Bank (cash out)

in #hive2 years ago

Hello „ all my friends.

#ဘဏ်၌ငွေထုတ်ခြင်း

မင်္ဂလာပါ
ဒီကာလ တွေမှာ မမအတွက် စိတ်တိုဒေါသ အထွက်ရဆုံးကတော့ ဘဏ်များ၌ အပ်နှံထားသော ငွေများအား ထုတ်ယူ၍ မရခြင်းကြောင့် ဖြစ်ပါသည်
ဘဏ်များမှ မိမိငွေများအား ထုတ်ယူ၍ မရခဲ့သည်မှာ အခုဆို ၁၀ လ ရှိခဲ့ပြီ ဖြစ်ပါသည်
၂လ ပိုင်းလောက်တွင် ATM များတွင် တိုးကြိတ်ထုတ်နေကြသည်ကို သိခဲ့သော်လည်း မိမိမှာ ဒါလောက်ငွေသားရရှိရန်ခက်ခဲနေငည် မဟုတ်သောကြောင့် လိုအပ်နေသူများရရှိကြပါစေဟုုသာ တွေလျက် ငွေထုတ်ရန် ဆန္န မရှိခဲ့ပါ
အခုလို မိမိငွေများ ဘဏ်မှာအိပ်နေသည်မှာ ၁၀ လကျော် ကြာလာသည့် အခါတွင်တော့ သည်းမခံနိုင်တော့ပါ
ထို့ကြောင့် ဘဏ်အားလုံးသီု ဖုန်ူနံပါတ်များ ရှာဖွေ တောင်းယူပြီး ငွေထုတ်ယူရန် စုံစမ်းရပါတော့သည်

img_0.6160631112580605.jpg

#စုံစမ်းမိသမျှ ဗဟုသုတ

*MAB Bank
ဖုန်းလည်းဆက်မရ ဘဏ်တံခါးလည်းပိတ်ထား ဘယ်မေးရမှန်းမသိ -ဘဏ်ဝန်ထမ်းများအားလုံး သေများသွားပီလားလို့ပင်တွေးမိရတဲ့ စစ်ကိုင်းမြို့က MAB Bank.

*CB Bank
ဖုန်းဆက်မရ ဘဏ်သွားစုံစမ်း ဖုန်းနံပါတ်တစ်ခုပေး တနင်္လါနေ့ ၁၀ နာရီမှ ၁၂နာရီအတွင်း ဖုန်းဆက် တိုကင်ယူရ တစ်ပတ်ကို ၅သိန်း ထုတ်ပေးသည်ဟုပြော၍ -အဟုတ်မှတ်၍ အိမ်ပြန်လာ ဖုန်းငါးလုံးလောက်နဲ့ ရှေ့ချထားပြီး ဖုန်းခေါ် နာရီဝက်နေတော့ စက်ပိတ်ထားပါသည်တဲ့ မကျေနပ်၍ ဘဏ်သွား ပိုက်ဆံထုတ်ချင်တာ ဘယ်လိုလုပ်မှာလည်း သွားမေးတော့ ကြိုက်သလောက် ထုတ်လို့ရပါတယ် 6.5% ပေရပါမယ်တဲ့ ဆဲဖို့ဘဲတန်တဲ့ စစ်ကိုင်းမြို့က CB Bank.

*KBZ Bank
ဘဏ်သွား ငွေထုတ်ချင်တယ်ပြော ထုံးစံအတိုင်း တုံကင်ယူရမယ်တဲ့ တစ်ပါတ်၂သိန်းထုတ်ပေးတယ်ဆိုပြီး တစ်သက်လုုံးမကိုင်တဲ့ ဖုန်းနံပါတ်ပေး - အဲဖုန်းခေါ်ရဖို့က သိန်းတစ်သောင်းခွဲပေါက်သို ကံကောင်းမှ ဖုန်းခေါ်လို့ရမယ့် စစ်ကိုင်းမြို့က KBZ Bank.

*Yoma Bank
callcentre ကို ငွေထုတ်ချင်လို့ပါလို့ ဖုန်းဆက် ကိုယ်account ဖွင့်ခဲ့တဲ့ ဘဏ်ခွဲရဲ့ဖုန်နံပါတ်ရဖို့ အဆင့်ဆင့် ဖုန်းဆက်ရ နောက်ဆုံးဘဏ်ခွဲဖုန်ူနံပါတ်ကို စိတ်ရှည်သည်းခံစွာ ခေါ်ယူပြီးသကာလ ဘဏ်ထဲမှာ သိန်းဘယ်လောက်ရှိရှိ ရက်သတ္တတစ်ပတ် ကို ငွေ ၃သိန်းထုတ်ပေးနေပါတယ် တဲ့
-ဝမ်းသာအားရနဲ့ မှတ်ပုံတင် ဘဏ်စာအုပ်လေးတေယူ စစ်ကိုင်းမှ မန္တလေး သို့ အပြေးလေးသွာွးဘဏ်၌ ၃နာရီလောက်ကြာ စောင့်ထုတ်ခဲ့ရသော -မိမိအား ငွေသား ၃သိန်းထုတ်ယူရရှိခဲ့သဖြင့် ထိုင်တောင်ရှိခိုးရမလားတောင်စဥ်းစားမိရတဲ့ မန္တလေးမြို့က Yoma Bank.

img_0.8678238681050261.jpg

အခုတွေးနေမိတာကတော့ ငါမသေခင် ဘဏ်မှာအပ်ထားတဲ့ ပိုက်ဆံတွေ ကုန်အောင် ထုတ်ခဲ့နိုင်ပါ့မလား လို့

Thanks „ for all.
@mamamyanmar

Sort:  

ဘဏ်မှာ ငွေအပ်မထားမိတာ ကံကောင်းပဲဗျာ

!LOL

What kind of whale plays music?
An Orcastra

@mamamyanmar, I sent you an $LOLZ on behalf of @walarhein
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

မအပ်ထားသူများသည် အလွန်ကံကောင်းသူများ ဖြစ်၏!LOLZ

What kind of whale plays music?
An Orcastra

@walarhein, I sent you an $LOLZ on behalf of @mamamyanmar
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/2)

Yay! 🤗
Your content has been boosted with Ecency Points, by @mamamyanmar.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

kbz ရန်ကုန် ကတော့ k pay ကနေ appointment ရအောင်တင်ပြီး ထုတ်ရတယ်။ငွေလည်း သိပ်မများတော့ အကုန် ထုတ်နိုင်သွားပြီ။တော်တော်​တော့ကြိုးစားပြီး ယူရတယ်။

!PIZZA

စစ်ကိုင်းက တုံကင်ကိုမရတာ ဝန်ထမ်းတွေလုပ်စားနေကြ

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
myothuzar tipped mamamyanmar (x1)
@naythan(13/16) tipped @mamamyanmar (x1)

Please vote for pizza.witness!

အုန်းပွဲ ငှက်ပျောပွဲတင်ပြီး သွားမှရမယ်နဲ့တူတယ်
!PIZZA