အချစ်ကို မကိုးကွယ်နဲ့ ညီမလေး

in #myanmar5 years ago

ငယ်ငယ်က အချစ်ဆိုတာအတွက် ခံစားချက်က အတော်ပြင်းထန်ခဲ့ဘူးတယ် ထင်ပါတယ်။ အခုအရွယ်မှာကျတော့ အဲ့လို feelတွေ မုသွင်းကြည့်တာတောင် ပြန်ရဖို့ အဆင်မပြေတော့ဘူး။ ချစ်ခဲ့ဘူးတယ်ဆိုတောင် ဝါးတားတားနဲ့။ အချစ်စစ်ကော ကိုယ်တိုင် ပေးခဲ့ဘူးလားဆိုတာ မသေချာသလို ရခဲ့ဘူးလားဆိုတာတောင် မသေချာဘူး။ အချစ်စစ်ဆိုတာ ဘာလည်းလို့ ပြန်မေးမိတိုင်း အဖြေက တစ်ခုတည်းဘဲ။ မသိဘူးတဲ့။ ဒါနဲ့များ ရည်းစားဦးကို သတိရနေသေးတာတို့ နောက်ဆုံးအချစ်က အသက်တို့ လုပ်နေသေးတယ်နော်။ ချစ်တဲ့စိတ်ကလည်း ထူးဆန်းပါတယ်။ ချစ်သူကို အချိန်တိုင်းတွေ့ချင်တာနဲ့ အသံလေး ကြားချင်တာနဲ့။ အတူနေချင်တာနဲ့။ အခု အရွယ်နဲ့ ပြန်တွေးရင် တကယ့်ကို အူကြောင်ကြောင်နိုင်တဲ့ ခံစားချက်ပါ။

ငယ်ရွယ်သူ ဘဝကတော့ အချစ်ဆိုတာကို ခွဲခြမ်းစိတ်ဖြာအား နည်းခဲ့တယ်။ အဲ့ အချိန်က အတွေးတွေက အဖြူထည်လေးကိုး။ ချစ်သူဆိုတာဘဲ မြင်တယ်။ အလုပ်အကိုင်မရှိတာ။ ဗီလိန်ဆန်တာ။ ပျင်းတာ။ လက်ကျောမတင်းတာ။ ဦးဆောင်နိုင်မှုမရှိတာ။ အသုံးအဖြုန်းကြီးတာ။ သောက်စား မူးယစ်တာ။ ပွေတာ ရှုပ်တာ။ ဒါတွေထဲက တစ်ချက်ချက်နဲ့ ငြိနေခဲ့ရင်တော့ ကိုယ့်ဘက်က ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ခွင့်လွှတ်နိုင်ခဲ့တယ်။ ကိုယ်ချစ်တဲ့ ဒီလူနဲ့ တစ်ဘဝလုံး လက်တွဲရင် ဘဝဟာ သာယာပြီလို့ ထင်နေခဲ့တာ။ ဒါကို အချစ်စစ်လို့ ခေါင်းစဉ်တပ်မယ်ဆိုပါစို့။

IMG_20190625_073337.png
source

အရွယ်လေးအတော်အတန်ရောက်လာတဲ့အခါ တွေးတက်ပြီ။နုလုံးသားနဲ့ ဦးနှောက် ချိန်ဆတက်လာပြီ။ ကိုယ်က အလုပ်အကိုင်နဲ့ဆိုရင် သူလည်း ကိုယ့်ထက် မလျော့တဲ့ ဝင်ငွေနဲ့မှ။ ကိုယ့်အသိုင်းအဝိုင်းနဲ့ သူအဆင်ပြေမလား။ သောက်စားတက်တယ်ဆိုရင်တော့ ကိုယ်နဲ့ အဆင်မပြေဘူးလေ။ လူရှုပ်ဆိုရင်တော့ Goတော့ဘဲ။ ဒါတွေနဲ့ ချိန်ဆပြီး သိပ်မချစ်သော်လည်းပေါ့ လက်တွဲဖြစ်ခဲ့ကျတဲ့ အတွဲတွေလည်း များပါတယ်။ငွေလေး အဆင်ပြေတော့ အိမ်ထောင်ရေးသုခက ထင်သလောက် မဆိုးခဲ့ဘူးပေါ့။ ဒါပေမဲ့ ဘယ်သီအိုရီဘဲ ဖြစ်ဖြစ် အမြဲတော့ မမှန်နိုင်ဘူးပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ရေး သာယာတဲ့ သူတွေရှိသလို ကြီးမိုက် အိမ်ထောင်ရေးတွေလည်း ရှိတာပါဘဲ။ ဒါပေမဲ့ ဖြစ်နိုင်ခြေများတာနဲ့ နည်းတာတော့ ကွာပါတယ်။

အိမ်ထောင်တစ်ခု ထူထောင်တဲ့ အခါ အခြေခံအားဖြင့်တော့ တူညီဖို့ လိုတယ်လို့ ကိုယ်တော့ ထင်တယ်။ ဒီလို အိမိထောင်ရေးတွေက များသော အားဖြင့် သာယာတက်ကျတယ်။ အသက်အားဖြင့် သိပ်မကွာခြင်း လူနေမှုအဆင့်အတန်း သိပ်မကွာခြင်း ငွေကြေးဥစ္စာ သိပ်မကွာခြင်း ပညာအရည်အချင်း သိပ်မကွာခြင်း အသိုင်းအဝိုင်း သိပ်မကွာခြင်း ဘာသာတူခြင်း။ဒါကြောင့် နည်းနည်းလေးတွေးပြီးမှ အိမ်ထောင်ပြုကျပါ။ အိမ်ထောင်တစ်ခုပြုတယ်ဆိုတာ လွယ်ကူပေမဲ့ ပျက်တယ်ဆိုရင် နောက်ဆက်တွဲ ဖြစ်လာမဲ့ စိတ်ဒဏ်ရာတွေက တစ်ဘလုံးစာ ဖြစ်လို့ပါ။

@suhlaing
msc 175

IMG_20190625_072440.png
source

Sort:  

ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား တဲ့
အချစ်ကို မကိုးကွယ်နဲ့ တဲ့ ငါနော် 😁

အချစ်ကို မကိုးကွယ်နဲ့နော် ဘထွေး

အေးပါကွယ်


ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here

ဟုတ်တယ် ဘုရား ကိုဘဲ ကိုးကွယ်ပါ

ဟုတ်ပ မမရေ

ဟုတ်ပ အေ အဲ့ မက်ဘော့ အပြင်မှာသာ လူခြင်း တွေ့ရင် နာပီသာမှတ်