ဘဝတဲ့လား (အပိုင်း၃)

in #myanmar6 years ago

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုရန်
နောက်​ပိုင်းရက်​များ၌ မကြာခန ဆိုသလိုပင်​ ကိုစိုတစ်​​ယောက်​ ​ဒေါ်​မြ၏တူမ မတင်​​မေရှိရာပွဲရုံသို့ မကြာမကြာ​ရောက်​ရှိ​နေတတ်​​တော့၏။မိမိနယ်​မှ ကုန်​​ရောင်းစရာရှိလျှင်​ ကိုစိုသည်​ပင်​ ဒိုင်​ခံသွား​၍ရောင်းချ​ပေး​နေ​လေသည်​။
" ​ဒေါ်မြကို၌မှပင်​ ဟဲ့ကိုစို အခုတစ်​လော ပွဲရုံလာတာ အခေါက်​​ရေစိတ်​လှချည်​လား"
"ဟုတ်​တယ်​ ​ဒေါ်မြ​ရေ သူများကုန်​​တွေလူကြုံ​ရောင်းခိုင်းလို့လာ​ရောင်း​ပေး​နေတာနဲ့ ခပ်​စိတ်​စိတ်​ဖြစ်​​နေတာ"
ကိုစိုနှင့်​​ဒေါ်မြတို့စကားစပ်​မိကြ၍ ပွဲရုံ၌ယာဉ်​​မောင်းတစ်​​ယောက်​​လောက်​​ရှာ​ပေးရန်​ ကိုစိုအား ​ဒေါ်မြမှ လူရှာခိုင်း​လေသည်​။
မိမိတို့၌ ကုန်​များပို့​ဆောင်​ရန်​ ကားရှိ​သော်​လည်း ယာဉ်​​မောင်းမရှိ၍အခက်​ခဲဖစ်​​နေ​ကြောင်းဆို​လေသည်​။
"ဟာ ဒါများ​ဒေါ်မြရယ်​ ကျုပ်​ကို​စော​စောက​ပြော​ရော​ပေါ့ ကျုပ်​လုပ်​မယ်​ဗျာ ကျုပ်​လည်းကား​မောင်းတတ်​​နေတာဘဲ"
ကိုစိုသည်​လည်း မန္တ​လေးမြို့၌ လုပ်​ငန်းလုပ်​ချင်​​နေသူဖြစ်​၍ ​ရေကန်​အသင့်​ကြာအသင့်​ဖြစ်​သွား​လေသည်​။
"​အေးလုပ်​မယ်​ဆိုလည်း လိုအပ်​တာ​တွေယူပြီး မနက်​ဘဲ ပွဲရုံလာခဲ့​တော့​လေ"
အိမ်​သို့ပြန်​​ရောက်​​သော်​ ကိုစိုတစ်​​ယောက်​မိမိအသုံးလိုသည့်​ ပစ္စည်းများအား ခရီး​ဆောင်​အိတ်​အတွင်းထည့်​​လေ​တော့သည်​။မိခင်​၊ဖခင်​တို့အားလည်း မိမိတို့ကုန်​​ရောင်း​နေကြ ပွဲရုံ၌ ယာဉ်​​မောင်းသွား​ရောက်​လုပ်​ကိုင်​မည့်​အ​ကြောင်း အသိ​ပေး​လေ၏။
ယခုတစ်​ခါ၌ မိဘများလည်း သား၏စိတ်​ဆန္ဒပြင်းထန်​​နေမှု​ကြောင့်​ မတားကြ​တော့​ပေ။
ဖခင်​ကြီးဖြစ်​သူမှ "​အေးကွာ တားလည်းမင်းကသွားချင်​စိတ်​ပြင်းပျ​နေ​တော့ မတား​တော့ပါဘူး လိမ်​လိမ်​မာမာနဲ့ ကြိုးစားပြီးလုပ်​ပါလို့ဘဲ အ​ဖေမှာလိုက်​​တော့မယ်​"
မိခင်​ဖြစ်​သူမှာ​တော့ ဝင်​​ရောက်​မ​ပြောရှာ​ပေ။သားဖြစ်​သူ မိမိတို့နှင့်​ခွဲခွာ၍ တခြားနယ်​၌ သွား​ရောက်​လုပ်​ကိုင်​မည်​ကိုသိရ၍ ဝမ်းနည်း​နေဟန်​တူ​လေသည်​။
"အ​ဖေနဲ့အ​မေတို့ သားရွာထဲသွားလိုက်​ဦးမယ်​"ဆိုကာ ကိုစိုတစ်​​ယောက်​ရွာထဲရှိ သူ၏သူငယ်​ချင်းထွန်းလှအိမ်​သို့သွား​လေ​တော့သည်​။
ကိုထွန်းလှအိမ်​သို့​ရောက်​​သောအခါ ကိုထွန်းလှတစ်​​ယောက်​ စပါးများ​နေလှမ်း​၍နေ​လေသည်​။
"ဟာ ထွန်းလှကြီးကြိုးစားလှချည်​လားဟ"
"အမယ်​ ငစိုရ ဒီအလုပ်​​တွေ တစ်​သက်​လုံးလုပ်​လာတာ မင်းကအခုမှလာပြီး အထူးဆန်းလုပ်​​ပြေလို့ စားပွဲ​ပေါ်မှာ အကြမ်းအိုးနဲ့ လဖ္ဘက်​အုပ်​ရှိတယ်​ ​သောက်​ရင်းခန​စောင့်​ကွာ ငါအလုပ်​ပြီးတာနဲ့လာခဲ့မယ်​"​ပြောပြီးသူ၏အလုပ်​အား ဆက်​၍လုပ်​​နေ​လေသည်​။
ကိုထွန်းလှလည်းမိမိလုပ်​စရာတို့ပြီးလျှင်​ ကိုစိုထိုင်​​နေရာသို့လာထိုင်​​လေသည်​။
"ကဲဆိုစမ်းပါအုန်း အိမ်​တိုင်​ရာ​ရောက်​လာပုံ​ထောက်​​တော့ ဘာများ​ပြောစရာ​​တွေရှိ​နေလို့လည်း ငစိုရ"
ကိုစိုလည်း ကိုထွန်းလှအား ပြုံးစိစိနှင့်​ကြည့်​ကာ" ငါမန္တ​လေးက ငါတို့ကုန်​​တွေ​ရောင်း​နေကြပွဲရုံမှာ ယာဉ်​​မောင်းသွားလုပ်​​တော့မလို့ကွ"
ကိုထွန်းလှ အံ့အားသင့်​​သောမျက်​လုံးများနှင့်​ ကိုစိုအားစိုက်​ကြည့်​မိလိုက်​​လေသည်​။

(အပိုင်း ၄ဆက်​၍ဖတ်​​ပေးပါရန်​)
. image
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ကိုစိုတော့ သူနေချင်တဲ့ မန္တလေးမှာ ယဉ်မောင်း အလုပ် ရသွားပြီပေါ့။

ဟုတ်​တယ်​ဗျ☺

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးပါပဲ

သတိမပေးလိုက်ဘူးလား မန်းလေးလာနက်လို့

လုယက်​မှု​တွေ😢

အစ်‌ကို စာမဖတ်‌နိုင်‌လို့ sorry ညီ ။သူငယ်‌ချင်း‌မွေး‌နေ့ ‌ရောက်‌‌နေလို့ပါ ။

ဟုတ်​ ရပါတယ်​အကိုရ လာမန့်​​ပေးတာကို​ကျေးဇူးပါ

အော် ယာဉ်မောင်းတဲ့လား ခြင်မောင်းရော လိုဘူးလားဟင် ။

ခြင်​​မောင်းလိုရင်​ လုပ်​မို့လား ဟင်​😜

ရွာထဲမရောက်တာကြာလို့ လိုက်ကြည့်တာ။

ဟုတ်​ပ ဆရာ​ပျောက်​​နေတယ်​😄