ပျက်​အစဉ်​ ပြင်​ခဏ (Original Story by @thatkozaw)

in #myanmar5 years ago

U5dsc2dTte3btu4yf76hJYFDAbSbxJQ_1680x8400 (1).jpeg
အ​မောင်​​ ​နေမင်းကြီးသည်​ မိုးကုတ်​စက်​ဝိုင်းအစွန်းတွင်
ပြူတစ်​ပြူတစ်​လုပ်​​နေ​လေသည်​။ ယခင်​က​တော့ဖြင့်​ က​မောင်​သက်​တစ်​​ယောက်​ တတ်​ကြွစွာ ဗျစ်​ဆိုင်​သို့ချီတတ်​ရန်​ပြင်​ဆင်​​နေချိန်​ဖြစ်​သည်​။
ရင်​ဘက်​ထဲမှလည်း ​ဂေ့ ​ဂေ့ နှင့်​ သွား​တော့ သွား​တော့ဟု ​တောင်းဆို​နေကျအချိန်​ဖြစ်​သည်​။

ယခုမှုကား ချစ်​သူနဲ့ ည​နေတိုင်းချိန်း​တွေ့​နေကျ လူပျို​ပေါက်​​လေး ချစ်​သူနဲ့​ဝေးကွာသွားသဖြင့်​ ဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိ ဟာတာတာဖြစ်​​နေရသကဲ့သို့ က​မောင်​သက်​သည်​လည်း ဘာလုပ်​လို့ဘာကိုင်​ရမှန်​မသိ ဟင်​တင်​တင်​ ဟာတာတာဖြစ်​​နေ​လေသည်​။
ဟို​တွေးသည်​​တွေး သက်​ပြင်းအခါခါချ ​နောက်​ဆုံး ပုဂံပွဲပီးကတည်းက မ​ရောက်​ဖြစ်​ခဲ့ မ​သောက်​ဖြစ်​ခဲ့​သော သူငယ်​ချင်း၏ Tea ဆိုင်​​လေးသို့ မလှမ်းချင်​ လှမ်းချင်​​သော ​ခြေလှမ်းတို့ဖြင့်​ စိတ်​​ပြေလက်​​ပျောက်​ ချီတတ်​လာမိသည်​။ Tea ​လေးတစ်​ခွက်​​လောက်​​တော့ မနည်းအံကျိတ်​​သောက်​ကြည့်​​လေ​ဦးမှပါ​လေ။

ဆိုင်​ထဲမဝင်​မှီကတည်းက ဟိုလူကြည့်​ ဒီလူကြည့်​နဲ့ဆို​တော့
ရှက်​ကိုးရှက်​ကန်းဖြစ်​မိသည်​။ ဟုတ်​​ပေသားပဲ ကိုယ်​​တွေအ​ကြောင်းက သိပီးသား​တွေပဲကိုး။ ဆိုင်​ထဲ​ရောက်​​ရောက်​ခြင်း

္ဋ"ဟား ကိုသက်​ကြီး ​လာလာ ထိုင်​ထိုင်​ တခွက်​​ဖျော်​လိုက်​မယ်​​နော်​။ ဘယ်​နှစ်​ရက်​​သောက်​မှာလဲ တစ်​လလား၊ သုံးလလား၊ ​ခြောက်​လလား"
စသလို​နောက်​သလို​မေးကြသည်​။
အယ်​ကို​ဟောလှုထားရလို့​ရောက်​လာမှန်း သိကြတာကိုး။ ဘယ်​နှစ်​လ လှုထားသလည်း မ​မေး​တော့ပဲ ထိုကဲ့သို့​မေးခြင်းဖြစ်​သည်​။

"ကသက်​လည်း ​ဖြေ​နေကျအတိုင်း အနည်းဆုံး တစ်​လက​နေ အများဆုံး ရာသက်​ပန်​ဖြစ်​သွားနိုင်​တယ်​​မောင်​​ရေ။"
ခပ်​တည်​တည်​နဲ့ ​ပြောလိုက်​​ရော

"​ပြောပြန်​ပီ ရာသက်​ပန်​ဖြစ်​ချင်​ဖြစ်​သွားနိုင်​တယ်​။ တလပြည့်​ရင်​ နာရီဝက်​​တောင်​ မပိုတာများ။"
အထင်​ကြီးစွာ ပြန်​​ပြောကြ​လေသည်​။
မိမိအ​ပေါ်လွန်​စွာမှအထင်​ကြီး​သော ချာတိတ်​​တွေဖြစ်​​ချေသည်​။ မှန်​​ကောင်း မှန်​ပါ​ပေသည်​။
သို့​သော်
ဒီ​နေ့ မနက်​ဖြန်​သည်​ သိပ်​မ​သေချာ​ပေ။
မနက်​ဖြန်​ကို​မျှော်​လင့်​​သော်​လည်း မနက်​ဖြန်​သည်​ ရှိ​ကောင်းရှိချင်​မှရှိနိုင်​မည်​ဖြစ်​သည်​ကိုမှု ​တွေးထားရန်​လိုအပ်​​ပေသည်​။ သို့​သော်​ ကသက်​အ​နေဖြင့်
မနက်​ဖြန်​ကို ​မျှော်​လင့်​ချင်​ပါ​သေးသည်​။

စိုးရိမ်​မယ်​ဆို​သော်​စိုးရိမ်​စရာ​လောက်​စရာကား။
လွန်​ခဲ့​သော ​ခြောက်​နှစ်​ခန့်​ ကသက်​ အိမ်​​ထောင်​ကျခါစကဖြစ်​သည်​။
ရပ်​ကွက်​အတွင်း ​သွေးလှုအသင်းမှ A ​သွေးနှစ်​လုံးလိုအပ်​၍ ​သွေးအလှုရှင်​ လိုက်​လံရှာ​ဖွေကြသည်​။ ကသက်​နှင့်​ မိတ်​​ဆွေတစ်​ဦးသည်​ ​​​သွေးလှုဘဏ်​တွင်​ ​သွေးလှုဒါန်းခဲ့ကာ ​မေ့​မေ့​ပျောက်​​ပျောက်​​နေခဲ့ကြသည်​။ ​သွေးလှုဒါန်းခဲ့ပီးပြီဟုသာ မှတ်​ယူခဲ့​လေသည်​။
နောက်​ ​လေးလအကြာတွင်​မှု A​သွေးနှစ်​လုံး ထပ်​မံလိုအပ်​​သော​ကြောင့်​ ထိုမိတ်​​ဆွေနှင့်​ပင်​ ထပ်​မံ၍ ​သွေးလှုဘဏ်​သို့ သွားရပြန်​​လေသည်​။
ထိုအချိန်​တွင်​မှ ​သွေးလှုဘဏ်​၏ လုပ်​ငန်း​ဆောင်​တာလည်​ပတ်​ပုံကို အနည်းငယ်​ သိခဲ့ရ​လေသည်​။
အဘယ်​​ကြောင့်​ဆို​သော်​ မိမိတို့နှစ်​ဦးလုံးသည်​ ​သွေးလှုခွင့်​မရှိ​သော နာတာရှည်​ အသည်း​ရောင်​အသားဝါ (HCV C)ပိုး​ရောဂါသည်​များဖြစ်​ကြသည်​ဟုဆို​သည်​။ ယခင်​တခါ ​​သွေးလှုဒါန်းစဉ်​က ​သွေးသာယူထားကာ ဓာတ်​ခွဲခန်းသို့ပို့​ဆောင်​စစ်​​ဆေးပီး မိမိတို့၏​သွေးများသည်​ cancel ဖြစ်​သွားသည်​ဟုသိရ​လေသည်​။ မိမိတို့ကမှုမသိရှိခဲ့​ပေ။

ထို​နောက်​ မိမိတို့နှစ်​​ယောက်​အား ​နှစ်​သိမ့်​​ဆွေး​နွေးအကြံ​ပေးသူနှင့်​​တွေ့ဆုံ​ပေးကာ ​ဆောင်​ရန်​​ရှောင်​ရန်​မျာအား ​ပြောကြားကာ ကုန်​ကျနိုင်​မှု ကုသ​ပျောက်​ကင်းနိုင်​မှုများအား နှစ်​သိမ့်​​ပေး​လေသည်​။ (ထိုစဉ်​က ​ဆေးပညာများအရ ​ပျောက်​ကင်းဖို့ကုသစားရိတ်​သည်​ သိန်းတစ်​ရာခန့်​ရှိသည်​ဆိုသည်​။)

မည်​သို့ပင်​ နှစ်​သိမ့်​​ဆွေး​နွေး​သော်​လည်း ကသက်​၏မိတ်​​ဆွေမှာ အင်​မတန်​စိတ်​ထိခိုက်​ကာ အိမ်​အပြန်​လမ်းမှာ​ ငို၍သာ​နေ​လေသည်​။ (မိမိထက်​ ငါးနှစ်​ခန့်​ကြီးသည်​။)
ထိုအချိန်​မှစကာ ထိုမိတ်​​ဆွေသည်​ အရက်​၊ ကွမ်း၊ ​ဆေးလိပ်​​ရှောင်​ကာ ​နေ​လေ​တော့သည်​။
ပေ​ပေ​တေ​တေ ​နေ​လေ့ရှိ​သော ကသက်​မှာမှုကား ထိုအချိန်​မှစကာ စမ်း​သောက်​ဖြစ်​သည်​ဟု​ပြောရမည်​ဖြစ်​သည်​။ တရပ်​ကွက်​ထဲ​နေ​သော်​ငြားလည်း မ​တွေ့ဖြစ်​ကြ​တော့​ပေ။

ဦးသက်​ သမီးအ​ဖေ​တော့ဖြင့်​ မျက်​နာ​တွေမဲ၊ အသည်း​ခြောက်​ပီး ​ရေဖျဉ်းဖြစ်​​နေပီ အားရင်​လာလည်​ပါဦးတဲ့
အိမ်​မှ အလုပ်​သမား​လေးက ​ပြောလာသည်​။

မိမိမှ
ဟေ နင့်​အ​ဖေ ဘယ်​သူဘယ်​ဝါ​မေး​တော့ ထိုမိတ်​​ဆွေ၏သမီးမှန်းသိရသည်​။

သြော်
အချိန်​​တွေသည်​ အကုန်​မြန်​​လေစွ။ မိမိ​​မေ့​ပျောက်​လုလု ​ရောဂါပိုးသည်​ကား သတ္တိစွမ်းပြလာ​လေသည်​။ စသိချိန်​မှစ ထိမ်းထိမ်းသိမ်းသိမ်း​နေလာ​သောသူသည်​ ထင်​မှတ်​မထား​အောင်​ရုပ်​​ပြောင်းသွား​ချေပီ။ ယခင့်​ပိန်​ပိန်​ပါးပါးခန္ဓာကိုယ်​ပိုင်​ရှင်​သည်​ ဝရုံတင်​မက ​ဖောင်းကား​နေ​သောဗိုက်​နှင့်​ ဖြစ်​​နေသည်​။ မျက်​နှာသည်​ မည်းရုံတင်​မက ​ခြောက်​​သွေ့​နေ​လေသည်​။
ကင်​ဆာ​တော့မဖြစ်​​သေးပါ လက်​ဦးမှုရ​အောင်​ ကုသမှုခံယူ​နေသည်​ဆိုသည်​။

သိပ်​ကိုဂရုစိုက်​ခဲ့​သော မတည့်​တာမှန်​သမျှ​ရှောင်​ကျဉ်​ခဲ့​သော ထိုသူ​တောင်​ ​ခြောက်​နှစ်​တာအတွင်း ဤမျှ​လောက်​ထိ ​ပြောင်းလဲသွားခဲ့လျှင်​ ​ပေ​ပေ​တေ​တေ ​သောက်​​နေဆဲဖြစ်​​သော ကသက်​သည်​ကား သည်​​နေ့နဲ့ မနက်​ဖြန်​သည်​ မ​သေချာ။ မိမိကိုယ်​တိုင်​ မည်​သည့်​လမ်းသို့ သွားမည်​ဆိုသည်​မှာ ​ရွေးချယ်​ရ​တော့မည့်​အ​နေထားဖြစ်​​နေ​သည်​။
မနက်​ဖြန်​ကို ​ရွေးချယ်​ရ​တော့မည်​ဖြစ်​သည်​။
ကုသရန်​ စတင်​ ရ​တော့မည်​ဖြစ်​သည်​။

MSC 005
That Ko Zaw

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt.png

Sort:  

ဦးသက်က အခုထိ မမည်းသေးပါဘူး 😁

အ​တော်​မဲသွားတယ်​ ကို​စော

တစ်ယောက်နဲ့တစ်ယောက် မတူပါဘူးလေ
လေ့ကျင့်ခန်းလေးလုပ် လစ်မစ်လေးထားသောက်
အစားကောင်းကောင်းစား ယောက္ခမ အမြင်ကပ်အောင်
ကျန်းမာနေပါလိမ့်မယ် ကသက်ရ 😁

ယောက္ခမက​တော့ အခုတိုင်းလည်း အမြင်​ကပ်​​နေတာပါပဲ😄😄😄

နားထားပြီဆိုတော့ မန်းလေး လာရမှာတောင် ခပ်ပျင်းပျင်းရှိစ

Posted using Partiko Android

ရတယ်​​လေ ကိုဟိန်းလာလို့ပါဘုရား လုပ်​ပလိုက်​မယ်

ဥူးသက်ကြီး စာရေးနေသတဲ့တော့ ကြားသားမိုးကြိုး ဦးသက် group စိုက်ဦး မပေါ့နဲ့ လေးလေးနေ ။ သတိထား စစ်သားတွေ သတိ ဆိုရင် လုပ်သလို ။ ဒီနေ့နဲ့ မနက်ဖြန် ပိုပိုသောက်မယ်လဲ မတေးနေနဲ့ဦး ။ နော် ဦးသက်

ဘာလား

!bookkeeping drugwars

Hi @thatkozaw!

drugwars

Received:

  • 4.587 STEEM
  • 37.737 STEEM from daily
  • 18.675 STEEM from heist
  • 0.000 STEEM from referral

Spent:

  • 63.998 STEEM

Total:

  • -2.999 STEEM

First transfer was before 15.40 days.
Your ROI per day is 6.19 % and you are earning approx. 3.96 STEEM per day.
Break even in approx. 0.8 days.