သွားရင်းလာရင်း ဖူးမြော် သာဓုပါနော်

in #nature3 years ago

ဆောင်းမနက်ခင်း အအေးဓာတ်လေးက အိပ်ရာထဲ
ကွေးနေချင်မိတာပါပဲ။
သို့ပေသော်ငြား နေ့တဓူဝ နိစ္စဓူဝ ခန္ဓာကိုယ် နှင့် စိတ်
အတွက် လိုအပ်တာတွေ ဖြည့်ဆည်းဖို့ အလုပ် လုပ်ရ
ဦးမယ် မဟုတ်လား။
အလုပ် ရယ်လို့သာ ပြောရတာ ကိုယ့်အလုပ်က ပုံမှန်
အချိန်မှန် မရှိပါဘူး။ကိုယ်လုပ်ချင်တိုင်း မလုပ်နိုင်သေး
ဘူးလေ။ အားတိုင်း ဖုန်း နှိုက် ငွေရှာတကာတော့ တစ်မျိုးပေါ့။

ကဲ ဒီနေ့တော့ အရင်တစ်ပတ်က ရွာစဉ် ပတ်ရင်း လမ်းမှာ
အဝေးက ဖူးမြော်ခဲ့ရတဲ့ စေတီတော် ပုံကို တင်လိုက်ရပါတယ်။

img_0.7674330904352713.jpg

ဒီစေတီတော် ဘုရားများကို ထောက်ရှာကုန်းရွာ နှင့်
ညောင်ကုန်းရွာ ကြား လမ်းကနေ လှမ်း၍ ဖူးမြော်
ရိုက်ယူထားတာပါ။
သွားရင်းလာရင်း ဒေသန္တရ ဗဟုသုတ ရှာသလိုလိုနဲ့
ဟိုဟိုဒီဒီ စူးစမ်းရတာက HIVE Blockchain မှာ
လျှောက်လှမ်းနေလို့ ပိုလုပ်မိနေတယ် ထင်ပါတယ်။

ကဲ မိတ်ဆွေတို့လည်း ဘုရား ဖူးရင်း ဗုတ်လိုက်ကြပါဦးဗျာ။
ဒါမှ ကုသိုလ်လည်း ရ၊ ဝမ်းလည်း ဝ မဟုတ်လား။

@golden.future

Sort:  

သာယာ ငြိမ်ဆိတ်တဲ့ နေရာလေး ရင်ထဲ အေးမြရပါတယ်

အေးမြ ငြိတ်ဆိတ်ခြင်းကလည်း စွမ်းအားတစ်ခု ရစေဖြစ်စေ။

ထုံးဖြူဖြူ စေတီလေးတွေ ဖူးတွေ့ရ သာဓုပါလေ

ဖူးမြော်သာဓု ခေါ်လေက ကျန်းမာ ချမ်းသာ ပျော်ရွှင်ရစေ

ပြင်ဦးလွင် တောင်ပေါ်မြို့လေးကနေ လှမ်းမျှော်ကာ ဖူးမျှော် လိုက်ရပါတယ်။

ပြင်ဦးလွင် လာချင်နေပါသော်လည်း ...