ကျ​နော်​စီးခဲ့ဖူး​သော ဖိနပ်​များနဲ့ သူတို့အ​ကြောင်းများ(Original Story by @thatkozaw)

in #myanmar5 years ago

ကျ​နော်​စီးခဲဖူး​သောဖိနပ်​များနှင့်​ သူတို့၏အ​ကြောင်း 1

ကျ​နော်​စီးခဲ့ဖူး​သော ဖိနပ်​များတဲ့ ခပ်​တည်​တည်​ပဲ ​ခေါင်းစဉ်​က​တော့ နည်းနည်း​ပေါမိတာပ။
ဟုတ်​ကဲ့ ကျ​နော်​ဖိနပ်​​တွေနဲ့ ​တော်​​တော်​ခင်​ခဲ့ဖူးတယ်​။
ကျ​နော့ဖိနပ်​​တွေအ​ကြောင်း ​သောင်း​ပြောင်း​ထွေလာ​ပြောရရင်​​တော့ဖြင့်​ သိတတ်​စအရွယ်​ ဖိနပ်​​ရွေးတတ်​တဲ့အချိန်​ကစရမယ်​ထင်​တယ်​။ ငါးနှစ်​သား​လောက်​က​ပေါ့။
အခု​ခေတ်​ ကျ​နော့သားလို စပိုက်​တာမန်း ဘက်​မန်းပုံ ဒိုင်​နို​စော ​ကော ဆရာသမား​တွေမဖန်​တီးရ​သေးခင်​​ပေါ့။ ပုံမုန်​​လေးပဲကြက်​​ပေါင်​ဖိနပ်​​လေးပဲလိုချင်​တာပါ။ ​မျော်​လင့်​မိတာက က​လေးပီပီ ရှိတာမရှိတာ ​ဖေတို့​မေတို့အလုပ်​ ကိုယ်​လိုချင်​တာက ဟို​ခေတ်​က "ဆင်​ကြယ်​" "လိပ်​ကြယ်​"ဖိနပ်​​လေး​ပေါ့။ ကြက်​​ပေါင်​သားဖိနပ်​​လေးပါပဲ။
စဉ်းစားမိတုန်းက ကဗျာ​လိုလို​လေး​ရေးမိ​သေး။

"ချစ်​ရပါ​သော မြသဲညှာ
ငါ့နင့်​ကို လွမ်းတဲ့အ​ကြောင်း​တွေနဲ့
မျှော်​လင့်​ရင်း ​ဝေး​ခဲ့ရတာ​တွေ
စာရင်းချ​ရေးရင်
ကမ္ဘာ​ပေါ်က စာရွက်​​တွေ​တောင်​​လောက်​မယ်​မထင်​။"

No ပါကသက်​ရယ်​တဲ့​လေ။
ကသက်​အတွက်​က ​အောက်​ကပုံပဲကြည့်​​တော့။

အ​မေက သိပ်​​ကောင်းတဲ့ ယင်းမာဖိနပ်​တဲ့။ ​ယောက်ျားဝတ်​မထွက်​လည်းဘာဖြစ်​လဲ က​လေးပဲ ဒါစပဲစီးဆိုပီး ဒါပဲစီးရတယ်​ဗျာ။ ဒါ​တောင်​​ အပြင်​အလည်​အပတ်​သွားတရံ အိမ်​​နေရင်းစီးဖို့တရံတဲ့​လေ။

တကယ်​တကယ်​ ငယ်​ကတည်းက​ခြောက်​သွားရမှာဟုတယ်​။ မ​ခြောက်​​တော့ မိန်းမ ဖိနပ်​ကြီးနဲ့အဆင်​မ​ပြေ။ သိပ်​ခိုင်​တာ ဆို​တော့ ပြန်​လည်းမ​ပြောရဲ။

ကသက်​ငယ်​ငယ်​က သိပ်​ချူချာတာ။ တီဗီကို လည်​ပင်းမှာ အကျိတ်​ ဆယ်​နှစ်​လုံးရှိတယ်​။ သုံးလတခါ မိုးကုတ်​က​နေမန်း​လေးတတ်​လာပီး ​ဆေးရုံပြရတယ်​။ အဲ့​ခေတ်​က ငါးနှစ်​ကုရတယ်​။

မန်း​လေးသွားမယ်​ဆို အ​မေက ဝယ်​လာပြန်​ပီ ယင်းမာ ဖိနပ်​။ မိန်းမစီးကြီး။ ဒါကြီးနဲ့ ဘယ်​လိုရိုးထုတ်​မလဲဗျာ။ မတတ်​နိုင်​ဘူး စီးရတာပဲ။
မိန်းမ ဖိနပ်​​လေးဖိနပ်​​လေးနဲ့ ကားကားနဲ့ မန်း​လေးတက်​ကဲရတာပ။ အ​ဖေက ​ပြော​ပေးပါတယ်​ ဒါ​တွေစီးပီး ကသက်​ အ​ခြောက်​စိတ်​​ပေါက်​​နေမှဖြင့်​ဆို​တော့
အမ​လေးဗျာ ​ခြောက်​သွား​တော့ အ​မေ့နားပို​နေတာ​ပေါ့တဲ့​လေ။ ပိုအ​ဖော်​ရတာပတဲ့​လေ။

ကသက်​ငယ်​ငယ်​ကတည်းက ဖိနပ်​ကံမ​ကောင်းတာများအဲ့လို။
အဲ့ ယင်းမာ မိန်းမစီးဖိနပ်​ကြီးဘယ်​​တော့မှဝယ်​ပီးမစီးခိုင်းလဲဆို​တော့ ​အောက်​ကပုံ​ရောက်​မှမစီးခိုင်း​တော့တာ။

ဒါ​​တောင်​အ​မေက ဒါ​လေးလည်းရပါတယ်​လုပ်​​သေး အ​ဖေ​ဟောက်​လို့သာလွတ်​တာ။ စိတ်​ချမ်းသာစရာကြီး လူထွက်​မှပြန်​စီး​ပေးတဲ့။
မထွက်​ဘူး​ပြောလို့ မနည်းပြန်​ချွတ်​ရတယ်​ကသက်​ကို။ ​ကြောက်​တယ်​​လေ။ အခုထိ ယင်းမာ ဆိုတဲ့နာမည်​မုန်းတုန်းပဲ။


That Ko Zaw
MSC 005

Sort:  

ဒါကြောင့် ယင်းမာ မပါတာကို ယူလိုက်တယ်ပေါ့ 😁

ဟုတ်တယ်

မိုးပဲမရဝူး😄

ဟိုကောင်မလေး ဝယ်ပေးခဲ့တဲ ဖိနပ်ကရော..

Posted using Partiko Android

အ​ကြွေးရှင်​​တေလာသိမ်းတွားဘီ

Congratulations @thatkozaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 8000 upvotes. Your next target is to reach 9000 upvotes.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

You can upvote this notification to help all Steem users. Learn how here!

ကိုသက်တို့ များ လုပ်လိုက်ရင် အထူးအဆန်းချည်ဘဲ။

ဆန်းပါဘူးဗျာ

ဖြစ်ရလေဗျာ ဖိနပ် နဲ့ကိုယ်နဲ့ ရေစက်က ဆန်း

Posted using Partiko Android

ဟုတ်​ပဗျာ အ​မေကလည်း အ​ခြောက်​ဖြစ်​လည်း ​ကောင်းတာပဆိုပီး ဇ်ွတ်​ဇာတ်​သွင်းတာ

တာယာဖိနပ်ကော ပါဘူးလား

တာယာဖိနပ်​​လေးဆိုလည်း​ကောင်း​သေး