VSLA အ​ကြောင်း တ​စေ့တ​စောင်း (Original Story by @thatkozaw)

in #myanmar5 years ago (edited)

VSLA

လွန်​ခဲ့​သော သုံးနှစ်​​ကျော်​ ​လေးနှစ်​က ကျ​နော်​ ရပ်​ကွက်​ထဲက World Vision Center က ​ငွေစုခြင်းအ​ကြောင်း ​ဟော​ပြော​ပေးမလို့ လာနား​ထောင်​​ပေးပါဆို​သော​ကြောင့်​ သွားဖြစ်​ခဲ့တယ်​။ အဲ့ဒီမှာ VSLA ဆိုတဲ့ ရပ်​ရွာအ​ခြေပြု ကိုယ့်​အားကိုယ်​ကိုး ​ငွေစု​ငွေ​ချေး အဖွဲ့ငယ်​​လေး​တွေအ​ကြောင်းကို စသိခဲ့ရတယ်​။
VSLA အရှည်​​ကောက်​က Villager Saving and Loan Associate လို​ခေါ်ပါတယ်​။

ဒီအဖွဲ့​တွေရဲ့ရည်​ရွယ်​ချက်​က အ​ခြေခံလူတန်းစား​တွေစု​နေရာရပ်​ကွက်​အတွင်း ​ငွေစုခြင်းအ​လေ့အထဖြစ်​​ပေါ်လာ​အောင်​နဲ့ ဆီတိုး၊ ​ရေ​တိုး၊ ​နေပြန်​ ဆိုတဲ့ အတိုးနှုန်း မြင့်​မားလှစွာ​သော ​ချေး​ငွေများယူကာ အတိုးနွံ့ထဲက​နေ ရုန်းမထွက်​နိုင်တာမျိုး ထပ်​မဖြစ်​​အောင်​ ကူညီ​ပေးခြင်းဖြစ်​ပါတယ်​။

ကျ​နော်​တို့ ​​ကျေးလက်​​တွေ/ဆင်းရဲသားရပ်​ကွက်​​တွေမှာ ​နေ့ပြန်​​ပေးသူ​တွေ၊ ​ငွေ​ချေးတဲ့အဖွဲ့အစည်းများစွာ ရှိကြပါတယ်​။ 
ဆင်းရဲသား​တွေဆိုတဲ့အတိုင်း တ​နေ့ ဝင်​​ငွေနဲ့ထွက်​​ငွေ မျှတစွားမသုံးနိုင်​တိုင်း ဘယ်​က​နေ​ချေးရမျလိုက်​ရှာပီး ​​နေ့ပြန်​​တွေ စတင်​ယူပါတယ်​။ ထိုမှစ ​အ​ကြွေးစတင်​ပါပီး 20% အတိုး​ပေးရပါပီ။
စားဖို့မှအနိုင်​နိုင်​ပါဆို​တော့ ​နေ့စဉ်​သွင်းရတဲ့ ​နေ့ပြန်​ကို ​​ပေးဖို့ အပို​ငွေကမထွက်​လာ။ ဒါနဲ့ ပဲပြုတ်​သည်​ အ​ကြော်​သည်​ အဝတ်​​လျော်​သူမှအစ ​ချေး​ငွေထုတ်​​ပေးတဲ့အဖွဲ့တခုဆီက ငါး​ယောက်​တစုစု ​​ချေး​ငွေထပ်​ထုတ်​ပီး​တော့ ​နေ့ပြန်​ကို​ထိုးဆပ်​ရပြန်​တယ်​။ ​နောက်​ထပ်​ တလ 3% ထပ်​​ပေးရပြန်​ပါပီ။ ထိုအဖွဲ့ကိုဆပ်​ချိန်​​ရောက်​ လာ​တော့ ​နောက်​တဖွဲ့က​နေ ထပ်​​ချေး။ အရင်​အဖွဲ့ကို ထိုးဆပ်​။ ဒီလိုနဲ့ ရသမျှ​ငွေ ဟိုဘက်​​ပေးလိုက်​ ဒီဘက်​ကို​ပေးလိုက်​နဲ့ ​နောက်​ဆုံး​တော့ ပိုလာတာဆိုလို့ အတိုး​တွေပဲ လည်​ပင်းနှစ်​လာပါ​တော့တယ်​။ ​ပြေးမလား​သေမလားပဲ ရှိပါ​တော့တယ်​။ သို့​သော်​ အတိုးက တဖွဲ့ 3%နဲ့ ငါးဖွဲ့​ခြောက်​ဖွဲ့ဆို​သော်​ အချိန်​​တွေကုန်​တာ မြန်​လွန်းတယ်​ ဆိုပြီးဖြစ်​​နေရကြတယ်​။

ပြေးဖို့ရာကလည်း ​ငွေစု​ငွေ​ချေး အဖွဲ့​တွေမှာ ​ချေး​ငွေထုတ်​ရင်​ဖြင့်​ ငါး​ယောက်​တဖွဲ့စုထုတ်​ရပါတယ်​။ အချင်းချင်း အာမခံမှသာထုတ်​​ပေးတာပါ။ တ​ယောက်​​ပြေးရင်​ ကျန်​တဲ့​လေး​ယောက်​က စိုက်​ဆပ်​ရပါတယ်​။ ဒီလိုနဲ့ ကိုယ်​ပိုင်​လုပ်​ငန်းများလုပ်​နိုင်​ရန်​ ဖွံ့ဖြိုးတိုးတတ်​ရန်​ဆိုပီး အဖွဲ့​တွေမှ ထုတ်​​ပေး​သော​​အတိုးနည်း​ချေး​ငွေများသည်​ကား မြန်​မာလူမျိုးတို့၏ ခြင့်​ချိန်​နိုင်​စွမ်းနည်းပါးကာ ကုလားဖန်​ထိုးဆပ်​​နေ​သော​ကြောင့်​ အတိုးကြီး​ချေး​ငွေဖြစ်​လာရသည်​။ စပါး​ပေး​သော်​လည်း မကြိတ်​တတ်​​သော​ကြောင့်​ ဆန်​မဖြစ်​ပဲ အမှိုက်​ဖြစ်​လာရ​သည်​။

ဒါကို မြင်​လာ​တော့ ခဏက ကျွန်​​တော်​​ပြောတဲ့ VSLA အဖွဲ့ငယ်​​တွေကို လုပ်​ဖို့ ကျ​နော်​တို့ရပ်​ကွက်​အတွင်းက CBO အဖွဲ့မှ ​ဟော​ပြောကြသည်​။ ဒါနဲ့ ကျ​နော်​လည်း VSLA အဖွဲ့​လေးတဖွဲ့ ထူ​ထောင်​ဖြစ်​ခဲ့သည်​။

VSLA အဖွဲ့ မထူ​ထောင်​ခင်​ သူရဲ့လုပ်​​ဆောင်​ချက်​ စည်းမျဉ်းစည်းကမ်း​တွေ သတ်​မှတ်​ရပါတယ်​။
အဖွဲ့ဖွဲ့ဖို့က​တော့ VSLA ​ဘောင်​အတွင်းကပဲ မိမိတို့အရပ်​​ဒေသနဲ့ကိုက်​ညီ​အောင်​ စည်းမျဉ်းဆွဲကပါတယ်​။

ထို့​နောက်​ အဖွဲ့အစည်းဆိုသည့်​အတိုင်း

No.တာဝန်​လုပ်​ငန်း
ဦး​ဆောင်​ ၁အဖွဲ့အ​ရေးကိစ္စများဆုံးဖြတ်​ရန်
ဦး​ဆောင်​ ၂စာရင်းကိုင်​ရန်
ဘဏ္ဍာထိန်း​ငွေေ​သတ္တာ ထိန်းသိမ်းရန်
သော့ကိုင်​ ၁​သော့အမှတ်​ ၁ ​သော့ထိန်းသိမ်းရန်
သော့ကိုင်​ ၂​သော့အမှတ်​ ၂ ​သော့ထိန်းသိမ်းရန်
သော့ကိုင်​ ၃​သော့အမှတ်​ ၃ ​သော့ထိန်းသိမ်းရန်

ရွေးချယ်​ရပါတယ်​။

အဖွဲ့တဖွဲ့ဖွဲ့ရန်​ လူဦး​ရေ 15​ယောက်​မှ 29 အတွင်းရှိရပါသည်​။ ဆုံးဖြတ်​ရန်​ခက်​ခဲ​သောအ​နေအထားတွင်​ မဲခွဲဆုံးဖြတ်​ရ​သော​ကြောင့်​ လူအ​ရေအတွက်​ကို စုံဂဏန်းဆိုလျှင်​ အဖွဲ့ဝင်​တစ်​​ယောက်​ထပ်​ရှာရပါသည်​။

လုပ်​​ဆောင်​သည့်​ပုံစံမှာ
အဖွဲ့တစ်​ခုသည်​ 15 ရက်​တကြိမ်​ ​ငွေစုရပါသည်​။
ငွေစုရာတွင်​ အစုနဲ့ခွဲထားပီး အနည်းဆုံး 1စုမှ 5စု စုရပါသည်​။ 1စု၏ တန်​ဘိုး​ငွေပမာဏကို​တော့ အဖွဲ့မှတိုင်​ပင်​ပီး 1000 ကျပ်​က​နေ 5000ကျပ်​ အတွင်း သက်​မှတ်​ထားရပါသည်​။
ဥပမာ တစ်​စု 3000ကျပ်​ ဆိုပါက ထိုဆယ့်​ငါးရက်​တပတ်​တွင်​ မိမိသည်​ 1စု 3000ကျပ်​မှ 5စု 15000ကျပ်​အထိ စုနိုင်​ပါသည်​။
လူတိုင်းစုနိုင်​​သော ​ငွေပမာဏဖြစ်​သည်​။
ကျ​နော့အဖွဲတွင်​​တော့ အနည်းဆုံး 1စု မှ မစုလျှင်​ ဒဏ်​​ငွေ 500ကျပ်​သက်​မှတ်​ထားသည်​။ ဒဏ်​​ငွေတပ်​ခြင်း မတပ်​ခြင်းက အဖွဲ့မှသတ်​မှတ်​ထားရသည်​။

15ရက်​မှသာလျှင်​ တကြိမ်​ ​ငွေစုချိန်​ meeting
တက်​ရပါသည်​။ ပျက်​ကွက်​လိုလျှင်​​တော့ ​ခေါင်း​ဆောင်​ကိုအ​ကြောင်းကြားရပါသည်​။ ​မိမိထည့်​ရန်​​လိုအပ်​​သောစု​ငွေကို​တော့ ယုံကြည်​ရသူနှင့်​ထည့်​​ပေးလိုက်​လို့ရပါတယ်​။ အရှုပ်​အရှင်းရှိ​သော်​ မလာသူ၏တာဝန်​သာဖြစ်​သည်​။

အကြိမ်​တိုင်းအကြိမ်​တိုင်းတွင်​ စု​ငွေအပြင်​ သာ​ရေးနာ​ရေးရန်​ပုံ​ငွေအတွက်​ တစ်​​ယောက်​လျှင်​ 500ကျပ်​စီသီးသန့်​ထည့်​ဝင်​ထားကြသည်​။
အကယ်​၍ အဖွဲ့အတွင်းမှ တဦးတစ်​​ယောက်​​သော်​ငှင်း မိသားစုဝင်​တစ်​ဦးတစ်​​ယောက်​​သော်​ငှင်း နာ​ရေးရှိပါက ထိုရန်​ပုံ​ငွေမှ​ထောက်​ပံကြ​လေသည်​။ ​ထောက်​ပံ​ကြေးကိုလည်း အဖွဲ့စည်းမျဉ်းဆွဲစဉ်​ကတည်းက သတ်​မှတ်​ထားရသည်​။

4 ကြိမ်​ နှစ်​လခန့်​စုပီး​သော်​ ​ငွေလိုသူများ မိမိ၏စု​ငွေပမာဏ၏ သုံးဆခန့်​ စတင်​​ချေး​လို့ရပါတယ်​။
ထိုသို့​ချေးရာတွင်​ မည်​သည့်​စီးပွား​ရေးတိုးချဲ့ရန်​၊ မည်​သည့်​ ပစ္စည်းဝယ်​ယူရန်​ ​ရေးသားကာ
လက်​​ဗွေ လက်​မှတ်​ ​အသိသက်​​သေနှင့်​တကွ ​ဖောင်​တင်​ရပါသည်​။
ပြန်​ဆပ်​ရန်​ကား
ဥပမာ မိမိစု​ငွေသည်​ 60000ကျပ်​ရှိပါက 180000ကျပ်​ကို အတိုးတလ 3%ဖြင့်​ စတင်​​ချေးလို့ရပါပီ။ ထိုသို့​ချေး​ပါက တလ 65400 ကျပ်​တိတိ သုံးလ ပြန်​သွင်းရပါမည်​။
အဖွဲ့အ​နေနဲ့မှလည်း ဝန်​​ဆောင်​ခဟု​ခေါ်​သော အတိုးများအား သက်​သက်​ခွဲကာ သိမ်းဆည်းထားရပါသည်​။

ထိုသို့ တဖတ်​က ​ချေး​ငွေဆပ်​ရင်း စု​ငွေလည်း မပျက်​မကွက်​ဆက်​ထည့်​​နေရပါမည်​။
ထိုသို့ဖြင့်​ တနှစ်​ပြည့်​​သော်​ ရရှိ​သော​ဝန်​​ဆောင်​ခ ဒဏ်​​ကြေး လက်​ကျန်​လူမှု​ရေးရံပုံ​ငွေ အားလုံးကို​ပေါင်းပြီး
အဖွဲ့တခုလုံး၏ အစုနှင့်​စားကာ တစ်​စုလျှင်​ မည်​မျှ အမြတ်​ရသည်​ထွက်​လာ​ပေသည်​။
ကျ​နော်​ပထမ တနှစ်​က တစုလျှင်​ 660ကျပ်​အမြတ်​ထွက်​ကာ
ဒုတိယနှစ်​ တစုလျှင်​520 ကျပ်
တတိယနှစ်​ တစုလျှင်​ 560 ကျပ်​ အမြတ်​​ငွေထွက်​ခဲ့သည်​။
မိမိတို့​ပေးခဲ့ရ​သော ဝန်​​ဆောင်​ခများကို မိမိတို့အစုအလိုက်​ပြန်​ရသည့်​သ​ဘောဖြစ်​သည်​။ မည်​သည့်​အဖွဲ့အစည်း မည်​သူ့ဆီမျှမ​ချေးငှါးပဲ မိမိတို့ကိုယ်​တိုင်​စု မိမိတို့ အစုအတိုင်းသာပြန်​လည်​ခွဲယူကြသည့်​သ​ဘောဖြစ်​သည်​။

အခြား​သော ​ငွေ​ချေးအဖွဲ့အစည်းများနှင့်​မတူညီသည်​က အတိုး​ပေးရ​သော်​လည်း ပြန်​လည်​ခွဲ​ဝေယူရသည့်​အပြင်​ နှစ်​ကုန်​တွင်​ မိမိ၏စု​ငွေသည်​ အသားတင်​ကျန်​ကာ အတိုးနွံနှစ်​ခြင်း မရှိ​တော့​ပေ။ အဖွဲ့ဝင်​များမှလည်းမိမိ​တော့ ဒီနှစ်​မည်​မျှသုံးရသည်​ ဘာ​လေးဝယ်​နိုင်​လိုက်​သည်​ဆို​သော အသံများကြားရသဖြင့်​ ​ထိုအဖွဲ့​လေးဖွဲ့ခဲ့မိ​သော​ကြောင့်​ ပိုမိုဝမ်းသာမိ​လေသည်​။

ထို့အပြင်​ မိမိတို့​ပေးရ​သော အတိုးသည်​ မိမိတို့အဖွဲ့အတွင်းသာ ရှိ​နေကာ မိမိသာ အစုများများစု​လေ​လေ အတိုးမ​ပေးရသ​လောက်​သက်​သာ​လေဖြစ်​သည်​။ ထို့​ကြောင့်​ ယခု 20.3.2019 တွင်​ ကျ​နော်​​ခေါင်း​ဆောင်​​သော * ​​အောင်​မြင်​သူ* ကိုယ့်​အားကိုယ်​ကိုး​ငွေစု​ငွေ​ချေးအဖွဲ့​လေးသည်​ ​​လေးကြိမ်​​မြောက်​နှစ်​အတွက်​ စတင်​​တော့မည်​ဖြစ်​ရာ လူများထပ်​မံပါဝင်​ကြ​သော​ကြောင့်​ လူဦး​ရေ 29​ယောက်​​ကျော်​သွား​သော​ကြောင့်​ ​အောင်​မြင်​သူ ၂ ဖွဲ့ရ​တော့မည်​ဖြစ်​​သော​ကြောင့်​ မှတ်​မှတ်​ရရ​ VSLA အ​ကြောင်း မျှ​ဝေလိုက်​ပါသည်​။

ကျ​နော်​တို့ MSC အ​နေဖြင့်​လည်း ​ထိုပုံစံအတိုင်း steem fun အဖွဲ့​လေးဖွဲ့ပီး steem စုကြရင်း ရရှိ​သော​ငွေ​ကြေးနှင့်​ အများပိုင်​လုပ်​ငန်းများ လုပ်​နိုင်​လျှင်​.......

(လိုအပ်​​သော ​ငွေထည့်​​သေတ္တာ၊ ​ဘောပင်​၊ ​ဆော့ပင်​၊ မှင်​ဘူး၊ တဆိပ်​တုံး၊ စာရွက်​စာတမ်း၊ ​သော့၊ ပစ္စည်းပစ္စရအားလုံး world vision က​ထောက်​ပံ​ပေးကာ အနီးကပ်​​အေးဂျင့်​တစ်​​ယောက်​က ကူညီစာရင်း​ကောက်​​ပေးသည်​။ )

MSC 005
That Ko Zaw

Sort:  

သင့်မြတ်ကောင်းမွန်သော အကြံပြုချက်လေးပါပဲ

Posted using Partiko Android

ကောင်းပေစွ ကိုသက်ရေ
ကျွန်တော်တို့ရပ်ကွက်က လူများကတော့ ချေးရတဲ့ငွေကို ဟိုလူ့ပြန်ဆပ် ဒီလူ့ဆီကချေး ပြန်ဆပ်နဲ့
လုံးချာလိုက်နေကြတယ် ရတဲ့ပိုက်ဆံကို တန်ဘိုးရှိအောင်မသုံးကြပါဘူး။ ငွေချေးပေးသူသာ လူမိုက်ဖြစ်ကိန်းပ။

ဟုတ်​တယ်​ဗျ ရပ်​ကွက်​ထဲက ​ငွေတိုး​ချေးစားသူ​တွေအတိုး​တွေများလို့ဆို အတိုးနည်းနည်း​ချေး​ငွေ​တွေထုတ်​​ပေးကြ​ပေမယ့်​ ဟိုဘက်​လည်းအလွတ်​မ​ပေး ဒီဘက်​ ည်းအလွတ်​မ​ပေး အကုန်​ယူ ပြန်​မဆပ်​နိုင်​ဖြစ်​​နေကြရတာ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကောင်းတော့ကောင်းသား ကသက်စ် သိပ်ကြီးတော့ အဲ့လိုစာရင်းတွေဘက် နားမလည်ဘူး

ဘာစာရင်းမှမခက်​ဘူး​လေ ဆယ့်​ငါးရက်​တကြိမ်​ စု ဒါပဲ 3000,6000,9000,12000,15000 အဆင်​​ပြေသ​လောက်​စု နှစ်​ကုန်​ခွဲ ဒါပဲ ကျန်​တာ ဦး​ဆောင်​​တွေလုပ်​ရတာ

စာရင်းတွေ…အများသားပါလာနော်…:-)

မခက်​ပါဘူး စုရုံပဲဆို ဆယ့်​ငါးရက်​တခါ​ငွေ တတ်​နိုင်​သ​လောက်​စု နှစ်​ကုန်​ ကျ ကိုယ့်​​ငွေပြန်​ရ ​ချေးတဲ့သူများရင်​​တော့ ပိုရတာ​ပေါ့
ကျ​နော့အဖွဲ့ထဲက တစ်​​ယောက်​ဆို စာမတတ်​ဘူး လက်​မှတ်​​တောင်ြ​ကက်​​ခြေပဲခက်​တာ

ကသက် ရေးပြမှ နားလည်တော့တယ် ကျမတို့ဆီ ရှိသေးဘူး

တနိုင်​ငံလုံးအတိုင်းတာနဲ့ဆို အဖွဲ့ 300​ကျော်​ရှိ​နေပါပီ

အောင်မြင်ပါစေဗျာ

Posted using Partiko Android

ကောင်းသောအကြံပြုချက်တစ်ခုပါ