အချစ် နဲ့ အမုန်း

in #myanmar6 years ago

image
အချစ်ရေကြည်
စမ်းရေပမာ
သောက်ခါသုံး၍
ချိုမြလန်းဆန်း
ရစ်မူးတွေဝေ
ငတ်မပြေနိုင်
ခါခါတောင်းတ
တက်မက်ကြသည်
ချစ်ခြင်းမေတ္တာ ကြောင့်သာတည်း...။
❤❤❤❤❤❤❤❤❤❤❤❤
အချစ်ဆိုတဲ့အရာဟာ...စမ်းရေလို ကြည်လင်အေး
မြနေတဲ့အချိန်မှာ တွေ့တဲ့လူတိုင်းဟာ သောက်
သုံးချင်မိကြတယ်...သောက်သုံးမိတဲ့ အခါတိုင်းလဲ
စမ်းရေလို ချိုမြလန်းဆန်းမှူကြောင့် ထပ်ခါထပ်ခါ
တောင့်တပြီး ငတ်မပြေနိုင်ပဲ တက်မက်ရစ်မူးစွာ
သောက်သုံးနေမိကြတယ်...။
💓💓💓💓💓💓💓💓💓💓💓💓
ရင်တွင်းတံလျှပ်
လျှပ်လျှပ်ထ၍
လောင်မြိုက်ကျွမ်းပူ
ဗလောင်ဆူပွက်
နှလုံးသည်းလွှာ
ပျက်ပြုတ်ယွင်း၍
သဲခြေပျက်သုဉ်း
ရူးသွပ်ရသည်
အမုန်းမီးလျှံ ကြောင့်သာတည်း...။
image
ထို့အတူပဲအချစ်ကနေ အမုန်းဘက်ကို ကူးပြောင်း
သွားပြန်ရင်တော့ ရင်ထဲမှာ တံလျှပ်တွေ အထက်
ထက်ထနေသလို လောင်မြိုက်မှူပေါင်းများစွာနဲ့
နှလုံးသားဟာ ပြုတ်ထွက်မတက် ပူလောင်ပြင်းပြ
ပြီး သည်းခြေတွေဟာလဲ ပေါက်ထွက်မတက် ရူးသွပ်စွာခံစားကြရတာ အမုန်းဆိုတဲ့မီးလျှံကြောင့်
ပဲဖြစ်ပါတော့တယ်...။
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
အချစ်ကစ
အမုန်းမှဆုံး
ဤကမ္ဘာ၌
ခါခါပျက်သုဉ်း
လူတို့ဘုံတွင်
တွေကြဆုံကြ
ကွဲကွာကြနှင့်
လောကဓမ္မတာ
သံသရာလည်ပတ်
မဆုံးနိုင်ကြသည်
ဘဝဇာတ်ခုံဖြစ်ပေတည်း...။
💙🔥💙🔥💙🔥💙🔥💙🔥💙🔥
လူ့လောက လူ့ကမ္ဘာမြေမှာ လူတွေဟာ ချစ်လိုက်
ကြ မုန်းလိုက်ကြနဲ့ တွေ့ကြဆုံကြတဲ့ ခဏတာအ
ချိန်လေး အတွင်းမှာပဲ အမျိုးမျိုး အဖုံဖုံ လောက
သံသရာ ဝဲဂယက်ထဲမှာ၊မဆုံးနိုင်တဲ့ ဘဝ ဇာတ်ခုံ
ပေါ်မှာ ကိုယ့်သမိုင်းကိုရေး ကိုယ့်လမ်းကိုယ်
ဖောက်ပြီး ကကြရမှာပဲဖြစ်ပါတယ်...။
♻🕛♻🕧♻🕐♻🕜♻🕒♻🕢
#credit Google image
image
image

Sort:  

အော် ကိုယ့်သမိုင်းကိုယ်ရေးရမှာပေါ့ ခိုးချလို့မရဘူးလေ cheetah မိသွားမှာပေါ့

😊👍

သံသရာမှာကျင်​လည်​သ​ရွေ့ဒီလိုကြုံ​တွေ့​နေရဦးမှာပဲရှင်​။

ဟုတ်တယ်sisရေ😊👍

အမှန်ပဲဗျာ။လူဆိုတာက ကိုယ့်သမိုင်ူကိုယ်ရေးနေကြသူတွေပါဗျာ

ဘဝသံသရာ​ပေါ့​နော်

👍✔✔✔

မှန်ကင်းတလှည့်ထင်းတလှည့်လိုဘဲ လူတွေဟာ ခုချစ်နေရင်း မုန်းသွားတတ်ကြပြန်တယ် ပြီးတော့ ဗူးသီးသီးတော့ ပြန်ချစ်သွားပြန်ရော

ဟုတ်ပဗျာ😊ခုတစ်မျိုးတေကြာတစ်တစ်မျိုးနဲ့😄

ချစ်​ဘဲ့ချစ်​​မေ

😊👍

ဒီလိုပဲတွေ့ကြုံရဦးမှာပါပဲလေ

😊👍

ခဏတာ ဘဝသံသရာကြီးကတော့ လူသားတွေရဲ့ ချစ်ခြင်းမုန်းခြင်းတွေနဲ့ လည်ပတ်နေတာပါပဲ။

Right 👍

မျှ​ဝေ​ပေးတာ ​ကျေးဇူးပါ

😊👍

Pls f/w back to me &upvote . @chitsone / @ng-chitsonelay

Loading...