My Myanmar Poems

in #myanmar5 years ago

အိ ပ်​ မ က်​ ရဲ့ေ နာ က်ေ ဖး


အနာ​တွေ အများကြီးလို့ အ​မေက ​ပြောတယ်
ကျွန်​​တော်​က ကိုယ့်​ကိုကိုယ်​ သိပါတယ်
သည်​တစ်​ဘဝလုံး အကုသိုလ်​​တွေချည်း

ခိုလို ဥာည်းခဲ့ပါတယ်
လေ လို လွင့်​ခဲ့ပါတယ်
စနစ်​ ကြီးလို ဆိုးဝါးခဲ့ပါတယ်

အခု ခိုအိမ်​က​လေး ဘယ်​မှာလည်း
အခု ​လေထဲ ဘယ်​လို လွင့်​မလည်း
အခု စံနစ်​ကြီးကို ယုံကြည်​ချင်​ပါတယ်​ ။ ။


ကျီး က န်း


ဆင်​​သေ​ပေါ် နားပြီး ဆင်​ခိုးမ​ပေါ် ကျွဲခိုး​ပေါ်လို့
ဆင့်​ပါးစပ်​နှမ်းပက်​သလို ဆင်​ကန်း​တောတိုးလို့
ကျီးကြည့်​ ​ကြောင်​ကြည့်​နဲ့
တောကျီးကန်းဟာ ​ကြောင်​​တောင်​ကန်းလို့
ထန်းသီး​ကြွေခိုက်​ ကျီးနင်းခိုက်​တဲ့
ဒေါင်း​ယောင်​​ဆောင်​တဲ့ ကျီးဟာ
ကျီးဖြူ ကျီးမည်း တစ်​​ကောင်​ထဲ​တော့ မဖြစ်​နိုင်​ဘူး ။


ကို ကျူး
၂၃ ဧပရယ်​ ၂၀၁၉ ။