မစွမ်းရင်းကရှိ ကန်စွန်းခင်းကညိ

in #nature3 years ago

မစွမ်းရင်းကရှိ ကန်ဇွန်းခင်းကညိ ဆိုတာက အစွမ်းအစ
မရှိပေမယ့်လည်း တစ်နွယ်ငင် တစ်စင်ပါ ညိတတ်တဲ့
သဘောတရားကြောင့် ဖူးစာဆုံတတ်ကြတဲ့ အကြောင်းကို
ပြောကြတာပါ။

img_0.36568380267673833.jpg

ခု ကျွန်တော် ကတော့ ကန်ဇွန်းခင်းက သူ့ဘာသာ
နေတာ ကိုယ်က သွားညိတာပါပဲ။ ညိတာ ဆိုတာက
တောလယ်ကွက်ထဲ ကန်ဇွန်းပင်တွေ နွယ်တလျှောက်
ပန်းပွင့်နေကြတာ မြင်ရတော့ ဓာတ်ဖမ်းဖို့ ဆင်းခဲ့တာပါ။

ကန်စွန်းပန်းလေးတွေက အော်လန်ခေါင်းလောင်းလေးတွေ
နဲ့ ဆင်သလို အလယ်အခေါင်းထဲမှာ ခရမ်းရောင်လေးက
လက်နေတော့ လှတယ် မဟုတ်လားဗျာ။

img_0.12192697132317722.jpg

လယ်ကန်စွန်းက ကျန်းမာရေး အရ အဟာရကောင်းမွန်
လှပါတယ်။ ကန်စွန်းရွက်ကြော် ကျွန်တော် သိပ်ကြိုက်
တာပဲဗျ။ ကန်စွန်းပွင့်ကိုတော့ သီးသန့် ချက်မစားဖူးဘူး။

အဲ ကန်စွန်းခင်းထဲ ဝင်ညိလိုက်တာ ခုတော့ ပို့စ်တစ်ခု
ရပြီပေါ့ဗျာ။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Sort:  

လယ်ကန်စွန်းရွက်ကြော် စားချင်တာဗျာ

စားချင် လာခူး ကြော်စား

ကိုဟိန်းရေ ecency က ဘာမှလုပ်မရတော့ဘူး

လုပ်ရပါတယ်ဗျ
ကျွန်တော် အဲဒီကပဲ တင်နေတာ
Update လုပ်ကြည့်ပါလား