Respect 2

in #myanmar5 years ago (edited)

ဆရာသမားနဲ့ တပည့်တွေ ကြားမှာလည်း ဒီလိုပါဘဲ။ ဆရာဟာ ဆရာ့ဂုဏ်နဲ့ အညီနေနိုင်ပါမှ တပည့်အပေါင်းရဲ့ လေးစားခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဆရာ ကိုယ်တိုင်က တပည့်တွေ လေးစားလိုက်နာ အတူယူသင့်တဲ့ အမူအကျင့် စရိုက်တွေ ရှိရပါမယ်။ ထို့အတူ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ respectသည် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပါတယ်။ အလုပ်ရှင်ရဲ့ ညှာတာမှု အလုပ်သမားများအပေါ် စာနာနားလည်မှု စတာတွေနဲ့ အလုပ်ရှင်ကောင်းပီသခြင်းဟာ အလုပ်သမားတွေ အလုပ်ကို ပိုကြိုးစားချင်စိတ်ရှိအောင် အလုပ်ရှင်အပေါ် respectပိုရှိအောင် လုပ်ဆောင်တာနဲ့အတူတူဖြစ်ပါတယ်။

zfuin63zl3.png
source

အစိုးရအလုပ်များမှာလည်း အထက်လူကြီးနဲ့ လက်အောက်ငယ်သားတို့ရဲ့ကြားမှာ respectဆိုတာ အတော်အရေးကြီးလှပါတယ်။ အထက်အရာရှိက ငါ လူကြီးပဲ ငါ ခိုင်းတဲ့ အတိုင်းလုပ် ငါ့ စကားနားထောင် ငါ့ကို အမြဲrespectပေး ဆိုတဲ့ အာဏာရှင်ဆန်တဲ့ အပြုအမူ အပြောအဆိုတွေရှိတဲ့ ဒီ လူကြီးကို ဘယ်လက်အောက်ငယ်သားမှ အမှန်တကယ် respectမရှိနိုင်ပါဘူး။ respectဆိုတဲ့ အရာဟာ အပေါ်ယံနှုတ်ဖျားက မလာဘဲ ရင်ထဲက လာတဲ့အရာဖြစ်ပါတယ်။ လက်အောက်ငယ်သားတွေရဲ့ လူနေမှုဘဝ အခက်အခဲတွေကို မိသားစု စိတ်ဓာတ်နဲ့ ကူညီဖြေရှင်းပေးတဲ့ အထက်လူကြီးမျိုး တာဝန်အရ လုပ်ဆောင်ရရင်တောင် တာဝန်ရဲ့ ပြင်ပက စစ်မှန်တဲ့ လူမှုဆက်ဆံရေးမျိုး ဒါတွေရှိတဲ့ အထက်လူကြီးဟာ အောက်ခြေဝန်ထမ်းတွေရဲ့ respectရတာ အဆန်းမဟုတ်ပါဘူး။

နောက်ဆုံးပြောချင်တာကတော့ respectဆိုတာ လုပ်ယူလို့ ရတဲ့ အရာမဟုတ်သလို အာဏာပြပြီးလည်း မရနိုင်ပါ။ လူသားချင်း စာနာစိတ်အပြည့်နဲ့ အထက်နဲ့အောက် ဆံဆက်ရေးမျိုးမှာသာ စစ်မှန်တဲ့ respectရှိနိုင်ပါတယ်လို့ တင်ပြရင်း နိဂုံးချုပ်ပါသည်။ လူသားချင်း respectထားနိုင်ကျပါစေ။

@suhlaing
msc 175

Sort:  

မှန်တယ် မစု လုပ်ယူလို့မရပါဘူး ရင်ထဲကလာမှ အရာရာဟာ
စိတ်နှလုံးကို ကြည်လင်လန်းဆန်းစေမှာပါ

ဝန်ထမ်းလောက ပိုအများသားလား ဘထွေးရေ

မှန်ပါတယ်၊ အပြန်အလှန်လေးစားတတ်ဖို့လိုပါတယ်

Posted using Partiko Android

အပြန်အလှန်လေးစားမှုရှိမှ လူ့ဘောင်လောက ပိုလှပမှာပါ ဦးမင်းရေ

သူ့လေးစားမှ ကိုယ့်လေးစားမည်

Posted using Partiko Android

အပြန်အလှန် Respect

ဟုတ်ကဲ့ပါ မတ်မတ် ပျောက်နာကြာပြီနော်

ကြာသေးပါဘူးအေ မကြာမကြာ စာရေးပါတယ်