ငွေဝင်လမ်း ၄ မျိုး (part-2)

in #myanmar8 years ago (edited)

in 4.jpg
Images Credit - Original Source

B. စီးပွါးရေးလုပ်ငန်းရှင် (Business Owner)
B ကတော့ စီးပွါးရေးလုပ်ငန်းရှင်ဖြစ်ပါတယ်။ B သည် သူ့လုပ်ငန်းကြီး လည်ပတ်မှုအတွက် ခိုင်မာတဲ့ system တစ်ခုကို ပိုင်ဆိုင်ထားကြပါတယ်။ ထို system ကို အကောင်အထည်ဖေါ်ဆောင်ဖို့အတွက် E နဲ့ S ထဲက လူတော်တွေ၊ ကျွမ်းကျင်ပညာရှင်တွေကို ခန့်ထားကြပါတယ်။
bo 1.jpg
Images Credit - Original Source
S နဲ့ B စီးပွါးရေးလုပ်ငန်းတွေရဲ့ ခြားနားချက်က စနစ်ကောင်းမွန်မှု နဲ့ ၀န်ထမ်းအင်အားပါပဲ။ ထို့ပြင် B သမားမှန်ရင် လုပ်ငန်းစနစ်ထဲမှာ ၀င်မပါပါဘူး။ စနစ်ရဲ့အပေါ်မှာသာ ထိန်းချုပ်လျက်ရှိပါတယ်။ သူတို့လုပ်ငန်းစနစ်ကြီး အောင်မြင်စွာ လည်ပတ်နိုင်ဖို့အတွက် CEO ကြီးတွေ၊ ဒါရိုက်တာတွေ၊ အရည်အသွေးပြည့် မန်နေဂျာတွေနဲ့ ပညာရှင်တွေကို စုစည်းရှာဖွေပြီး စနစ်တွင်းမှာ ဦးဆောင်ခိုင်းပါတယ်။
bo 2.jpg
Images Credit - Original Source
စနစ်ကောင်းတစ်ခုဆိုတာ စီးပွါးရေးလုပ်ငန်းထဲမှာ လုပ်ငန်းရှိရှိ မရှိရှိ system က သူ့အလိုလို လည်ပတ်လှုပ်ရှားနေတာကို ဆိုလိုပါတယ်။ ဒါကြောင့် B လုပ်ငန်းရှင်ကြီးတွေဟာ အချိန်လွတ်လပ်မှုနဲ့ ငွေကြေးလွတ်လပ်မှုတွေ အတန်သင့် ရရှိကြပါတယ်။
B စီးပွါးရေးလုပ်ငန်းရှင်၏ အောင်မြင်မှုကတော့ လွတ်လပ်မှုတွေ ပိုမိုရရှိလာတာ ဖြစ်ပါတယ်။ B အမျိုးအစားထဲမှာ အောင်မြင်လာလေလေ အချိန်တွေ ပိုထွက်လာလေ၊ ငွေကြေးအမြတ်တွေ ပိုတိုးပွါးလာလေလေ ဖြစ်ပါတယ်။ အောင်မြင်သထက် အောင်မြင်လာတာနဲ့အမျှ B သမားသည် I အမျိုးအစားထဲသို့ ဦးတည်ကူးပြောင်းဖို့ အဆင်သင့်ပြင်ထားရုံပါပဲ။ I ဆိုတာ ရင်းနှီးမြှုပ်နှံသူ (Investor)ကို ကိုယ်စားပြုပါတယ်။

I.ရင်းနှီးမြှုပ်နှံသူ (Investor)
Inv 1.jpg
Images Credit - Original Source
I.ဆိုတဲ့ ရင်းနှီးမြှုပ်နှံသူများကတော့ ငွေတွေနဲ့ အလုပ်လုပ်သူတွေ ဖြစ်ပါတယ်။ ငွေတွေကို အလုပ်လုပ်ခိုင်းထားသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ ငွေကြေးရဲ့ အရှင်သခင်တွေ ဖြစ်နေကြတာပါ။ အိမ်ခြံမြေဈေးကွက်၊ စတော့ရှယ်ယာဈေးကွက်၊ စီးပွါးရေးလုပ်ငန်းကြီးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး ငွေတွေကိုတိုးပွါးအောင် လုပ်နိုင်ကြသူတွေ ဖြစ်ပါတယ်။ ဟိုတယ်ကြီးတွေ၊ ဆေးရုံကြီးတွေ၊ မိုးမျှော်တိုက်ကြီးတွေ၊ ကစားကွင်းကြီးတွေကို အပိုင်ဝယ်နိုင် တည်ဆောက်နိုင်ကြသူတွေ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှု (Assets) တွေကို ၀ယ်ယူပြီး ကြီးမားတဲ့ ငွေဝင်လမ်းကြောင်းကြီးတွေကို သွယ်ယူ ဖန်တီးနိုင်ကြသူတွေ ဖြစ်ကြပါတယ်။
Inv 2.jpg
Images Credit - Original Source
I.အမျိုးအစားထဲမှာ အောင်မြင်လာလေလေ ကြွယ်ဝသည်ထက် ကြွယ်ဝလာလေလေ ဖြစ်ပြီး ကိုယ်စိတ်ရှိရာ အိပ်မက်တွေကို အကောင်အထည် ဖေါ်နိုင်ကြပါတယ်။ Time Freedom အချိန် လွတ်လပ်တယ်။ Financial Freedom ငွေကြေးလွတ်လပ်တယ်။ Life-Style Freedom လူနေမှုအဆင့်အတန်း မြင့်မားလွတ်လပ်ကြတယ်။
In 3.jpg
Images Credit - Original Source
နိုင်ငံတကာမှာ ဒီ E.S.B.I အမျိုးအစား ၄ မျိုးထဲက လူတွေဟာ အရေးပါအရာရောက်ကြပါတယ်။ ဘယ်အမျိုးအစားကကောင်းတယ်၊ ဘယ်အမျိုးအစားကမကောင်းဘူးဆိုတာကတော့ မသမတ်တည်းမရှိပါဘူး။ အမျိုးအစားတိုင်းမှာ သူတို့၏ အားနည်းချက် အားသာချက် ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ကြီးပွါးချမ်းသာရေးမှာ ဘယ်အမျိုးအစားဟာ အကောင်းဆုံးလည်းဆိုတာကိုတော့ ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ အများစုသော လူတွေဟာ ကျောင်းပြီးတာနဲ့ E အမျိုးအစားထဲ အလုပ်ဝင်ဖို့ ကြိုးစားကြတာပါပဲ။ အချို့ကျတော့လည်း S အမျိုးအစားဖြစ်ဖို့ပဲ ရွယ်ရည်ထားကြပါတယ်။ B နဲ့ I ကို ရည်မှန်းထားကြတဲ့သူတွေ နည်းပါးလွန်းပါတယ်။
"ကျောင်းတက် စာသင် အလုပ်ဝင်လုပ် ဆိုတဲ့ ပုံစံက E အမျိုးအစားထဲဝင်ဖို့ အစီမစဉ်ချတာပဲ ဖြစ်ပါတယ်။ ကျောင်းတက်၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတခုခုတက်၊ ကိုယ့်အလုပ်ကိုယ်လုပ် ဆိုတာက S သမားဖြစ်ဖို့အတွက်ပါ။ ကျွန်တော်တို့တသက်လုံး E နဲ့ S အတွက် ပညာသင်ယူခဲ့ကြတာပါ။ ချမ်းသာလွတ်မြောက်ချင်တယ်ဆိုရင်တော့ B.I ပညာရေးတွေကို သင်ယူရမှာ ဖြစ်ပါတယ်" လို့ Robert က သူ့စာအုပ်တွေမှာ ရေးသားလေ့ရှိပါတယ်။
in 4.jpg
Images Credit - Original Source
ကျွန်တော်တို့ဟာ ခုလက်ရှိ ဘယ်အမျိုးအစားထဲမှာ လှုပ်ရှားနေရသလဲဆိုတာကို သိရမှာပါ၊ ပြီးရင် ကိုယ်ရောက်နေတဲ့ နေရာရဲ့ အားနည်းချက် အားသာချက်ကို ဆန်းစစ်ဖို့လိုပါတယ်။ ပြီးရင် ဘယ်အမျိုးအစားကို ရည်ရွယ်ထားသလဲဆိုတာ ဆုံးဖြတ်ပါ။ ကိုယ်က E ပဲဖြစ်စေ၊ S ပဲဖြစ်စေ စီးပွါးရေးနဲ့ ငွေကြေးလွတ်မြောက်ဖို့အတွက် B နဲ့ I ကို ရောက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့် စာဖတ်သူ steemit ချစ်သူမိတ်ဆွေများ ငွေဝင်လမ်း ၄မျိုးထဲက ဘယ်အမျိုးအစားနဲ့ ငွေရှာမလဲ၊ အနာဂတ်မှာ E.S.B.I ထဲက ဘယ်လိုလူစားမျိုးအဖြစ် အောင်မြင်ချင်သလဲဆိုတာ ကိုယ်တိုင်စဉ်းစားဆုံးဖြတ် ကြိုးစားရင်း Life-Style Freedom လူနေမှုအဆင့်အတန်း မြင့်မားလွတ်လပ်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေလို့
Happy-family-nice-HD-wallpaper-1920x1080.jpg
Images Credit - Original Source
@kyawhlaing
MSC - 015

Sort:  

အသိပညာ များစွာတိုးရပါတယ်ဗျာ။

ကျေးဇူးတင်ပါတယ်ဗျာ

You got a 49.92% upvote from @slimwhale courtesy of @myintlwinsoe!

Did you know you can make a passive income by simply delegating steem power?
@slimwhale offers the best return on your investment, sharing 100% of the bidding pool rewards, daily, proportional to your investment.
Let's grow together, start earning now by clicking the following links: 10SP, | 50SP | 500SP, | any amount |
For more information, see here or join me on Discord

ကျေးဇူးပါအကို​ရေ.....။
အများကြီး အ​ထောက်​အကူရပါတယ်​။

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မှတ်​သားစရာ​တွေအများကြီးပါရှင်

ဟုတ် ဖတ်ပေးတာကျေးဇူးတင်ပါတယ်ဗျာ

မသိတာတွေသိရတဲ့အတွက် ဗဟုသုတရပါတယ်

ဖတ်ပေးတာကျေးဇူးတင်ပါတယ် bro

အရမ်း​ကောင်းတဲ. Post ပါ bro​ရေ

ကျေးဇူးပါနော်

ဖတ်ရတာ ဗဟုသုတရရပါတယ် p 3 မျှော်နေပြီဗျာ

ဖတ်ပေးတာကျေးဇူးပါ bro

မှတ်သားစရာတွေကြီးပါပဲ

ဟုတ် ကျေးဇူးပါဗျာ

အိုင်အတွက်ကြိုးစားနေတာဗျ

မြန်မြန်ဖြစ်ပါစေဗျာ ကျေးဇူးပါ

ဗဟုသုတရပါတယ်။မှတ်သားစရာတွေပါပဲ

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်