Home Stay (Chapter 41)

in #myanmar4 years ago

85ptci.jpg

ကျနော် စ အသုံးပြုခွင့် ရခဲ့သည့် crdroid version က 6.4 ဖြစ်၏။ crdroid 6 က android 10 ဖြစ်၏။ crdroid 5 က android 9 ဖြစ်၏။ ဒီအတိုင်းဆို crdroid 7 က android 11 ဖြစ်မည် ထင်၏။ လောလောဆယ် ကျနော်စသုံးခဲ့သည့် crdroid 6.4 ကနေ 6.6 သို့ ရောက်သွားပြီ ဖြစ်၏။ တကယ်တမ်းကြတော့ ကျနော် 6.3 ကို မှီလိုက်သေး၏။ သို့ပေမယ့် 6.3 မှာ error တွေက များ၊ bug တွေလည်း ရှိနေခဲ့၏။ 6.4 ရောက်မှာ တော်တော်လေး အဆင်ပြေသွားခဲ့၏။

သူက custom rom ဆိုပေမယ့် official rom ဖြစ်၏။ update ရ၏။ အများအားဖြင့် custom rom တွေမှာက Update မရှိ၊ မပေးပေ။ အကယ်၍ update တင်လိုက rom ကို အစအဆုံး down ပြီး တင်ရ၏။ ဆိုလိုသည်က data တွေ ပျက်သွားမည် ဖြစ်၏။ ထိုအချက်က မနှစ်သက်စရာပင်။ ယခု crdroid မှာတော့ ထို ကိစ္စရပ်မျိုး မရှိပေ။ official rom ဖြစ်သဖြင့် update ကို phone ထဲကနေ တိုက်ရိုက်တင်လို့ရ၏။ ပြောရလျှင် ပုံမှန် phone ကနေ update တင်သည့်အတိုင်းပဲ တင်လိုက်ရုံပင် ဖြစ်၏။ ထိုအချက်က crdroid rom ၏ အားသာချက် တခုပင် ဖြစ်၏။

5bwpre.jpg

တခါသားမှ custom rom က ထိုကဲ့သို့ official update ပေးသည်ကို တခါသားမှတော့ မတွေ့ဖူးပေ။ (ကျနော် လေ့လာမှု အားနည်းတာလည်း ဖြစ်ချင် ဖြစ်ပေလိမ့်မည်) သတိထားမိသလောက်တော့ ယခု crdroid မှာပဲ တွေ့ဖူးသေး၏။ သူက မကြာမကြာ update ပေး၏။ အမှန်တော့ နေ့စဉ်ဟု ပြောလျှင် ပိုပြီး မှန်မည် ထင်၏။ တခါတလေကျလျှင်တော့ ရက်ခြား ပေး၏။ သူ့ update က size မသေးပေ။ 1.1 GB လောက်ရှိ၏။ update တိုင်း အဲ့ size ပင်။ update တိုင်း လိုက်တင်နေစရာ မလိုပေမယ့် ကျနော်ကတော့ တင်နေမိ၏။ ပုံမှန် ရက်ခြား Update တွေမှာ ထူးထူးခြားခြား သိပ်မရှိပေမယ့်၊ 6.3, 6.4, 6.5, 6.6 အကူးအပြောင်းတွေမှာတော့ ထူးခြားမှုတွေ ပါလာလေ့ ရှိ၏။

ပြောရလျှင်တော့ big update တွေဟု ပြောလို့ရ၏။ ပြောင်းလဲမှုတွေ၊ အသစ်အဆန်းတွေ ပါလာလေ့ ရှိ၏။ ယခု 6.6 ကတော့ အတော်လေး မိုက်သည်၊ လန်းသည်ဟု ပြောလို့ ရ၏။ ပိုပြီးတော့လည်း AI ဆန်လာသလိုလိုပင်။ သူ့ AI ဆန်ပုံက လူကို အနှောင့်အယှက် ဖြစ်စေလောက်သည့် စနစ်မျိုး မဟုတ်ဘဲ လူကို ပိုပြီး အထောက်အကူ ဖြစ်စေသည့် ပုံစံမျိုး ဖြစ်၏။ ယခင်ထက်လည်း သုံးလို့ ပိုကောင်း၊ ပိုသွက်လာ၏။ နောက်ပိုင်း update တွေမှာ ဘယ်လို ထူးခြား မှုတွေ ပါလာဦးမလဲဆိုပြီး မျှော်လင့်နေမိ၏။ carry on ပါ crdroid ရေ။

Don Jaun

Sort:  

Home Stay ရင်း အလုပ်တော်တော် ဖြစ်နေ့ပေါ့