Respect

in #myanmar5 years ago

Respectကို မြန်မာလို ဘာသာပြန်ရင် လေးစားမှု ရိုသေမှုလို့ အဓိပ္ပါယ်ထွက်ပါတယ်။ သားသမီးနဲ့ မိဘကြား ဆရာနဲ့ တပည့်ကြား အလုပ်ရှင်နဲ့ အလုပ်သမားကြား ဘာသာရေးဆရာများနဲ့ ဘာသာဝင်များကြား ရိုသေလေးစားစွာ ဆက်ဆံခြင်းလို့ ယူဆမိပါတယ်။ ဒီနေရာမှာရိုသေထိုက်နဲ့ အရိုအသေပေးတဲ့ လူတန်းစားဆိုပြီး လူတန်းစား နှစ်ရပ်ပေါ်ထွက်လာပါတယ်။ ရိုသေထိုက်သူဟာ ရိုသေထိုက်တဲ့ ဆရာ့ဂုဏ် မိဘဂုဏ် အလုပ်ရှင်ဂုဏ်နဲ့ ညီမျှအောင် အုပ်ချုပ်တက်ပါမှ တပည့်သားမြေးတွေဆီက Respectကို အပြည့်အဝရရှိမှာပါ။

h7zgcmqbd3.png
source

လက်ဦးဆရာဖြစ်တဲ့ မိဘတွေဟာ ကိုယ့်သားသမီး ရိုသေလေးစားအောင် နေတက်ရပါတယ်။ မိဘကိုယ်တိုင်က ဦးစီးကောင်းပီသစွာ မနေထိုင်ဘူးဆိုရင် သားသမီးတွေဟာလည်း Respect မရှိနိုင်ပါဘူး။ ကိုယ့်ကိုကိုယ်မလေးစားဘဲ ဆဲဆိုနေတဲ့ မိဘတွေ အရက်သေစာသောက်စားပြီး မူးရစ်ရမ်းကားနေတဲ့ မိဘတွေ ရွာရိုးကိုးပေါက် လည်ပတ်သောက်စားပြီး စကားအရောင်းအဝယ်လုပ်နေတဲ့ မိဘတွေ မူးယစ်ဆေးသုံးစွဲနေတဲ့ မိဘတွေ သားသမီးကို မထင်ရင် မထင်သလို ရိုက်နှက်တက်တဲ့ မိဘတွေကနေ မွေးဖွားလာတဲ့ သားသမီးတွေဟာ မိဘတွေကိုကော ပတ်ဝန်းကျင်ကိုပါ Respectအားနည်းလှပါတယ်။

ဆက်ရန်..
@suhlaing
msc 175

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

မမစုကို respect ပေးပါတယ် :)

မတ်မတ်ဂီကိုလည်း respectပါ

မှန်ပါတယ် မစုရေ လက်ဦးဆရာ မိနဲ့ဖ
ပတ်ဝန်းကျင် နဲ့လည်း ဆက်နွယ်နေတတ်တယ်

မိဘကရဲ့ စရိုက်က ၇၀ရာခိုင်နှုန်းလို့ ဆိုထားပါတယ်

မြတ်ဘုရားကတောင် ဂါရဝေါဒ နိဝါတောစ လို့ ဟောထားခဲ့တာပဲ ရိုသေထိုက်သူကို ရိုသေရမယ်တဲ့ မရိုသေထိုက်သူကိုတော့ အင်း ဘိုလိုပြောရမလဲပေါ့နော် 😊

ရဲရဲရင့်ရင့် ပြောပလိုက်ပါ ကစိုး