစ် အသုံးချနေတာပါပဲ။
မသေ သေအောင် အောင်စီဂျင် အငတ်ထားတာသာ ကြည့်တော့။
!PIZZA

Connect

Trade


@myanmarkoko! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Learn more about $PIZZA Token at hive.pizza (2/10)