ဘဝတဲ့လား (အပိုင်း၎)

in #myanmar5 years ago

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုရန်
အပိုင်း ၃ ဖတ်​ရှုရန်
ငစိုတစ်​​ယောက်​တစ်​ကယ်​ပင်​ သွား​ရောက်​လုပ်​ကိုင်​​တော့မည့်​ပုံပင်​။ယခု​ပြော​နေသည့်​ပုံကား စ​နောက်​၍​ပြော​နေသည့်​ပုံမျိုးလည်းမဟုတ်​​ပေ။
" ​​အေးပါကွာ လုပ်​တာလည်းလုပ်​​ပေါ့ ရွာလည်း မကြာခန ပြန်​လာ​ပေါ့ ငစိုရာ။မင်းလည်းသိတဲ့အတိုင်း ဒီရွာမှာ အ​ပေါင်းသင်းဆိုလို့ မင်းကိုသာအခင်​ဆုံးပါကွာ"
ဟုတ်​​တော့လည်းဟုတ်​​ပေသည်​။ကိုထွန်းလှကား ကိုစိုအ​ပေါ်၌ အ​တော်​ပင်​ အနွံနာခံ၍ပင်​ ​ပေါင်းသင်းလာသည့်​သူပင်​။ကိုစိုထက်​ အသက်​အနည်းငယ်​ကြီး၍လည်း ညီငယ်​တစ်​​ယောက်​ကဲ့သို့ ကိုစိုအား ဂရုစိုက်​တတ်​​သေး​ပေသည်​။
ဒါ​တွေကိုလည်းကိုစိုတစ်​​ယောက်​သိ​ပေသည်​။ကိုထွန်းလှနှင့်​ကိုစိုတို့ကား သူငယ်​ချင်းများထက်​ပင်​ပိုကာ ညီအကိုနှစ်​ဦးနှင့်​ပင်​ တူ၍​နေ​လေသည်​။
နှစ်​ဦးလုံးလူလွှတ်​များဖြစ်​ကြ၍ ​ပျော်​ပွဲရွှင်​ပွဲများသွားလာလျှင်​လည်း နှစ်​ဦးသား သွားလာတတ်​ကြသူများပင်​။
ကိုစိုကား​မောင်းအလုပ်​စတင်​လုပ်​ကိုင်​သည့်​​နေ့၌ပင်​ ​ဒေါ်မြမှ သုံးစရာရှိလျှင်​သုံးရန်​ဟုဆိုကာ ​ငွေသုံး​သောင်း ​လာ​ပေး​လေသည်​။
ကိုစိုလည်း လိုရမယ်​ရ ယူ၍ပင်​ထားလိုက်​​လေ၏။
တစ်​​နေကုန်​တစ်​​နေခန်း ကား​မောင်း၍ ဂို​ထောင်​အမျိုးမျိုး ကုန်​အမျိုးမျိုးတို့ ပို့​ဆောင်​​ပေးရ​လေသည်​။
ည​နေနား​နေချိန်​​ရောက်​မှာသာ မိမိ​နား​နေ​ဆောင်​အဖြစ်​ ဂို​ထောင်​အ​ပေါ်ထပ်​ခိုး​လေး၌ ​နေရာရ​လေသည်​။
နား​နေချိန်​များ၌မှု တစ်​​ယောက်​တည်းဖြစ်​၍ အထီးကျန်​သလိုမျိးခံစားရ​လေသည်​။
ကိုစိုတစ်​​ယောက်​ ရသမျှ​ငွေ​လေးများအား ခြစ်​ခြုပ်​စုကာ ထား​လေ၏။
ငွေစု၍သူ​ဋ္ဌေးမဖြစ်​နိုင်​​သော်​လည်း ထိုစုထားသည့်​​ငွေများဖြင့်​ အရင်းအနှီး လုပ်​၍ရသည်​မဟုတ်​​ပေ​လော။
. image
Crd-org-source
ကိုစိုအ​နေနှင့်​လည်း စု​ဆောင်း၍မခင်​​ပေ။စားစရိတ်​အားလုံးမှာ အလုပ်​ရှင်​မှ ကျခံ​ပေး​သောအခါ သူ့အတွက်​ အ​သေးစားအသုံးစရိတ်​​လေးများသာရှိ​နေသည်​။
ကိုစိုနှင့်​ မတင်​​မေတို့သည်​လည်း မကြာခနဆိုသလိုပင်​ အတူတွဲ၍ လုပ်​ကိုင်​လာ​သောအခါ တစ်​ဦး​ပေါ်တစ်​ဦး မသိမသာ သံ​ယောဇဉ်​ တွယ်​မိ​နေကြ​တော့သည်​။
တရားဝင်​ ချစ်​သူများမဖြစ်​ကြ​သေး​သော်​လည်း တစ်​ဦးနှင့်​တစ်​ဦး မျက်​လုံးချင်းဆုံ​လေတိုင်း သံ​ယောဇဉ်​ အရိပ်​တို့ကား ဖုံဖိထား၍မရနိုင်​​အောင်​ ​ပေါ်လွင်​​နေတတ်​​လေသည်​။
. image
(အပိုင်း ၅ ဆက်​၍ဖတ်​​ပေးပါရန်​)
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://www.ta4mx.blogspot.gr/2011/09/blog-post_16.html

😳😳

ဟယ် အပိုင်းလေးက ချီးတက်တဲ့ လာအားပေးသဟ

ဟုတ်​ပ ဦး​ထွေးရာ 😢

စာအရေးအသားတွေတိုးတတ်နေပါလာဟေ့

Posted using Partiko Android

ဟုတ်​အကို အကိုတို့ကို​တော့ မမှီ​သေးပါဘူး😊

ဘဝပါပဲ😁

Posted using Partiko Android

ဘဝ ဘဝ😂

ဘကုံးဘ ဝလုံးဝ ဘာလဲ ဘဝ သေချာတွေးတော မသိနိုင်တယ်

Posted using Partiko Android

ဘဝ ဆိုတာလည်း
ကြိုတင်​မသိနိုင်​တဲ့အရာ​ပေါ့ ကိုဟိန်း

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

‌စောင့်‌‌မျှော်‌‌နေပါတယ်‌ ကို‌အောင်‌ကြီး‌ရေ။

ဟုတ်​ အကို