စာရေးသားခြင်း သို့မဟုတ် steemitလွမ်းခြင်း

in #myanmar4 years ago

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။
စာရေးသားခြင်း စာဖတ်ခြင်းနဲ့ပက်သက်လို့ အနည်းငယ်ဆွေးနွေးပါရစေ။ကျွန်တော်ဆို စာမဖတ်ဖြစ်တော့ စာလည်းမရေးဖြစ်ခဲ့ဘူး။ မအားဘူးဆိုတဲ့အကြောင်းပြချက်နဲ့ မလုပ်ဖြစ်ခဲ့ဘူး။တကယ်တမ်းက ပျင်းတာပါ။အလေ့အကျင့်ဆိုတာ အရှိန်လေးလိုအပ်သလို တွန်အားလေးလည်း လိုအပ်တယ်။ဥပမာ ပတ်ဝန်းကျင်က စေ့ဆော်တာ တစ်ခုခုရှိသင့်တယ်။ကောင်းတဲ့အလေ့အကျင့် ပြောတာပါ။မကောင်းတဲ့အလေ့အကျင့်ကတော့ အဆင်းကိုဘီးလှိမ်သလိုပါဘဲ။
ကျွန်တော်ဘဝမှာ အမြဲတမ်းအမှတ်ရစေမယ့် ဘဝအခိုက်အတန့်လေး ရှိခဲ့တယ်။ ထိုအချိန်ကတော့ လွန်ခဲ့သော၂နှစ်လောက်က steemitမှာ စာရေးခဲ့တဲ့အချိန်ဘဲ။ နောက်ပိုင်းစာမရေးနိုင်တော့ပေမယ့် ရေးခဲ့တဲ့postတွေကို ပြန်ဖတ်ဖြစ်တယ်။ မှန်တာဝန်ခံရရင် ပီတိဖြစ်မိတယ်။ ဒါကြောင့် fbပေါ် တင်ဖြစ်ခဲ့တယ်။ ငါရေးတာမှ ဟုတ်ရဲ့လားပေါ့ (အယ်လဲ့ ! )ပီတိဖြစ်မှုနှင့်အတူ steemitက ညီအစ်ကိုမောင်နှမတွေကိုလည်း သတိရခြင်းနှင့်အတူ ကျေးဇူးတင်မိတယ်။ တစ်ချိန်က အချိန်တွေကို လွမ်းမိတယ်။gpမှာ ရန်ဖြစ်နေတာတွေကို ပြန်တမ်းတမိတယ်။ တော်သေးတယ်း ပုဂံ gathering ကိုသွားခဲ့လို့။ နောင်နှစ်မှသွားမယ်ဆို ဒီလိုခံစားဖို့ ကုန်ကြမ်းရမှာမဟုတ်ဘူး။ ကျွန်တော့်အနေနဲ့ကတော့ ဝါသနာသူတွေ အမြဲတမ်း အဆက်အသွယ်မပြတ် စည်းစည်းလုံးလုံးရှိရင် ဘဝအတွက် ခွန်အားတစ်စိတ်တစ်ဒေသဖြစ်စေပါတယ်။ အပန်းဖြေ messanger မှာ စကားပြောခွင့်ရရင် ပျော်ရွှင်မှုတစ်ခုပါဘဲ။ ဒီနေ့ဘဲ ကျွန်တော်တို့ရဲ့ထာဝရleaderကြီး မမကြည်နဲ့ စကားပြောရတော့ ဟိုတစ်ချိန်က MSCကိုသတိရမိတယ်။ စာဖတ်ခြင်းခေါင်းစဥ်ကနေ steemit တမ်းခြင်းဖြစ်နေပြီ။တကယ်ပါ လွမ်းမိပါတယ် MSCရေ။ ဖြစ်နိုင်ရင် ဒီနှစ်တွေ့ချင်စမ်းပါဘိ။ဘယ်အရာမဆို ကိုယ်ပြုလုပ်ခဲ့တာက အကျိုးမယုတ်ပါဘူး။ ထိုအချိန်က ကြိုးစားရေးသားခဲ့တာကြောင့် postပေါင်းများစွာ websiteပေါ် တင်နိုင်ခဲ့ပါတယ်။ ထိုpostတွေကြောင့်ဘဲ အခုပြန်ရေးသားဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် voteရဖို့ထက် စာရေးသားခြင်းသက်သက်ပါ။ steem တို့ steem powerတို့တောင် ဒီအတိုင်း ပစ်ထားတာပါ။voteထက် cmကို ပိုမျှော်လင့်ပါတယ်။စာရေးတော့စာဖတ်ဖြစ်တယ် စာဖတ်တော့ စာရေးဖြစ်တာပေါ့။ထိုဘဝလေးကို ပိုနှစ်ခြိုက်မိပါတယ်။ပြောရမယ်ဆိုရင် စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးဟာ အများကြီးပါ။အဓိက ကျွန်တော်တို့လုပ်ဖို့လိုအပ်တာက ဝီရိယရှိဖို့နဲ့ စေ့ဆော်မှုဖြစ်စေတဲ့ ပတ်ဝန်းကျင်ကောင်းလေး ဖန်တီးနေဘို့ပါဘဲ။ဒါဆို မပြတ်လုပ်ဖြစ်စေမှာပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်နော်။
ကျန်းမာပျော်ရွှင် ကြပါစေ။

@mahaw

Sort:  

သိပ်မှန်တာပေါ့ ကိုမဟော်ရာ။ တစ်ချို့ ကိုယ်ရေးထားတဲ့စာတွေ ပြန်ဖတ်ပြီး
ခုချိန်မှာ ကိုယ့်ကိုယ်တောင် သံသယဝင်မိတယ်။

ဟုတ်တယ်ညီရေ။အရည်အချင်းဆိုတာတဖြည်းဖြည်းတိုးတက်လာတဲ့သဘောပေါ့။ဒါဟာတစ်စိုက်မတ်မတ် ပြုလုပ်ခြင်းရဲ့သင်္ကေတပေါ့ျေးဇူးပါညီ

မျှော်လင့်လျက်ပါ ကိုမဟော်ရေ....

ဖြစ်လာမှာပါကိုဟင်