တစ်ဖန်နိုးထခြင်း

in #myanmar4 years ago (edited)

Steemitမှာ စာမရေးဖြစ်တာ ကြာပါပြီ။ တစ်နေ့က ဘထွေးရ့ဲ စာတစ်ပုဒ်ကို fbမှာတွေ့ လိုက်ရမှ ကျမလည်း steemကို သတိရမိသွားပါတယ်။ ဒါန့ဲ steemအကောင့်လေးဖွင့်ကြည့်လိုကိမိတယ်။ တင်ထားတ့ဲ စာတွေက ဖတ်မရ​​ေတာ့ပါဘူး။ ဇော်ဂျီန့ဲ ပြည်ထောင်စုတိုကိပွဲကြားမှာ ပြောင်းဆန်သွားခ့ဲပြီ ထင်ပါရ့ဲ။

ဒါနဲ့ဘဲ noteထဲကို ပြန်ကူးယူပြီး ဖတ်ရပါတယ်။၃နှစ်ပတ်ဝန်းကျင်မှာ ကျမ စာတွေတော်တော်ရေးနိုင်ခ့ဲပါလားလို့ အကောင့်လေးထဲက စာတွေ ကြည့်ရင်း တွေးမိပါတယ်။ ကျမရ့ဲ စာရေးခြင်းအစဟာ steemဖြစ်ပါတယ်။ စာတွေရေးဖြစ်လေ့ကျင့်ဖြစ်တာလည်း steemကျေးဇူးပါဘဲ။ steemမှာ စာတွေ စ ရေးစဥ် စာတစ်ပုဒ်ဖြစိဖို့ဘအတော်တွေးယူ ရေးယူခ့ဲရပါတယ်။ နောက် ရေးသားကျလာတော့မှ စာတစ်ပုဒ်အတွက် သိပ်မခက်ခဲဘဲ ရေးနိုင်ခ့ဲပါတယ်။

IMG_20200122_135403.png
[source image][https://www.dreamstime.com/photos-images/beautiful-scene.html]

ကျမန့ဲအတူ စာရေးကျတ့ဲ steemစာရေးဖက်များကိုတော့ မတွေ့ရသလောက် ရှားပါးသွားပါပြီ။ ဒါဟာ steemစျေး ကျဆင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရွှေခေတ်ကို မမီခ့ဲပေမ့ဲ မီလိုက်သူတွေကို အားကျရင်း ကျမ ဝါသနာပါတ့ဲ စာတွေကို steemမှာရေးသားဖြစ်ပါတယ်။ အရင်လို စည်ကားလှတ့ဲ steemit စာမျက်နှာများကို ပြန်မြင်ချင်မိပါတယ်။ ဒီတစ်ခါတော့ ကျမလည်းဘရွှေခေတ်ကို မီချင်ပါသေးတယ်။ ပြန်နိုးထလာနိုငိပါစေ steemရယ်ဟုသာ ဆုတောင်းရင်း...

@suhlaing
msc 175