ဆောင်းအိမ်မက်

in #myanmar3 years ago (edited)

ကျမ စာမရေးဖြစ်သည်မှာ အတော်ပင်ကြာမြင့်ခ့ဲလေပြီ။ ရေးသားစရာ အကြောင်းအရာများ ရှားပါးသည်ကြောင့်တော့ မဟုတ်။ အချိန်မရ ၍ သာ မရေးနိုင်ခဲ့ခြင်း ဖြစ်လေသည် ။ စာပေနှင့် ကင်းကွာနေပြီး ၀တ္တုတစ်ပုဒ်ကိုပင် ဇိမ်ခံ မဖတ်နိုင်သော မိမိ အနေအထေားကို ပြန်လည်သုံးသတ်မိရင်း ယခင်က စတင်းတွင် စာများစွာရေးသားခဲ့သည်များကို ပြန်လွမ်းမိလေသည်။ ထိုစဥ်က သူ့ထက်ငါ အပြိုင် စာတွေ ရေးကျသည် ။ အကြောင်းအရာ စီလျှော်သည် ဖြစ်စေ မစီလျော်သည် ဖြစ်စေ ဆောင်းပါးများစွာ ရေးသားခဲ့ဖူးသည်။ ထို အချိန်မှ စတင်ကာ စာတပုဒ်ရေးရန် အကြောင်းအရာ ရှာတက်လာသည်။ စီလျော်အောင် ရေးတက်လာသည် ။ စာဖတ်ဖြစ်လာသည်။ အေးချမ်းသော စာပေနယ်တွင် နှစ်၀င်ရင်း ဖတ်မှတ်သမျှကို မှတ်မိသ ၍ မျှ ဝေတက်လာသည်။ ထိုမှစကာ စာပေခရီးလမ်းကို စမ်းတဝါးဝါး လျှောက်မိ​ေလသည်။

c40f700ec9944655bec36ddc34157b78.jpg
https://pin.it/5o73BdM

ယခင်အချိန်နှင့် ယခု အချိန်မှာ မိမိ အနေအထားပင်လျှင် အနည်းငယ် ပြောင်းလဲ လာသည်ထင်ရသည်။ စီးပွားရေးနှင့်ပတ်သက်သည့် လုပ်ငန်းအနည်းငယ်တိုးချဲ့ကာ မအားလပ်နိုင်အောင် ရှိပေသည်။ ယခင်က ပုံမှန်နေသားကျနေသာ မိမိသည် ယခုတော့ စာပင် ကောင်းစွာ မဖတ်နိုင်ဘဲ လွန်းဆံကြိုးပမာ သွက်သွက်လည်လျှက်ရှိတော့သည် ။ တစ်ခါတရံ သတိတရ စာရေးချင်စိတ်ဖြစ်မိသော်လည်း အဆက်မပျက်၀င်နေသ​ော Messageများကို ဖတ်ကာ ရှေ့ မတိုးနိုင်ခဲ့ပေ ။ အမှတ်ရမိသည်မှာ မိမိသည် သည်လို ဆောင်းလများတွင် Steem ၌ ကဗျာများ စာများရေးသားကာ ဆောင်းအိမ်မက်ကို ဝင်ရောက် သောက်သုံးဖူးလေသည် ။ ထိုစဥ္ က ဆောင်းအိမ်မက်များသည် လှပခဲ့ပါသည်။ ယခုတော့ အတူတကွ အိမ်မက်ခဲ့သူများပင် စာရေးခြင်း ၌ ပျော်မွေ့နေသလားဟု တွေးမိပါသည် ။ တချို့လည်း ဆက်မက်နေကျသည်။ တချို့လည်း လမ်းတဝက်က ထွက်သွားနှင့်ပြီ တချို့လည်းယုံကြည်ချက်ပြင်းစွာဖြင့် ဆက်မက်နေကျသည်။ မိမိကကောဟု ပြနါလည်သုံးသပ်ရင်း Hive အကောင့်လေးကို ပြန်လည် အသက်သွင်းလိုက်ပါသည်။

Sort:  

ပြန်လည် ကြိုဆိုပါတယ်ဗျာ။

Posted using Dapplr

သတိရသွားလို့😊

မပြီးဆုံးနိုင်သေးတဲ့ ဆောင်းအိမ်မက်ကို မက်မက်မောမော မက်နေဆဲပါပဲ။ ကြိုဆိုပါတယ်။ Tag က Pinnet မဟုတ်ဘူး palnet ဖြစ်ရမှာ

ဇွဲကောင်းသူတွေ ရှိနေသေးတာ ၀မ်းသာမိပါတယ် ကိုဟင် tagလေး ပြင်ပေးတဲ့အတွက်လည်း ကျေးဇူးပါရှင့်

မစုရဲ့ စာလေးတွေ စောင့်မျော်နေပါတယ်

ကျေးဇူးပါ ဘထွေးရေ အမြဲတမ်း ရေးနိုင်အောင် ကြိုးစားသွားပါမယ်