ဘာပင်က ဘာသီးလေးတွေ

in #nature3 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဒီနေ့တော့ တောထဲမှာ တွေ့မြင်ခဲ့ရတဲ့ အပင်တစ်ပင် ပုံ
တင်ပါဦးမယ်။
အပင်ရဲ့ အရွက်က ဇီးရွက်နဲ့ ဆင်သလိုပါပဲ။
အသီးလေးတွေ ကလည်း တောဇီးသီးနဲ့ ခပ်ဆင်ဆင်ပါ။
အကိုင်းတွေမှာ အသီးစိမ်းလေးတွေ စီပြွတ် သီးနေတာ မြင်ရလို့ ပုံရိုက်ယူခဲ့တာပါ။

img_0.1616729923325238.jpg

ဘာပင်လဲတော့ မသိပေမယ့် ရွာက လူကြီးသူမ မေးလိုက်ရင် သိမှာပဲ ဟု ထင်ပြီး ပုံရိုက်ယူခဲ့တာပါ။
ဒါပေမယ့်လည်း ဘာပင် ဘာသီး ဆို‌တာ အတိအကျ မပြောနိုင်ကြပါဘူး။
ဒီတော့လည်း ခုလို ပို့စ်တင်ပြီး မိတ်ဆွေတွေကို မေးလိုက်ရတာပါ။

အချို့ကတော့ ခရမ်းကြွတ်သီး ဟု ပြောပါတယ်။ ခရမ်းကြွတ်သီး နဲ့စာရင် ဇီးရိုင်းသီး ဇီးရိုင်းပင် ဟု ခေါ်လိုက်တာကမှ လိုက်ဖက်ဦးမယ် ထင်ပါတယ်။
ကဲ သိကြလားဗျ။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Sort:  

တားတား တိဝူးဂျ ဟဲဟဲ

ကိုယ်လည်း တိပါဝူးဆို

အာ့ စားလို့ ရလား

ဆိတ် နွား ပဲ စားလို့ရမယ် ထင်

ဘာပင်က ဘာသီးနေမှာပေါ့ဗျာ 😆

ဘာပြည်က ဘာရွာမှာ ပေါက်နေတာ ဆိုတေယ့ ဘာပင် ပါပဲ

စားလို့ရော ရပါ့မလား။ ဘာသီးဘာလိမ့်? 😁

လူစားလို့ မကောင်းဘူး ထင်တယ်