"နှာ​ခေါင်း​သွေးလျှံခြင်း

in #myanmar6 years ago (edited)

နှာ​ခေါင်း​သွေးလျှံခြင်း(သို့)နှာ​ခေါင်း​သွေးယိုခြင်းဟာ က​လေးသူငယ်​များ၊ဆယ်​​ကျော်​သက်​များနှင့်​ သက်​ကြီးပိုင်း​တွေမှာ မကြာခနဖြစ်​တတ်​ပါတယ်​။သတ်​လတ်​ပိုင်း​တွေမှာ​တော့ မ​တော်​တဆထိခိုက်​ဒဏ်​ရာ ရချိန်​မှလွဲ၍ ထိုပြဿနာ​တော့အဖြစ်​နည်းပါတယ်​။ကျွန်​​တော်​ငယ်​ငယ်​တုန်းကဆိုလည်း တစ်​ခါနှစ်​ခါ​လောက်​ နှာ​ခေါင်း​သွေးလျှံဖူးပါတယ်​။ဒါ​ပေမဲ့ ထိုပြဿနာက ဘာ​ကြောင့်​ဖြစ်​ရလဲဆိုတာ​တော့ အ​ဖြေရှာမရခဲ့ပါဘူး။သို့​ပေမဲ့ နှာ​ခေါင်း​သွေးလျှံဒါဟာ စိုးရိမ်​ရမဲ့ အ​ခြေအ​နေမျိုးမဟုတ်​​ပဲ ထိုအရာ​ကြောင့်​ ​သေဆုံးမှုဆိုတာ လည်းသိပ်​မရှိလှပါဘူး။ဒါ​ပေမဲ့ နှာ​ခေါင်း​သွေးလျှံတာကို ​ပေါ့​ပေါ့ဆဆ သ​ဘောထားလို့မရသလို့ နှာ​ခေါင်း​သွေးလျှံခြင်းအ​ကြောင်းကိုလည်း​လေ့လာမိ​လောက်​​ရေးသာ​ဖော်​ပြလိုက်​ရပါတယ်​။
တစ်​ခါတစ်​​လေ ရာသီဥတုအရမ်းပြန်​ထန်​တဲ့ အခါ​အေးမြလွန်းတဲ့​ဆောင်းရာသီနဲ့ ပူပြင်းလှတဲ့​နွေရာသီမှာ အဖြစ်​များပြီး၊တစ်​ခါတစ်​ရံ အပြင်​ဖက်​​အေးတဲ့​နေရာက​နေ ၊ပူ​နွေး​ခြောက်​​သွေ့တဲ့ ပတ်​ဝန်းကျင်​ကိုဝင်​လာတဲ့အခါ အ​အေးအပူ ရုတ်​တရက်​​ပြောင်းလဲမှု​ကြောင့်​ နှာ​ခေါင်း​သွေးလျှံခြင်း​ဖြစ်​​ပေါ်တတ်​တယ်​လို့ မှတ်​သားဖူးပါတယ်​။
သို့​ပေမဲ့ထိုအရာ​တွေ​ကြောင့်​ မဟုတ်​ပဲ အခြားအရာ​တွေနဲ့လည်းနှာ​ခေါင်း​တွေလျှံမှု​တွေ ဖြစ်​တတ်​ပါတယ်​။နှာ​ခေါင်းလက်​နက်​ ကလိတာ၊မျိုးရိုးလိုက်​တာလို့၊နှ​ခေါင်းက​နေ အကျိတ်​အဖု ဖြစ်​တာ​တွေ​ကြောင့်​လည်း ဖြစ်​တတ်​ပါတယ်​။သို့​ပေမဲ့ မည်​သည့်​အ​ကြောင်းအရာအမျိုးမျိုး​ကြောင့်​ နှာ​ခေါင်​​သွေးလျှံခြင်​​ဖြစ်​​နေပ​စေ ထိုအရာကိုရပ်​တန့်​သွား​အောင်​ လုပ်​နိုင်​ရမှာက ပိုအ​ရေးကြီးပါတယ်​။
နှာ​ခေါင်း​သွေးယိုခြင်းနဲ့ ပက်​သက်​လို့ ကာကွယ်​နည်းများကိုလည်း ကျွန်​​တော်​​လေ့လာ မိသ​လောက်​ တင်​ပြလိုက်​ရပါတယ်​။
နှား​ခေါင်း​သွေးလျှံခြင်းနဲ့ ပတ်​သက်​လို့ လုပ်​​ဆောင်​ရာတွင်​ အချက်(၁၇)ချက်​ဖြင့်​​ဖော်​ပြ လိုက်​ရပါတယ်​။
(၁) မိမိတို့နှာ​ခေါင်း​သွေးယို တဲ့အခါ ထိန့်​လန့်​​ကြောက်​ရွံ့ ခြင်းမဖြစ်​မိ​စေပဲ ဦးမှာငြိမ်​ငြိမ်​​လေးထိုင်​လိုက်​ပါ။ ပြီးရင်​ကိုယ်​လုံးကို အ​ရှေ့ဘက်​သို့နည်းနည်းယိုင်​​ပေးခြင်းဖြင့်​ နှာ​ခေါင်းထဲမှ​သွေးများဟာ လည်​​ချောင်းထဲသို့ မဝင်​​​တော့တာ​ကြောင့်​ ပျို့အန်​ခြင်း​တွေလဲ မဖြစ်​​စေ​တော့ပါဘူး။
(၂) ထိုသို့ပြုလုပ်​ပြီးပါက နှာ​ခေါင်းထိပ်​ဖက်​ မာ​ကျောတဲ့ အရိုးပုံစံ​နေရာကြားမှာ လက်​မနဲ့လက်​ညိုး မ​ပျော့လွန်း၊မပြင်းလွန်းဖိပြီး​သွေးများကို l​ဖြေးညှင်းစွာ ညှစ်​ထုပ်​ရပါမယ်​။
(၃) ထိုသို့ပြီးရင်​ လက်​မနှင့်​ လက်​ညိုးတို့ဖြင့်​ နှာ​ခေါင်း​ပေါက်​​ကို ညှစ်​ကာပိတ်​ထားပါ။ထိုသို့ ပြုလုပ်​ခြင်းဖြင့်​ နှာ​ခေါင်း​ပေါက်​နှစ်​ခုကြား နှံရံ​သွေ​ကြောကို ဖိထားသလိုဖြစ်​​စေပြီး​သွေးသိပ်​သွား​စေပါတယ်​။
(၄) ထိုသို့​သွေးသိပ်​သွားပါက အနည်းဆုံး အနည်းဆုံး ခုနှစ်​မိနစ်​​ကျော်​​လောက်​ လက်​ဖြင့်​ဆက်​ဖိထား​ပေးရပါမယ်​။
(၅)ထိုသို့ပြုလုပ်​​နေချိန်​တွင်​ ပါးစပ်​ဖြင့်​သာ အသကရှူရပါမယ်​။
(၆)နှား​ခေါင်းကိုေ​ရ​အေးရှူ​ပေးခြင်း​ရေခဲ ဖြင့်​အုံ​ပေးခြင်း၊​ရေစိုအဝတ်​ဖြင့်
အုပ်​​ပေးခြင်း စသည်​ဖြင့်​ တစ်​ခုမဟုတ်​တစ်​ခုဖြင့်​ ပြုလုပ်​​ပေးပါ။
(၇) ထို့​နောက်​​သွေးသိပ်​သွားပြီ ဆိုပါက ဦး​ခေါင်းကို (၃၀)မှ(၄၅)ဒီဂရီ သို့မြှင့်​ထားပြီး အနားယူပါ။ အကယ်​၍ နာ​ချေချင်​ပါက ပါးစပ်​ကိုဟထား​ပေးရပါမယ်​။
(၈) အကယ်​​သွေးပြန်​လျှံလာပါက နှာ​ခေါင်းထဲက​သွေးခဲကို နံပါတ်​စဉ်​(၂)တွင်​​ဖော်​ပြထားသည့်​အတိုင်း လက်​မလက်​ညိုးနဲ့ ပြန်​ညှစ်​ထုပ်​ပါ။
(၉)​ခေါင်းကို နှစ်​လုံး​နေရာထက်​ မြင့်​တဲ့အ​နေအထားမျိုးဖြင့်​ အနားယူရပါမယ်​။
(၁၀) တရက်​တာ(၂၄)နာရီအတွင်း ပူလွန်းတဲ့ အရည်​​တွေကို မ​သောက်​ရပါဘူး။အေး​သော​ပျော့​သော အစာများကိုသာ စား​သောက်​​ပေးရပါမယ်​။
(၁၁)​လေး​သောအရာများ၊ ပင်​ပန်း​စေမဲ့ အရာများ ပြုလုပ်​ခြင်း​ရှောင်​ရပါမယ်​။
(၁၂)အထက်​ပါအရာ​တွေကို ပြုလုပ်​​နေတဲ့အချိန်​မှာ​ဆေးလိပ်​​သောက်​ခြင်းကို​ရှောင်​ ရပါမယ်​။
(၁၃)​နောက်​တစ်​ခုက​တော့ နား​ခေါင်း​သွေးလျှံတဲ့အခါ ဝမ်းမချုပ်​မိ​ပါ​စေနှင့်​။
(၁၄)ယာယီအားဖြင့်​ Afrin (သို့) Neo-Synephrine တို့လို့ စပ​ရေးဖြန်း​​ဆေး​တွေကို သုံးနိုင်​​ပေမဲ့ ၊​သွေးတိုး​နေချိန်​ နှာ​ခေါင်း​သွေးယိုခြင်းမှာ​တော့ မပြုလုပ်​သင်​​ပေ။
(၁၅)ထိုသို့ ပြုလုပ်​ပြီး​သော်​လည်း​​သွေးက ​ရပ်​ဆိုင်းခြင်းမရှိ​သေးပါက ဆရာဝန်​​ခေါ်ဟာ ကူသမှုခံယူ ရပါမယ်​။
(၁၆)ဆရာဝန်​များ​က​သွေး ထွက်​​နေသည့်​​သွေး​ကြောကို Silver Nitrate(သို့မဟုတ်​) လျှပ်​စစ်​ဓါတ်​ကိုအသုံးပြုကာ အပူ​ပေး၍ ပိတ်​ခြင်း၊​သွေးသိပ်​​စေ​သော​ဆေးရည်​ဆွတ်​ထားသည့်​အဝတ်​စကို နှာ​ခေါင်း​ပေါက်​အတွင်း ဖိသိပ်​၍ထည့်​​ပေးခြင်း၊ နှာ​ခေါင်းအတွင်း​​ဘောလုံးငယ်​ထည့်​၍ ဖိအား​ပေးခြင်း စသည့်​​ဆေးသိပ္ပံနည်းများဖြင့်​ ကုသ​ပေး​လေ့ရှိပါတယ်​။
(၁၇)မိမိတို့ နှာ​ခေါင်း​သွေး လျှံ​လေ့ရှိသူများအတွက်​ ငှက်​​ပျောပင်​ကို ဓါးနှင့်​ ပိုင်းခုတ်​၍ ပင်​စည်​မှထွက်​လာ​သော သတ္တုရည်​ကို ရှူ​ပေးရပါမယ်​။မင်းကွတ်​သီးနှင့်​ မြင်းခွာရွက်​ကို များများစာ​ပေးပါ။ကြက်​သွန်​မြိတ်​ကို ကျိတ်​​ချေပြီး ရရှိလာ​သော သတ္တုရည်​ကို ချည်​သားအဝတ်​ဖြင့်​တို့ ယူပြီး​နောက်​ နှာ​ခေါင်းဝတွင်​ အုပ်​​ပေးပါ၊ ပင်​စိမ်းရွက်​​ခြောက် မှုန့်​ကိုရှူ​ပေးရပါမယ်​။

ဒါဟာ ကျွန်​​တော်​​လေ့လာမိသ​လောက်​ steemit မိတ်​​ဆွေတို့ အတွက်​အကျိုးရှိမယ်​လို့ထင်​ပြီး ပြန်​လည်​မျှ​ဝေ​ပေးခြင်းဖြစ်​ပါတယ်​။
အားလုံးကျန်းမာ ရွှင်​လန်းကျပါ​စေ......... imagephoto credit: google image
MSU-028

Sort:  

ဗဟုသုတရပါတယ်ညေး

ဟုတ်​ကို​အောင်

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyeichanaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Good bro

သာပါတယ်ကွာ

You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

You receive vote 100 % Vote From @daviddkl. Because YouTag msu. MSU is Myanmar Steemit User Group.

မှတ်​သားသင့်​ပါတယ်

Thank bro

MSU 042

You receive vote 100 % Vote From @dpakyaw. Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu