ဘယ်လိုစီးပွါးရေး လုပ်မလဲ သို့မဟုတ် ွေရှာနည်း

in #myanmar4 years ago

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။
ကိုင်း ဘာလုပ်စားကြမလဲ ညီအစ်ကိုအပေါင်းတို့။ ပြောရမယ်ဆိုရင် ဒီလိုအချိန်မှာ ဘယ်လိုငွေရှာမလဲပေါ့။ ကိုယ်နဲ့အဆင်ပြေဆုံး ငွေရှာနည်းကို လက်ရှိအချိန်မှာ ပြောင်းလဲလုပ်ကိုင်တတ်ဘို့ အရေးကြီးပါတယ်။ကျွန်တော်လည်း fbပေါ် အားကိုးရှာပုံတော် ဖွင့်လိုက်တော့ ဆရာမာသင်ရဲ့ဟောပြောချက်တစ်ချို့ကို သွားတွေ့တယ်။ အများကြီးကို မမှတ်မိပေမယ့် ထိုအချက်တွေထဲက နှစ်ချက်ကို အရမ်းနှစ်သက်ခဲ့မိတယ်။ ထိုနှစ်ချက်အကြောင်းကို မျှဝေပေးပါရစေ။
စီးပွါးရေးလုပ်တော့မယ် ငွေရှာတော့မယ်ဆိုရင် ဘာလုပ်ငန်းလုပ်ဖို့ ဦးစွာပထမစဥ်းစားရမှာပါ။လူတိုင်းနီးပါး ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းလေး လုပ်ချင်ပေမယ့် ဘာလုပ်ရမှန်း မသိလို့ ဘယ်ကစ ရမှန်းမသိလို့ အဆက်အသွယ်မရှိလို့ စသဖြင့် ကနဦး ခြေလှမ်းကို မစတင် မလုပ်ကိုင် ဖြစ်ကြဘူး။လွယ်လားဆိုတော့ မလွယ်ပါဘူး။ ခက်လားဆိုတော့ နည်းသိရင် မခက်ပါဘူး။ တကယ်တမ်းက လက်တွေ့စလုပ်ဖြစ်ဘို့ခက်တာ။ တကယ်လုပ်ဖြစ်ရင် လုပ်ငန်းက တစ်ဖြည်းဖြည်းသင်သွားပါတယ်။ စျေးတွေထဲမှာ ကြည့်ကြည့်ပါ။ လူတန်းစားပေါင်းစုံ သူ့အဆင့်နဲ့သူ လုပ်ငန်းပေါင်းစုံ လုပ်ကိုင်စားသောက်နေကြတယ်။ အလွှာပေါင်းစုံ ရှိပါတယ်။ အရင်းအနှီးမရှိလို့ မလုပ်နိုင်တာပါဆိုတာ မဖြစ်သင့်ကြောင်း ထိုအချက်တွေက သက်သေပြနေပါတယ်။ တကယ်တမ်း အရေးကြီးတာက စ လုပ်ဖြစ်ဖို့ပါ။ ဟုတ်ပြီ ဘယ်လို လုပ်ငန်း ဘယ်လိုငွေရှာရမလဲ ဆိုတာကို ဆရာမာသင်ရဲ့ တွေးခေါ်ပုံကို ပြောပြပါ့မယ်။ ပထမဦးစွာ ကိုယ်လုပ်မယ့် ပတ်ဝန်းကျင်မှာ ပြဿနာ ရှာပါတဲ့။ လူတွေ ဘာအခက်အခဲရှိနေလဲ ဘာတွေလိုအပ်နေလဲ ၊ဘာတွေတောင်းဆိုနေလဲ စသဖြင့် ကိုယ့်လုပ်ငန်းက လူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တာကို စ စဥ်းစားရမှာဖြစ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းဆိုလည်း လက်ရှိအချိန် ဒီလိုနေရာမှာ အခက်အခဲတွေကိုဖြေရှင်းပေးဖို့ delivery လုပ်ငန်းတွေ လိုအပ်နေလား။လူတွေရဲ့ စားသုံးမူအခက်အခဲ ကို စဥ်းစားမလား ၊ ခံစားမှု အခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် ကုန်ထုတ်ပစ္စည်းတွေ ရောင်းမလားပေါ့။ဥပမာ အခုလက်ရှိအချိန်မှာဆို ကြောက်ရွံ့မှုနည်းပါးအောင် ကာကွယ်ရေးပစ္စည်း maskတို့ဘာတို့ ဖြန့်ချီတာပေါ့ဗျာ။ဆိုလိုချင်တာကလူတွေရဲ့ လိုအပ်ချက်တွေ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ လုပ်ငန်းဖြစ်ဘို့လိုပါတယ်။ လူတွေရဲ့ပြဿနာကို များများရှာဖွေနိုင်လေ လုပ်ငန်းအမျိုးအစား များလေ ဖြစ်ပါတယ်။ထိုအထဲကမှ ကိုယ်နဲ့သင့်တော်တာ ကိုယ်လုပ်ချင်တာကို စလုပ်ပေါ့။ လူတွေ ဘာလိုအပ်ချက်ရှိနေလဲ ဘာပြဿနာတွေ ဖြစ်နေလဲ ငါဘာဖြည့်ဆည်းပေးနိုင်မလဲဆိုတာကို ဦးစားပေး စဥ်းစားရမှာပါ။ ဒါဟာ ငွေရှာဘို့အတွက် အရေးကြီးဆုံး သိရမယ့် အရာပါ။နောက်တစ်ချက်ကိုတော့ နောက်နေ့မှာ ဆက်လက်တင်ပြပါမယ်လို့ ပြောကြားရင်း ဒီနေ့တော့ ဒီလေါက်ပါဘဲ မိတ်ဆွေတို့ရေ။
ကျန်းမားချမ်းသာကြပါစေ။

မဟော်(ရှားကိုး)
9/5/2020
7:17 am

Sort:  

ဘယ်လုပ်ငန်းမဆို ဇွဲရှိဖို့က အဓိက ပါ

ျေးဇူးပါ