နည်းလမ်းမသိ​သောယင်​​ကောင်

in #myanmar6 years ago

ကြယ်​စင်​စား​သောက်​ဆိုင်​၏ တိတ်​ဆိတ်​ငြိမ်​သက်​​သော အခန်းတစ်​ခုတွင်​ကျွန်​​တော်​ထိုင်​​နေ​လေသည်​။ စား​သောက်​ဆိုင်​မှာ မြို့ပြင်​ဘက်​နည်းနည်​​ရောက်​​နေပြီး ကျွန်​​တော်​၏အိမ်က​​နေ ဆိုင်​ကယ်​ဖြင့်​သွားလျှင်​ နာရီဝက်​ခရီး​လောက်​မှာ ရှိ​နေသည်​။ ထိုဆိုင်​သည်​ ငြိမ်းချမ်း​သော​နေရာ​လေးဖြစ်​ပြီး ကျွန်းပင်​ကြီး၏အရိပ်​များက ဆိုင်​အ​ပေါ်ကို အုပ်​မိုးထားသဖြင့်​ အရိပ်​အာဝါသ​ကောင်း​သော ဆိုင်​တစ်​ဆိုင်​လည်း ဖြစ်​​လေသည်​။
သို့​သော်​ကျွန်​​တော်​နှင့်​သုံး​လေး​ပေခန့်​ အကွာတွင်ေ​သ​ရေးရှင်​​ရေးတမျှ​မော​မောပန်းပန်းနှင့်​ ကြိုးပမ်းရုန်းကန်​​နေသံတစ်​ခုကို ကျွန်​​တော်​ကြား​နေရသည်​။ယင်​​ကောင်​​လေးတစ်​​ကောင်​ ပြတင်းမှန်​ချပ်​ကို​ဖောက်​ထွက်​နိုင်​ရန်​ အပြင်းအထန်​ကြိုးစား​နေ​​လေသည်​။သူ့ခန္ဓာကိုယ်​တွင်​ ကျန်​ရှိ​နေ​သောစွမ်းအားကို ဖြစ်​နိုင်​စရာမရှိသည့်​ သည်​ပြတင်းမှန်​ချက်​အ​ပေါ်တွင်​ သူဖြုန်းတီး​နေသည်​ဟု ထင်​မိသည်​။ကျယ်​သထက်​ကျယ်​လာ၊ ညံသထက်​ညံလာသည့်​ သူ၏​တောင်​ပံခတ်​သံသည်​​ကြေကွဲ​စရာ​ကောင်းလှ​လေသည်​။ကြိုးစား၊မရရ​အောင်​ကြိုးစား၊ မ​အောင်​မြင်​မခြင်း ကြိုးစား၊ ဟူ​သောလုံ့လဝါဒ လမ်းစဉ်​ကိုလိုက်​သကဲ့သို့ပင်​။သို့​ပေမဲ့ ခု​လော​လောဆယ်​ သည်​လမ်းစဉ်​ကသိပ်​အလုပ်​မဖြစ်​။
အသည်းအသန်​ကြိုးစားရုန်းကန်​​နေ​သော်​လည်း သူ့အတွက်​လွတ်​လမ်း​ပေါ်မည်​ဟုမထင်​ရ။ရှင်​သန်​မည့်​အလားအလာလည်း နည်းနည်းမျှပင်​မ​တွေ့ရ​ပေ။ တကယ်​​တော့ သူရဲ့မစဉ်းစားမဆင်​ခြင်​ အားထုတ်​​နေခြင်း​ကြောင့်​ပင်​ သည်​​ထောင်​​ချောက်​အတွင်းမှ သူထွက်​မရခြင်းဖြစ်​​နေသည်​။ပို၍ပို၍ အားထုတ်​ရုန်းကန်​​သော်​လည်း ပြတင်းမှန်​ချပ်​ကိုကား​ဖောက်​ထွက်​လာနိုင်​စရာ အ​ကြောင်းရှိကိုမရှိ​ပေ။သို​ပေမဲ့ယင်​​ကောင်​​လေးက​တော့ သူ့ရည်​မှန်းချက်​ပန်းတိုင်​​ရောက်​ရှိ​ရေးအတွက်​ အသက်​ပင်​​ပေးရ​ပေးရ ဟူ​သောစိတ်​ဓါတ်​မျိုးဖြင့်​ အားထုတ်​ရုန်းကန်​သွားရန်​ ဆုံးဖြတ်​ချက်​ခိုင်​မှာလျက်​ ရှိ​နေသည်​။ထို​ကြောင့်​ ဝမ်းနည်းစရာ​ကောင်းလှ​သော ယင်​​ကောင်​၏ဘဝနိဂုံးကို မြင်​​နေရ​လေသည်​။သူသည်​ သည်​ပြတင်း​ပေါက်​​ဘောင်​​ပေါ်တွင်​သာ​သေပွဲဝင်ရ​​တော့မည်​မှာ​သေချာလျက်​ရှိ​လေသည်​။
တကယ်​​တော့ အခန်း၏တစ်​ဖက်​ခြမ်း သည်​မှန်​ပြတင်း​မှ​ခြေဆယ်​လှမ်းအကွာတွင်​ တစ်​ခါးမကြီးပွင့်​လျက်​ရှိ​လေသည်​။လေး၊ငါး စက္ကန့်​ပျံသန်းရုံဖြင့်​ပင်​ ယင်​​ကောင်​ငယ်​သည်​ သူ​တွေ့မြင်​​နေရ​သောအပြင်​​လောကသို့ တစ်​ခနအတွင်း​ရောက်​သွားနိုင်​​လေသည်​။ ထို့​ကြောင့်​ မှန်​ပြတင်းမှထွက်​ရန်​ အသည်းအသန်​ကြိုးစားအားထုတ်​​နေသည်​ကို ခန​လေးနားကာ​ဘေးဘီသို့ပတ်​ပျံကြည့်​ရုံမျှဖြင့်​ မိမိဘာသာထည့်​သွင်းထားသည့်​​ထောင်​မှ လွတ်​​မြောက်​နိုင်​​လေသည်​။မှန်​နံရံ​ဖောက်​ထွက်​နိုင်​​သော အခွင့်​အလမ်း သို့မဟုတ်​ အခန်းတွင်းမှ လွတ်​​မြောက်​နိုင်​​သောအခွင့်​အလမ်းသည်​ ထိုအနီးအနား​လေးမှာပင်​ ရှိ​နေ​လေသည်​။ သိသူအတွက်​ လွတ်​​မြောက်​ဖို့အလွန်​လွယ်​ကူ​လေသည်​။
သို့​သော်​ဇွဲကြီးလှ​သော ထိုယင်​​ကောင်​သ​ည်​​နောက်​တစ်​မျို​ပြောင်းပြီး ကြိုးစားအားထုတ်​ရရန်​ မသိ​ပေ။ သူ​ရွေးချယ်​ခဲ့သည့်​ တစ်​ခုတည်း​သောနည်းလမ်းကိုသာ သဲသဲမဲမဲ စွဲစွဲမြဲမြဲပြုလုပ်​​လေသည်​။ဤနည်းလမ်းအတိုင်းသာ ကြိုးစားအားထုတ်​လုပ်​ခြင်းဟာ​အောင်​မြင်​မှုရရန်​​သေချာဆုံးဟု သူထင်​​နေ​လေသည်။သေချင်​​သေပ​စေ သည်​နည်းလမ်းအတိုင်း စွဲစွဲမြဲမြဲအသုံးချသွားမည်​ဟု ဆုံးဖြတ်​ချက်​ချထား​သော စိတ်​သည်​အကျိုး​ကြောင်းဆင်​ခြင်​မှု မရှိ​သော ဆုံးဖြတ်​ချက်​ပင်​ဖြစ်​​လေသည်​။ယင်​​ကောင်​​လေး၏ ဆုံးဖြတ်ချက်ချထား​​သောသူ၏ ​​လမ်းစဉ်​သည်​ပင်​အကျိုး​ကြောင်းအ​သင့်​မြတ်​ဆုံး လမ်းစဉ်​ဟု သူထင်​​လေသည်​။သို့​သော်​ ဝမ်းနည်းဖွယ်​​ကောင်းသည်​မှာ သူ့အယူအဆလမ်းစဉ်​သည်​​နောက်​ဆုံးတွင်​ အသက်​ဆုံးရှုံးခြင်းဖြင့်​ နိဂုံးချုပ်​ရမည်​ အယူအဆမျိုးဖြစ်​​နေသည်​ကို​တော့ သူမသိ​ပေ။
ထို့​ကြောင့်​ ကြိုးစား၊မ​အောင်​မြင်​လျှင်​ သည်​ထက်​မကပိုကြိုးစား ဟူ​သောနည်းလမ်းသည်​ အမြဲနည်းလမ်းမှန်​သည်​၊အမြဲသင့်​​လျှော်​မှန်​ကန်​သည်ဟုမထင်​မိ​ပေ။ထိုဝါဒတစ်​ခုတည်းကိုသာ အားကိုးပြုထားရုံဖြင့်​ ကျွန်​​တော်​တို့၏ဘဝရည်​မှန်းချက်​​တွေ ထ​မြောက်​​အောင်​မြင်​လာလိမ့်​မည်​ဟု စိတ်​ချယုံကြည်​၍ မရ​သေး​ပေ။ တကယ့်​သည်​လမ်းစဉ်​ကိုသာ တရား​သေကိုင်​စွဲ​သော​ကြောင့်​ ပြဿနာ​တွေရင်​ဆိုင်​လာရနိုင်​​ပေသည်​။ နည်းလမ်းကိုပြန်​လည်​သုံးသပ်​၊ ပြန်​လည်​ပြုပြင်​​ပြောင်းလဲ စစ်​​ဆေးမှုပြန်​မလုပ်​ရင်​ ဝီရိယနှင့်​ ဇွဲလုံ့လကိုအမြင့်​ဆုံးထားပါ​သော်​လည်း ရှိသမျှအတားအဆီးကို​ဖောက်​ထွက်​​ကျော်​လွားနိုင်ပြီး လုပ်​ကိုင်​နိုင်​ဖို့ဆိုတာ မ​အောင်​မြင်​သည့်​အပြင်​​အောင်​မြင်​မည့်​အခွင့်​အလမ်းများကိုပါ မိမိဘာသာဖျက်​ဆီးပစ်​မိသလို ဖြစ်​နိုင်​​လေသည်​။ ထို့​ကြောင့်​ကြိုးစားပါလျက်​​ဖောက်​ထွက်​၍မရသည့်​အခါတိုင်း ယင်​​ကောင်​​လေးရဲ့ဥပမာကို သတိရခြင်းဖြင့်​ နည်းလမ်းသစ်​များကို ပြန်​လည်​ရှာေ​​ဖြွပီး​အောင်​မြင်​မှုပန်းတိုင်းကိုအ​ရောက်​တတ်​လမ်းကြပါစို့။
MSU-028
image
Photo credit: https://goo.gl/images/ESCe5F

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyeichanaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Good ...
Free thinker.

ကောင်းပါတယ်

Nice bro

နှလုံးသားတွေ အာဟာရ ဖြစ်တာပေါ့ သည်စာမျိုး ဖတ်ရတာ :)

ကျေးဇူးပါဗျာ

good ညီ

ကျေးဇူးပါ bro