ဘဝတဲ့လား (အပိုင်း၂)

in #myanmar6 years ago

အပိုင်း ၁ ဖတ်​ရှုရန်
လက်​တ​လော အ​ခြေ​နေ၌ မိဘများလက်​ခံနိုင်​မည်​မဟုတ်​​သေး​ကြောင်း ကိုစိုတစ်​​ယောက်​သုးံသပ်​မိ​လေသည်​။နောက်​မှသာ မိမိ၏မိဘများလက်​သင့်​ခံလာရန်​​ဖြေး​ဖြေးချင်း​ပြောပြရ​ပေ​တော့မည်​။
မန္တ​လေးမြို့ဆိုသည်​မှာလည်း ကိုစိုနှင့်​ မစိမ်းသည့်​မြို့ဟု ဆိုနိုင်​​ပေသည်​။မိမိမ မိဘများ စိုးရိမ်​၍သာ စိုးရိမ်​နေကြခြင်းဖြစ်​သည်​။
တစ်​နှစ်​တစ်​​ခေါက်​​လောက်​ မန္တ​လေးမြို့ ကုန်​စည်​ဒိုင်​များသို့ အခင်းမှထွက်​သည့်​ကုန်​များ​သော်​လည်း​ကောင်း၊အခြား လယ်​ယာသုံးပစ္စည်းလိုအပ်​လျှင်​လည်း​ကောင်း သွား​ရောက်​ဝယ်​ယူ​နေကြပင်​ဖြစ်​သည်​။
ယခုလည်း မိမိတို့​ဒေသ အခင်းအသီးသီးထွက်​ကုန်​များအား သွား​ရောက်​​ရောင်းချရန်​ ပြင်​ဆင်​​နေကြ​လေသည်​။
အချို့ လူပိုမရှိကြသူတို့သည်​ ကိုစိုအား မိမိနယတို့ ​ရောင်းကုန်​များအား လူကြုံ​ပေး၍​ရောင်း​စေကြသည်​။
"ကဲ ကိုစို​ရေ ပစ္စည်း​တွေအကုန်​စုံရင်​ သွားကြရ​အောင်​ဟ။နေသိပ်​မြင့်​​နေရင်​ သွားလို့လာလို့မ​ကောင်းဘူးကွ"
"​အေးပါထွန်းလှရာ မင်းနဲ့​လောလှချည်​လား ကုန်​ဒိုင်​​တွေက ထွက်​မ​ပြေးပါဘူးကွ။ငါထင်​တာမမှားရင်​​တော့ အိမ်​အပြန်​​နောက်​ကျရင်​ ​ရေ​ရောမိမှာစိုးလို့မဟုတ်​လားကွ"
ကိုစိုတစ်​​ယောက်​သူ၏သူငယ်​ချင်းထွန်းလှအား စ​နောက်​​လေသည်​။ ထွန်းလှကား နည်းနည်းပါးပါး ​သောက်​တတ်​သူဖြစ်​၍ ထိုသို့စ​နောက်​ချင်းဖြစ်​သည်​။
"ပြော​ရော့မယ်​ ကိုစို​ရေ မသိရင်​ငါကဘဲ အရက်​သမားကြီးကြ​နေတာဘဲ ဟားဟား "
ထိုကဲ့သို့ တစ်​​ယောက်​ကိုတစ်​​ယောက်​ စ​နောက်​ရင်းထွက်​ခွာလာကြ​လေသည်​။
ကုန်​စည်​ဒိုင်​သို့​ရောက်​​သော်​ ပါလာသည့်​ပစ္စည်းတို့​ရောင်းချကြ​လေ​တော့သည်​။ ကုန်​များအားချိန်​တွယ်​ခြင်း ​ဈေးနှုန်းတွက်​ချက်​ခြင်းတို့ပြုလုပ်​ရ​ပေသည်​။
ဤတွင်​ ထွန်းလှတစ်​​ယောက်​ကား ​ကောင်​တာတွင်​ထိုင်​​နေသည့်​ စာရေးမ​လေးဆီသို့သာ မျက်​လုံးတို့က ​ရောက်​​နေ​လေသည်​။
" ​ဟေ့​ကောင်​ထွန်းလှရ ပစ္စည်း​တွေချိန်​နေတာက ဒီမှာဘာဟ။မင်းမျက်​လုံး​တွေက ဟိုဘက်​ဘာ​တွေများ အသဲအသန်​ကြည့်​​နေတာလဲ" ကိုစိုသိသိနှင့်​​နောက်​​လေသည်​။
ထိုမှသာ ထွန်းလှတစ်​​ယောက်​ "သိပါတယ်​မင်းကလည်း ငါကဘာရယ်​မဟုတ်​​ရှောက်​ကြည့်​​နေတာပါ" ရှက်​ရမ်းရမ်း၍ ​ပြောရှာ​လေသည်​။ ကိုစိုလည်း သူ၏သူငယ်​ချင်း ဖြစ်​​နေပုံကြည့်​ကာ ပြုံးစိစိကြီးဖြစ်​​နေ​တော့သည်​။
ချိန်​တွယ်​ခြင်း၊​ဈေးနှုန်းသတ်​မှတ်​ခြင်းတို့ ပြီး​သောအခါ ​ငွေယူရန်​ စာ​ရေးမ​လေးထိုင်​​နေ​သော ​ကောင်​တာသို့ သွားကြ​လေသည်​။
ထွန်းလှတစ်​​ယောက်​​ငေးမည်​ဆိုလည်း​ငေး​လောက်​စရာပင်​။စာ​ရေးမ​လေးကား အနီး​ရောက်​မှပို၍ပင်​လှ​နေ​တော့သည်​။အသားဖြူဖြူ၊ ၊ ကိုဟန်​သွယ်​သွယ်​​လေးနှင့်​ ပါတိတ်​ဝမ်းဆက်​​လေးဝတ်​​ဆင်​ထား​သောသူမအား ကိုစိုလည်း​သေချာကြည့်​မိ​တော့သည်​။
"ညီမ အရင်​အလုပ်​လုပ်​တဲ့ ​ဒေါ်မြ မလုပ်​​တော့တာလား။"အရင်​ကလည်းလာ​ရောက်​​ရောင်းချခြင်းတို့လုပ်​ဖူး၍ ​ဒေါ်မြနှင့်​ကိုစိုတို့ကား ရင်းနှီး၍ပင်​​နေ​လေသည်​။ယခုမ​တွေ့၍ ထိုစာ​ရေးမ​လေးအား ကိုစို​မေးကြည့်​မိ၏။
"​ဒော်​​လေးမြက ​မလုပ်​​တော့တာမဟုတ်​ဘူး အကို ဒီ​နေ့မအားလို့ ညီမကိုသူ့ကိုယ်​စား လွှတ်​လိုက်​တာပါ ​ဒေါ်​လေးမြက ညီမအ​ဒေါ်​လေ အဲ့တာ​ကြောင့်​ အ​ဒေါ်ကိုယ်​စားဒီ​နေ့တစ်​ရက်​လာလုပ်​​ပေးတာပါ။" ​ပြောလည်း​ပြော လက်​မှလည်း စရင်းတို့တွက်​​နေ​ရှာလေသည်​။
"ရပီအကို ​ရော့ဒါအကိုတို့ကုန်​​တွေအတွက်​ ရမည့်​​ငွေ စစ်​ကြည့်​ပါဦး"ဟုဆိုကာ သူမ၏သွယ်​လျှလျှလက်​​လေးများဖြင့်​ ​ငွေထုပ်​အားကမ်း​ပေး​လေသည်​။
. image
Crd-org-source
( အပိုင်း ၃ ဆက်​၍ဖတ်​ရှု​ပေးပါရန်​ )
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ရင်ခုန် ဖို့လား ရင်တုန်ဖို့လား ဇာတ်လမ်းကတော့စပြီ

ဟုတ်​ပဦး​ထွေး ဟီးဟီး

ကိုစို လား ထွန်းလှ လား
ဇာတ်လမ်းလေး ထွင်မှာက...

ကိုစိုနဲ့ ထွင်​မလို့ကိုဟိန်း

နောက်တစ်ခန်း လက်ဆွဲပြီး စကားပြောတော့မလား မသိဘူး

ဟီးဟီး လက်​​တော့ဆွဲ​လောက်​​သေးဝူးဘုရား😂

ကိုစိုးနဲ့ ထွန်းလှ အဲ့ဒီမှာ စတွေ့ကြပြီလေကွယ်

သူငယ်​ချင်းနှစ်​​ယောက်​ ​တွေ့ပီ

စာရေးမလေးက ချောချောလေးဆိုပါလား။အဟေး ...ဟေး။ဇာတ်လမ်းစတော့မယ်။

တဂယ်​​ချောတာပါ😝

လာဘီ လာဘီ ဒေါ် ဘယ်သူလဲတော့မသိဘူး ☺☺☺

ဒေါ်မြ ​လေးစိုး😂

ဒေါ်မြနဲ့ ကွောင်ကြီး အဆင်ပြေနေပြီလားဟင်

ငိ အ​နော်​နဲ့မဟုတ်​ဘူး​လေ😜

‌စောင့်‌‌မျှော်‌‌နေပါတယ်‌ ကို‌အောင်‌ကြီး‌ရေ။

ဟုတ်​ အကို

အလုပ်မလုပ်ပဲဘာပုလို့ကောင်တာကကလေးမဆီမျက်လုံးကရောက်ရတာလဲ

ဒါကဒီလိုရှိတယ်​ ဦးမင်း😂

ကိုစို ဆို​တော့ ဖတ်​ရတာ ​ထောက်​တာ 😁😁

ကိုစိုး လုပ်​လိုက်​ရမလား😂

ဇာတ်ရှိန်တက်လာပြီ အပိုင်း(၃)မျှော်နေမယ်

ဟုတ်​ ​ကျေးဇူးပါပဲ bro