သက်​ဆိုးတို​စေသည့်​​ဆေးလိပ်​နှင့်​ ကွမ်းယာ(၂)

in #myanmar6 years ago

imagephoto credit: https://goo.gl/images/yDxBdj
အပိုင်း(၂)
နိုင်​ငံရဲ့ အနာဂတ်​ဦး​ဆောင်​မဲ့လူငယ်​လူရွယ်​များ လမ်းမှားမလိုက်​မိ​စေဖို့ သတိ​ပေးခဲ့ပါသည်​​။ဆေးလိပ်​အန္တရာယ်​သား​ကောင်​နဲ့ မူးယစ်​သား​ကောင်​ဘဝကို​ရောက်​ပြီး မိသားစုတစ်​ခုလုံးချွတ်​ခြုံကျပြီး ဒုက္ခပင်​လယ်​​ဝေခဲ့ရတဲ့ တကယ့်​အဖြစ်​အပျက်​​တွေကို ပန်းချီ၊ ကဗျာ၊ ပိုစတာ၊​ဆောင်းပါး၊ ဝတ္ထုတို၊ ပညာ​ပေးဇတ်​လမ်း စသည်​တို့နှင့်​အသိပညာဗဟုသုတရ​အောင်​ ပြသခဲ့​လေသည်​။ မျိုးဆက်​သစ်​လူငယ်​လူရွယ်​များက အသိတရားရှိစွာ​ဆေးလိပ်​​သောက်​ခြင်းနှင့်​ မူးယစ်​​ဆေးဝါးသုံးစွဲခြင်းတို့ကို​ရှောင်​ရှားသင့်​​ကြောင်း၊ ထို့အတူ​ဆေးလိပ်​ကဲ့သို့ပင်​ ပါးစပ်​နှင့်​ခံတွင်းကင်​ဆာကို ဖြစ်​​စေတဲ့ ကွမ်းယာကိုလည်း မစားဖို့သတိ​ပေး​ဟော​ပြောခဲ့​လေသည်​။
 ကွမ်းယာနှင့်​​ဆေးလိပ်​တို့တွင်​​ဆေးရွက်​ကြီးပါဝင်​​သော​ကြောင့်​ ကြာရှည်​စွာ​ဆေးလိပ်​၊ စီးကရက်​ ၊​ဆေးပြင်းလိပ်​​သောက်​သုံးသူများနှင့်​ ကွမ်းယာစား​သောသူများသည်​ ခန္ခာကိုယ်​အတွင်းဆဲလ်​ကွဲမှုကိုဖြစ်​​စေပြီး ကင်​ဆာ​ရောဂါကိုဖြစ်​​စေတယ်​လို့လည်း ဆရာဝန်​ကြီးတစ်​ဦးက​ပြောပြခဲ့​လေသည်​။
ထို့​ကြောင့်​ပါးစပ်​နှင့်​ အသက်​ရှူလမ်း​ကြောင်း တစ်​​လျှောက်​တွင်​ ကင်​ဆာ​ရောဂါကိုဖြစ်​​ပေါ်​စေပြီး​ဆေးလိပ်​နှင့်​ ကွမ်းယာတို့​ကြောင့်​ လျှာကင်​ဆာ၊အာ​ခေါင်​ကင်​ဆာနှင့်​ သွားဖုံးကင်​ဆာများကို ဖြစ်​​ပေါ်​စေသည်​ဟု​ပြောကြား​လေသည်​။ထို့​နောက်​ထပ်​မံ၍ ဆရာဝန်​ကြီးကပင်​ ၎င်း၏ဆိုးကျိုးများကိုလည်း​ပြောပြခဲ့​လေသည်။ဆေးလိပ်​၊ စီးကရက်​၊​ဆေးပြင်းလိပ်​​သောက်​ခြင်းနှင့်​ ကွမ်းစားခြင်း​ကြောင့်​ ကလာတိုအတွင်းအကျိုးသက်​​ရောက်​မှုအားဖြင့်​ အသက်​​ကောင်းစွာမရှူရခြင်း၊ အသက်​ရှူမဝခြင်း ၊​ခေါင်းနှင့်​အဝတ်​အစားများတွင်​ အနံစွဲ​နေခြင်း၊သွားများ ညိုညစ်​ခြင်း၊ အသက်​ရှူအဖွဲ့အစည်း ပျက်​စီးခြင်း၊​ချောင်းဆိုးခြင်း၊ ရင်​ကြပ်​ခြင်း၊ နီကိုတင်းအဆိပ်​အ​တောက်​များ ဖြစ်​​စေခြင်းနှင့်​ အခြား​ဆေးများသုံးရာတွင်​ ထိ​ရောက်​မှုမရှိခြင်း စသည့်​အရာများ ဖြစ်​​ပေါ်​စေသည်ဟု​​ပြောပြ​လေသည်​။
ထို့အပြင်​ ကာလရှည်​သက်​​ရောက်​မှုအားဖြင့်​ နှလုံး​ရောဂါ၊ ကင်​ဆာ​ရောဂါ၊ ခံတွင်း​ရောဂါ၊ လည်​​ချောင်းနာ​ရောဂါ၊ အစာအိမ်​​ရောဂါ၊ သားအိမ်​နှင့်​ပက်​သက်​​သော​ရောဂါ စသည့်​ကာလရှည်​​ရောဂါများကိုလည်း ခံစားရမည်ဟု​​ပြောကြား​လေသည်​​​။ဆေးလိပ်​နှင့်​ ကွမ်းယာသုံးစွဲခြင်း​ကြောင့်​ မိမိ​ငွေကိုဖြုန်းတီးရာ​ရောက်​ပြီး၊ မိမိ၏ ကျန်းမာ​ရေးကိုလည်းထိခိုက်​​စေသဖြင့်​ မိမိ၏ပညာ​ရေး၊ လူမှု​ရေးနှင့်​ အလုပ်​အကိုင်​များ လုပ်​ကိုင်​နိုင်​စွမ်းကိုလည်း ကျဆင်း​စေသည်ဟု​​ပြောကြား​လေသည်​။
ထို့​ကြောင့်​လူငယ်​လူရွယ်​များအ​နေဖြင့်​​ဆေးလိပ်​​သောက်​ခြင်းနှင့်​ ကွမ်းစားခြင်း​ကြောင့်​ သက်​ဆိုးမရှည်​မဖြစ်​ကြရ​လေ​အောင်​ လူယ်​ဘဝမှအစပြု၍​ဆေးလိပ်​နှင့်​ ကွမ်းစားခြင်းတို့ကို​ရှောင်​ကြဉ်​ပါရန်​တိုက်​တွန်းရင်း နိဂုန်းချုပ်​လိုက်​​လေသည်​။
MSU-028

Sort:  

ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyeichanaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.