အဖြူ ရောင် သစ္စာ (၂ )

in #myanmar5 years ago

ထိုကြောင့် ကျမတို့ မိသားစုသည် ရန်ကုန်မြို့ပေါ်တွင် လူကုန်တန် အသိုင်းအဝိုင်းထဲ ဝင်ဆံ့နိုင်လာလေသည်။ ဖေဖေ၏ သူဌေးသည် ကျမတို့ မိသားစုနှင့် ဆွေမျိုးရင်းချာလို ဖြစ်လာကာ သူဌေး၏ တစ်ဦးတည်းသော သားနှင့် ကျမကိုပင် စေ့စပ်ထားလေသည်။ ကျမ ကျောင်းပြီးလျှင် လက်ထပ်ကျရန်ဖြစ်သည်။ ကျမသည် မဟာသုတေသန်တန်းအောင်မြင်ကာ Ph.D ဆက်တက်ပြီးနောက် များမကြာမီတွင် စာပေဒေါက်တာဘွဲ့ရရှိတော့မည် ဖြစ်လေသည်။

IMG_20190708_155217.png
source

ကိုမောင်မောင်သည် ကားလေးကို ကိုယ်တိုင်မောင်းကာ ကျမ၏ ဇာတိမြေသို့ လိုက်ပို့လေသည်။ မအားလပ်သည့် အလုပ်များကြားထဲက ကျမအတွက် တကူးတက အချိန်ဖဲ့ကာ လိုက်ပို့သည့် အတွက် ကျေးဇူးတင်မိလေသည်။ မိမိနှင့် စေ့စပ်ထားသည်ဆိုသော်လည်း အခွင့်အရေးမယူဘဲ လိမ်မာယဉ်ကျေးစွာပြောဆို ဆက်ဆံသည့် ပညာတက်ပီသပေသည်။ ခြုံပြောရလျှင် ကိုမောင်မောင်သည် ရုပ်ရည်ကော ပေါင်းသင်းဆက်ဆံရေးကော စီးပွားရေးကော အဖက်ဖက်မှ ပြည့်စုံသည့် လူတော်လူကောင်းတစ်ယောက်ပင် ဖြစ်လေသည်။

@suhlaing
msc 175

Sort:  

ပျောက်လိုက်ပေါ်လိုက် အလုပ်တွေရှုပ်နေသလားဗျို့

down voteက မိနေသေး ကစိုးရေ

တစ်လောက လိုက်ကြည့်တာတော့ down vote တွေ မမြင်တော့ဘူးလားလို့