စတီးမစ် မြန်မာများအားလုံး မင်္ဂလာရှိသော နေ့ကလေးဖြစ်ပါစေ။
ယနေ့ ကျွန်ုပ်ဆိုင်သို့ရောက်သည်နှင့် စတင်ဈေးဦးဖောက်သည့်Error ကတော့ menu key,home key back key အလုပ်မလုပ်တော့သည့် lieon ဖုန်း Clone လေးဘဲဖစ်ပါသည်။ Clone ဖုန်းဖြစ်သည့်နယ် သိကြသည့်အတိုင်း spears parts ကရှားသည်။ Touch လဲရမည်ဖြစ်ကြောင်းနှင့် လဲစရာ spears part မထွက်ကြောင်းရှင်းပြသော် အဆင်ပြေအောင် လုပ်ပေးပါဟု တောင်းဆိုသောကြောင့် UDN nabvr apk ထည့်ပေးလိုက်မည်ဟုဆုံးဖြတ်လိုက်သည်။ ပြန်လည်စဉ်စားမိသည်က ၄င်း apk သည် ဖုန်းတိုင်းနှင့်လည်းမကိုက် rootလည်းသေးသည်။ သည်တော့ root ဖောက်ရမည့် အတူတူ ဖုန်း၏ system ထဲသို့ ဝင်ပြင်ပေးလိုက်မည်ဟု အတွေးပေါ်လာသည်။
ဆိုသည့်အတိုင်း Customer သို့နားလည်အောင်ရှင်းပြ၍ ၄င်းဖုန်းအား ရှေးဦးစွာ root ဖောက်သည်။ သုံးနေကျတိုင်း kingroot အားသုံးသော်လည်း root accept မရ။ နောက်တစ်ဆင့် kingo root သုံးကြည့်သော်လည်း မအောင်မြင်ပေ။ ဟုတ်ပြီလေ kingo root pc version သုံးမှသာ ငနဲလေး r oot accept အားရရှိတော့သည်။
Root Accept ရပြီဆိုလျှင် ၅၀% နုန်းအောင်မြင်ပြီလေ။ ဆက်လက်၍ root explorer apk အားသွင်း၍ system>> build.propo အားOpen in text editorဖြင့်ဖွင့်၍(r/o r/wပြောင်း၍)>> text file ၏ အောက်ဆုံးတွင်
qemu.hw.mainkeys=0 ဟုရေးကာ save change နှိပ်၍ ဖုန်းအား reboot ပြုလုပ်လိုက်ပါသည်။
ဖုန်း firmware ပြန်တတ်လသော် ၈၀% အောင်မြင်ပြီဟုသိရပြီး lock screen ကျော်၍ Home screen တွင်
အောက်ပါအတိုင်း မြင်တွေ့ရသော် ကျွန်ုပ်၏ လုပ်ဆောင်ချက်
၁၀၀% အောင်မြင်ခဲ့ပါပြီ။ Customer လည်အဆင်ပြေ၍ ကျေနပ်စွာ services ကြေးပေးကာ ပြန်သွာလေတော့သည်။
လိုအပ်ပါကလည်း မိတ်ဆွေများ ဆိုင်သွားနေစရာမလိုဘဲ ထိုင်နေရင်း ပြုလုပ်နိုင်ရန် ဤpost အား ပြန်လည်ပေးလိုက်ပါသည်။
ROot EXplorer Apk
Kingo root apk
ခင်မင်လေးစားစွာဖြင့် ဖြိုဇော်ဦး ကျုံမငေး
Writing by phyozawoo
@phyozawooburmes
MSC-071
အယ်လဲ့ သားသား 5$ ကျော်ကြီးတောင် vot သွားတယ် အားကျပါဘိ😊😊
သို့သော်လည်း မိနောင်းက ဘုတ်ထားတာပါ မမ။
လိုအပ်ရင်အသုံးချလို့ရမှာပါ...ကျေးဇူးပါ...ဗဟုသုတရတယ်...
ဟုတ်ကဲ့။