ဘဝတဲ့လား

in #myanmar6 years ago (edited)

နွေသရုပ်​အား သိသိသာသာခံစားရသည့်​မြို့​လေးတစ်​မြို့. မြင်းခြံမြို့​လေးပင်​။ထိုမြို့​လေး၌ ​ဆေးလိပ်​ခုံလုပ်​ငန်းနှင့်​ စိုက်​ပျိုး​ရေးလုပ်​ငန်းများသာ အဓိကလုပ်​ကိုင်​ကြသူများဖြစ်​ကြ၏။နွေရာသီ၌ ပူပြင်းမှုအား တစ်​ခြားမြို့များထက်​ပင်​ ပိုမိုခံစားရ​လေသည်​။ရေရှားပါးခြင်းသည်​လည်း မြို့သူမြို့သားတို့၏ အဓိက အခက်​ခဲတစ်​ခုလိုဖြစ်​​နေ၏။
(ယခင်​က ​ရေရှားပါးခြင်းဖြစ်​၏ ယခုအခါ ​ပေါများ​ကောင်း​ပေါများ​နေနိုင်​​ပေသည်​)
တောမြို့​လေးလိုဖြစ်​၍ ​ရောင့်​ရဲတင်းတိမ်​ တတ်​ကြသူများပင်​ဖြစ်​ကြ​လေသည်​။
ထိုသို့​ရောင့်​ရဲတင်းတိမ်​တတ်​သူများထဲ၌ ကိုစိုတစ်​​ယောက်​​တော့ မပါ​ပေ။သူသည်​ကြီးပွားချမ်းသာချင်​သည့်​စိတ်​​ကြောင့်​ မန္တ​လေးကဲ့သို့မြို့ကြီးများ​ပေါ်တက်​၍စီးပွားရှာချင်​​နေမိ​လေ၏။
သူ၏ရပ်​ရွာ​လေး၌လည်း ကိုစိုကား ချို့တဲ့သည်​​တော့မဟုတ်​​ပေ။ကိုပိုင်​အိမ်​​လေးနှင့်​ ကိုယ့်​ယာခင်း​လေး၌ ရာသီ​ပေါ်သီးနှံတို့စိုက်​ပျိုးလုပ်​ကိုင်​၍​နေထိုင်​သူဖြစ်​၏။
သို့​သော်​လည်း မြို့​ပေါ်တက်​၍စီးပွား​ရေးလုပ်​ရန်​ ဆန္ဒကား တားဆီး၍မရ​အောင်​ဖြစ်​​ပေါ်၍​နေ​လေသည်​။
ဤသို့ မြို့​ပေါ်တက်​ချင်​သည့်​အ​ကြောင်းအားသူ၏ငယ်​သူငယ်​ချင်းဖြစ်​သူ ကိုထွန်းလှအား ​ပြောပြမိ​လေသည်​။
"ကိုစို မင်းနဲ့ကွာ ရွာမှာလည်း လုပ်​ကိုင်​စားလို့ရ​နေတဲ့ဟာ တခြားမြို့မှာသွားပြီး စီးပွားရှာမယ်​ဆို​တော့ လွယ်​မယ်​များထင်​​နေလားကိုစိုရ အသိမရှိ ဘာမရှိနဲ့ မင်းရင်​ဆိုင်​စရာ ဒုက္ခ​တွေမနည်းဘူး​နော်​ စဉ်းစားဦး ငါ့သ​ဘောက​တော့ ကိုယ့်​ရွာမှာကို ယာ​လေးလယ်​​လေး ​အေး​အေး​ဆေး​ဆေးပဲ လုပ်​​စေချင်​တယ်​ကွာ"
ကိုထွန်းလှ​ပြောသည်​လည်း သဘာဝ​တော့ကျ​ပေ၏။အသိမိတ်​​ဆွေရှိလျှင်​ပင်​ သွား​ရောက်​လုပ်​ကိုင်​ရန်​ လွယ်​ကူမည်​မဟုတ်​​ပေ။
မိဘများအား ​ပြောပြ​သော်​လည်း မိဘများကား ဘက်​သင့်​မခံကြ​ပေ။
ဖခင်​ကြီးဖြစ်​သူမှ "ငါ့သားရာ အ​ဖေတို့တစ်​မျိုးလုံး ကိုယ့်​ရပ်​ကို့ရွာမှာဘဲ လုပ်​ကိုင်​စားလာတာပါ ဒီမှာ​ကော ဘာမျက်​နှာငယ်​စရာရှိလို့လည်း လူချမ်းသာစရင်းမဝင်​​တောင်​မှ အ​ဖေတို့မိသားစု​တွေ လူဆင်းရဲစရင်းထဲ​တော့မပါပါဘူးသားရယ်​ ကိုယ့်​ယာခင်း​လေးကို ​အေး​အေး​ဆေး​ဆေးပဲ လုပ်​ပါလားသားရယ်​ တခြားမြို့ရွာမှာ သွားလုပ်​ကိုင်​ရင်​ သားဒုက္ခ​ရောက်​မှာ အ​ဖေစိုးရိမ်​လို့ပါ သားရယ်​။"
သူငယ်​ချင်းများနှင့်​ မိဘများကား ကိုယ့်​ရပ်​ကို့ရွာ၌သာလုပ်​ကိုင်​စား​သောက်​ရန်​ ​ဖြောင်းဖျနားသွင်း​​သော်​လည်း ကိုစိုစိတ်​၌ ယိမ်းယိုင်​ချင်း အလျှင်းမရှိ​ပေ။တစ်​​နေ့​နေ့တစ်​ချိန်​ချိန်
အခွင့်​သာခဲ့လျှင်​ သွားဖြစ်​​အောင်​သွားမည်​ဟု ​တေးမှတ်​ထား​လေ၏။
အပိုင်း ၂ဆက်​၍ဖတ်​​ပေးပါရန်
. image
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ကိုစို မြို့ပေါ်ရောက်ရင် ကြီးပွားတော့လေမလား

ဘာ​တွေဆက်​ဖြစ်​လာမလည်း ​မျှော်​😂

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးပါ

တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားကပဲ့ မှန်သွားမလား သေချင်တဲ့ကျား တောပြောင်း ဆိုတာမျိုးပဲ့ဖြစ်မလား

အလဲ့ အလဲ့ စကားပုံ​လေး​တွေနဲ့

စွန့်စားမယ် ကိုယ့်အချစ်ရေ့
လိုက်ရဲလား

စွန့်​စားမို့ 😂

ဆေးလိပ်တော့ သိတယ် အောင်ကြီးရေ လေးလိပ်က ဘာတုန်း

ငမ်းမှားတာအမ

‌စောင့်‌‌မျှော်‌‌နေပါတယ်‌ကို‌အောင်‌ကြီး။

ဟုတ်​ အကို

မြို့ပြလို့ပြောလဲပဲ အမှန်တကယ်တမ်းတော့
တောနက်ကြီးတစ်ခုလိုပါပဲ.... 🎼🎼🎼

အလဲ့ သီချင်း​လေးနဲ့

အရာရာတိုင်းက ပြောင်းလဲနေတတ်တော့ ခုလိုချိန် မန်လေးတက်ရင် လုယက်ဓားထိုးခံရနိုင်တယ် သတိပေးလိုက် သတိပေးလိုက်အောင်ကြီးရေ မတက်ခဲ့နဲု့လို့ ☺☺☺

ငိ အာ့​တော့ဟုတ်​တယ်​ မန်း​လေးသတင်း​တွေကမ​ကောင်းဘူး😢

ရေကြည်ရာ မြက်နုရာပေါ့ဗျာ

ဟုတ်​ပါတယ်​ bro

ဥ အောင် ဟေး သတိထားဗျ.. မန်းလေးမှာ ဓားထိုးမှု လုယက်မှုတွေဆက်တိုက်သတင်းကြားနေရလို့ပါဗျး

ဟုတ်​ပဗျာ😖😖