ဖြစ်သမျှအကြောင်း

in #myanmar3 years ago

နေ့ရက်တိုင်းသည် ပျော်ရွှင်သောနေ့ မဖြစ်နိုင်သလို
ဆိုးရွာသောနေ့လည်းမဖြစ်နိုင်ပါ။ အကောင်းနဲ့အဆိုး
ဒွန်တွဲနေသည်ဟု ပြောကြသည်။ ကျွန်တော်ကား
အကောင်းနဲ့အဆိုးကို သက်သက်စီခွဲထားလို့မရဘူး
လားဟု အတွန့်တက်ချင်သည်။ အဲ့ဒီတော့ ကမ္ဘာကြီး
ကိုနှစ်ခြမ်းခွဲ လူဆိုးတွေကတစ်ခြမ်း၊ လူကောင်း
တွေကတစ်ခြမ်း။ အလည်စည်းမှာ ဆိုင်းပုဒ်လေး
ထောင်ထားမည် မကြူးကျော်ရ။ အဲ့ဒါမှ မအလနှင့်
သူ့လူတစ်စုလည်း ထိုအခြမ်းမှာ ထင်သလိုကြမ်းတမ်း
မိုက်ရိုင်းကြပေါ့ အဆိုး၊ အဆိုးချင်းဆိုတော့ ပြဿ
နာမရှိ။ အခုတော့ကား... ။

ဗုံးကွဲသံများကို နေရာအနှံ့ကြားရသည်။ အထူးသဖြင့်
မိုင်တဲ တာဝါတိုင်များ ဗုံးကွဲခံရသည့်ကြောင်းဖြစ်
သည်။ မင်းရေး ကျယ်လွန်းပါသည်။ ထို့ကြောင့်
ထင်တစ်လုံးဖြင့် လိုရာစွဲမတွေးချင်။ သို့သော်
မကြားချင်လည်းကြားနေသည်။

"မနေ့က ဟိုဘက်ထိပ်ကအိမ် ဗုံးခွဲခံရတယ်တဲ့။
မိန်းမကပွဲချင်းပြီးသေ။ ယောကျာ်းက ဒဏ်ရာပြင်း
လို့ ဆေးရုံတင်ထားရတယ်။ ဗုံးဖောက်သွားတာက
လူငယ်ကောင်လေးနှစ်ယောက်တဲ့။ အိမ်ထဲ ဗုံးပစ်ထဲ့
ပြီး ဆိုင်ကယ်နဲ့ပြေးသွားတာ။"

"သနားပါတယ်ဟယ်..."

"ဘာသနားစရာရှိလဲ ဒလန်တွေ သေတာတောင်နဲ
သေးတယ်။ သူတို့လင်မယားက အစိမ်းမှအစိမ်း။
ပြီးတော့လည်း ထောင်ထောင် ထောင်ထောင်နဲ့"

"ဘာထောင်တာလဲအေ့"

"နုံလိုက်တာအေ။ စွာကျယ်လုပ်တာကိုပြောတာအေ့"

ထိုထိုသော စကားများသည် နေ့စဥ်သုံးစကားများ
တွင် မပါမဖြစ် ဖြစ်လာသည်။ ကျွန်တော်ကတော့
နိုင်ငံရေးအကြောင်းကို မပြောချင်ပါ။ လူတစ်
ယောက်အဖြစ်ဆိုးနဲ့ သေရခြင်းအကြောင်းကိုသာ
သိသလောက်မျှဝေပေးချင်ပါသည်။ လူသားတိုင်းက
အသက်ရှိကြသည်။ မိမိအသက်ကို တန်ဖိုးထားကြ
သည်။ ကြီးကျယ်သည်တော့ မထင်လေနှင့် တရား
သဘောဖြင့် ဖတ်ဖူးသမျှ ပြောပြရလျှင်။
လူတစ်ယောက် အဖြစ်ဆိုးဖြင့်သေရခြင်းသည်
အချက် ၂ ချက်ကြောင့်ဖြစ်သည်။

နံပက် - ၁
ထိုသူ၏ပြုလုပ်ခဲ့သော အတိတ်ဘဝက
မကောင်းမှုကံ။

နံပက် - ၂
အကြောင်းတိုက်ဆိုင်လာသောအခါ ထိုမကောင်းမှုကံ
များက အကျိုးပေးခြင်းကြောင့် ဖြစ်ပါသည်။

ထိုသို့ဆိုသော ထိုအကြောင်းတရားဖြစ်ပေါ်လာ
အောင် လုပ်သော မအလကိုသာ ကလော်တုတ်ကြပါ
ကုန်။ ကျွန်တော်နိုင်ငံရေးအကြောင်းမပြောချင်ပါ
(ရယ်ကျဲကျဲဖြင့်)။ တရားသဘောသာပြောပါမည်။
အကယ်၍ ၄င်းသာအာဏာမရူးခဲ့လျှင် ယခုလို
အဖြစ်ဆိုးနှင့်မသေနိုင်ပေ။ အဘယ်ကြောင့်ဆိုသော်
အတိတ်ဘဝက မကောင်းသည့်ကံများလည်း
အကျိုးပေးရန်အခွင့်မသာပဲ လူဘဝတွင် ဒီထက်
အသက်နဲနဲပိုရှည်စွာ နေနိုင်ပေမည်မဟုတ်လား။
ယခုချိန်တွင် ဖြစ်သမျှကံဆိုးမှုများ၏ တရားခံသည်
မအလသာဖြစ်ပါသည်။ ထို့ကြောင့် ယခုချိန်တွင်
အလုပ်အဆင်မပြေလျှင် သူ့အားဆဲမိပါသည်။ စိတ်ညစ်လျှင်သူ့အားဆဲသည်။ ရောဂါဖြစ်လျှင်
သူ့အားဆဲမိသည်။ ဖြစ်သမျှအဆိုးအားလုံးကို
သူ့ကိုဆဲမိသည်။ ကန်တော်ပါရဲ့ နောက်ဆုံး
ဝမ်းချုပ်လို့ အိမ်သာထိုင်တက်ရင်း ၄င်းမျက်နှာအား
မြင်ယောင်မိ၍ ဆဲမိသည်အထိပင်ဖြစ်ပါတော့သည်။

အထက်ပါအကြောင်းရာများသည် မိမိတွေးမိသမျှကို
ရေးသားထားခြင်းဖြစ်သောကြောင့် အမှားပါခဲ့ရင်
ဂရုဏာဒေါသောဖြင့် ခွင့်လွတ်ပေးကြပါရန်။
အနူးညွတ်တောင်းပန်လျှက်...

ကိုကိုမိုးဟိန်း
သစ်အယ်သီး

img_0.5018242286607875.jpg

ဘာပဲဖြစ်ဖြစ် ဒီနေ့ကျွန်တော် အသက်ရှင်နေသေးလို့
ဘုရားကိုကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို
မွေးထုတ်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်ပါ
တယ်။ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ ကမ္ဘာကြီး
ကို ကျေးဇူးတင်တယ်။ ကျွန်တော့ကို သိသူ၊ မသိသူ၊
မုန်းသူ၊ ချစ်သူ အားလုံးကို ကျေးဇူးတင်ပါတယ် ...

ကျွန်တော်ဒီနေ့အသက်ရှင်နေတယ်။ ချီးယား...
အဆွေရော ဘယ်လိုရှိလဲ။ ကျန်းမာပါစ။
စိတ်ညစ်တာတွေမေ့ထား။ အဆင်မပြေတာတွေ
မေ့ထား။ မုန်းတဲ့သူတွေကိုမေ့ထား။ အဆွေ့စိတ်ကို
မပျော်မရွှင်ဖြစ်စေတဲ့ အရာအားလုံးကိုမေ့ထားပါ။
လက်ရှိရှင်သန်နေရတဲ့အချိန်လေးကို တန်ဖိုးထားပါ။
အနည်းဆုံးတော့ အဆွေအသက်ရှင်နေသေးလို့
ပျော်ရွှင်ပါ။ ဂုဏ်ယူပါ။ ကျေးဇူးတင်ပါ...


<<---(Myanmar Language)--->>


# The future is in your hand# Do not kill the time# If you love yourself
# Never give up!# Try your BESTScreenshot_2021_0706_202202.png

Untitled13.png


Connect to me>>> Touch Image

KoKoMoeHeinMyanmarkoko5kokomoehei7
26-261903_facebook-f-logo-transparent-background-download-facebook.pngimage.png5a4e9e5b232b9ff0848852b19665cf59.jpg


Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
24.09.21


Screenshot_2021_0706_191708.png


Sort:  

ဖြစ်သမျှအကြောင်း အကောင်းလို့မှတ်လိုက်ပါ အကို
!PIZZA

ဟုတ်ကဲ့ အဲ့သလိုပဲတွေးလိုက်ပါတယ် အကို။

!PIZZA

!LUV

@naythan! I sent you a slice of $PIZZA on behalf of @myanmarkoko.

Learn more about $PIZZA Token at hive.pizza (2/10)

<><

<><

LUV

Connect

Trade


@naythan, you've been given LUV from @myanmarkoko.

Check the LUV in your H-E wallet. (1/1)

@myanmarkoko! I sent you a slice of $PIZZA on behalf of @naythan.

Learn more about $PIZZA Token at hive.pizza (3/10)