တူးမြောင်းလမ်းကလေး

in #nature3 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဒီဇင်ဘာမှာ သာသာယာယာ ရှိကြတယ် မဟုတ်လားဗျာ။
ကျွန်တော် ကတော့ ဝတ္တရား မကင်းသလို လုပ်စရာ ရှိတာကို
နေ့စဉ်မပြတ် ဆက်လက် လုပ်ဆောင်နေဆဲပါ။
ယခု အချိန်ထိတော့ ဘယ်အရာကမှ ကျွန်တော့်ကို စိတ်ပျက်
အားလျော့သွားစေခြင်း မရှိပါဘူး။
အိပ်မက်တစ်ခု ပြည့်မြောက်ဖို့ ဆက်လက် ချီတက်နေရတာပေါ့ဗျာ။

ကဲ ဒီနေ့တော့ လွန်ခဲ့သော တစ်လကျော်လောက်က သွားခဲ့ပြီး၊
ရိုက်ယူလာခဲ့တဲ့ ပုံလေးတစ်ပုံ တင်ပါဦးမယ်။

img_0.7833604457923723.jpg

ဒီပုံလေးက ရေမြောင်း ဘေးက တောလမ်းလေး ပေါ့။
ဒီရေမြောင်းလေးက ပြူကန် ကနေ ရေသွယ်ယူရတဲ့
တူးမြောင်းပါ။ စိုက်ပျိုးရေး အတွက် ဖောက်လုပ်ထားတာပေါ့။
တူးမြောင်းဘေးမှာ စပါး စိုက်ပျိုးတဲ့ လယ်မြေတွေ
ရှိပါတယ်။ ဒီရေမြောင်း ဘေးက လမ်းလေးပေါ်ကိုတော့
ဒီနားက လယ်ပိုင်ရှင်တွေပဲ အသွာအလား များကြမှာပေါ့ဗျာ။

ကျွန်တော် ကတော့ တခါတလေ ရောက်တုန်းလေး
ဓာတ်ဖမ်းပြီး ခုလို Hive မှာ မျှဝေလိုက်ရတာပေါ့။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Sort:  

သာသာယာယာပဲနော်
ညနေခင်း လမ်းလျှောက် လေညင်းခံ ကောင်းလေစွ

ချစ်သူလေး ဘေးကပါရင် ပိုကောင်း