သက်​ဆိုးတို​စေသည့်​​ဆေးလိပ်​နှင့်​ ကွမ်းယာ(၁)

in #myanmar6 years ago (edited)

လွန်​ခဲ့​သောရက်အနည်းငယ်​က ​ကျွန်​​တော်​တို့​နေထိုင်​​သော​ကျေးရွာမှ တာဝန်​ရှိလူကြီးများနှင့်​​​ကျေးရွာဥက္ကဋ္ဌမှ ဦးစီးကျင်းပတဲ့​ကျေးရွာသူ၊​ကျေးရွာသားများ အသိပညာဗဟုသုတရ​စေရန်​အလို့ငှါ ဆရာဝန်​ကြီးများနှင့်​ စာ​ရေးဆရာများကို ဖိတ်​ကြားကာ​ဟော​ပြောပွဲတစ်​ခုကို ကျင်းပခဲ့ပါတယ်​။ထို​ဟော​ပြောမဲ့အရာက​တော့ လူတွက်​ရဲ့အသက်ကိုဆိုးရွားများစွာ ထိုက်​ခိုက်​​စေ​သော​ဆေးလိပ်​နဲ့ ကွမ်းယာအ​ကြောင်းပဲဖြစ်​ပါတယ်​။
အခန်းအနားစတင်​ကာ စာ​ရေးဆရာကြီးတစ်​ဦးမှ​ဆေးလိပ်​​သောက်​ခြင်းရဲ့ ဆိုးကျိုး​တွေကို​ဟော​ပြောခဲ့ပါတယ်​။ဟော​ပြောပုံအလွန်​​ကောင်းဒါ​ကြောင့်​ ခုထိနားထဲမှာကြား​​ယောင်​​နေပါတယ်​။ဆေးလိပ်​​သောက်​ခြင်း​ကြောင့်​ သက်​ဆိုးမရှည်​ဘဲအဆုတ်​မှာ ကင်​ဆာဖြစ်​တဲ့အ​ကြောင်းကို​ဟော​ပြောရုံသာမက​ဆေးလိပ်​၊စီးကရက်၊​​ဆေးပြင်းလိပ်​​သောက်​ပြီး​သေသွားတဲ့ လူရဲ့​ဆေးစိမ်​ထားတဲ့ အဆုတ်​မည်းမည်းပါတဲ့ ဖန်​ပုံးကြီးကိုနမူနာ ချပြကာ​ တတ်​​ရောက်လာသူ​ ​ရွာသူ၊ရွာသား​တွေကို ကြည့်​ရှူ့စစ်​​ဆေး​စေပါတယ်​။
ထိုအပြင်​​ဆေးလိပ်​​သောက်​သူ​တွေကိုလည်း​သေခြင်းဆိုး​တွေလို့ အထပ်​ထပ်​​ပြောကြားခဲ့ပါတယ်​။"အကယ်​လို့ မိန်းက​လေး​တွေရည်းစားထားရင်​ ဒီလို​ဆေးလိပ်​​သောက်​တဲ့​သေခြင်းဆိုး​တွေကို မစဉ်းစားနဲ့"၊"စဉ်းစားမိရင်​ မိမိဘဝငယ်​ငယ်​ရွယ်​ရွယ်​နဲ့ မုဆိုးမဘဝမှာ ဒုက္ခပင်​လယ်​​ဝေရပါမယ်"​လို့ဟာသ​နှောက​ပြောဆိုဆုံးမခဲ့တာ​တွေကို မှတ်​သားခဲ့ရပါတယ်​။အဲဒီအချိန်​ကတည်းက​ဆေးလိပ်​ထဲမှာ​သေ​စေ​လောက်​တဲ့ ဘာ​တွေများပါလို့လဲဆိုတာကို အလွန်​စိတ်​ဝင်​စားသိချင်​ခဲ့ပါတယ်။ဆေးလိပ်​၊ စီးကရက်​၊​ဆေးပြင်းလိပ်​တို့မှာ ကာဗွန်​​တွေ၊နီကိုတင်းလို့​ခေါ်တဲ့ အဆိပ်​​တွေ သိုရီယမ်​​ခေါ်တဲ့​ရေဒီယိုသတ္တိကြွတဲ့ ဒြပ်​စင်​​တွေပါတယ်​ဆိုတာ သိလိုက်​ရပါတယ်​။ထို့​ကြောင့်​​ဆေးလိပ်​ဟာ လူသား​တွေကို အကျိုးမဲ့​စေတဲ့အရာသာဖြစ်​​​စေပြီး မိမိမိသားစုနှင့်​ မိမိပတ်​ဝန်းကျင်​ကလူ​တွေကိုလည်း​ဆေးလိပ်​မ​သောက်​ဖို့ တိုက်​တွန်းခဲ့ပါတယ်​။
တားဆီးပိတ်​ပင်​ထားတဲ့ လူကိုမူးယစ်​ထုံထိုင်း​စေတဲ့​ဆေး​ခြောက်​နဲ့ ဘိန်းဖြူ​တွေကို​ဆေးလိပ်​ထဲထည့်​​သောက်​ကြတာ​ကြောင့်​​ဆေးလိပ်​အန္တရာယ်သား​ကောင်​​အဖြစ်​သာမက မူးယစ်​သား​ကောင်​ဘဝကို​ရောက်​ခဲ့ရလို့ လူလုံးမလှ သက်​ဆိုးမရှည်​ခဲ့ကြရတဲ့သူ​တွေအများကြီးရှိ​ကြောင်း သိခဲ့ရပါတယ်​။အရင်​က ရုပ်​ရှင်​ထဲမှာ​ဆေးလိပ်​​သောက်​တာ လူရာဝင်​တယ်​ စတိုင်​ကျတယ်​ စမတ်​ကျတယ်​ဆိုတာကိုကြည့်​ပြီး အတုယူရင်​မှားကြပါလိမ့်​မယ်​လို့လည်​​ပြေားကြာ​လေသည်​။စာ​ရေးဆရာကြီးက​ဆေးလိပ်​​သောက်​တဲ့သူ​တွေသည်​ သက်​ဆိုးမရှည်​​တဲ့ ဆိုးကျိုးဖြစ်​မဲ့သူ​တွေဆိုတာ အသိမကြွယ်​​သေးတဲ့​ကျောင်းသာ​ကျောင်းသူ လူငယ်​လူရွယ်​​တွေသာမက ကြီးငယ်​ရွယ်​လတ်​ လူသားအားလုံးသိထားရမယ်​လို့​ပြေားကြားခဲ့​လေတယ်​။ imagephoto credit:https://goo.gl/images/rh31qf
MSU-028
ဆက်​ရန်​...........အပိုင်း(၂)

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyeichanaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Nice sharing

ဆက်​​​စေ​ညေး

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu
🇲🇲