မေးတာတွေဖြေကြည့်

in #nature3 years ago

ကိုယ်ကသူ့ကို ဂရုစိုက်ဖို့ မလိုပါဘူး သူ့ဘာသာဂရုစိုက်နိုင်တယ်လို့ သဘောထားခဲ့လေသလား ။
ချစ်ခဲ့ ၊ ကြင်နာခဲ့ဖူးတာပဲ။ ချစ်ပြ ၊ ကြင်နာနေပြဖို့ မလိုပါလို့ လေတြ ၊ နှစ်တွေ ကြာရှည် နေမိခဲ့လေသလား။
သူ့ထက် ပိုစွဲဆောင်နိုင်တဲ့သူ ကိုယ့်မှာရှိနေပြီမို့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့ကျလာပြီလား။
အိမ်ထောင့်တာဝန်ကျေရင် ၊ မိဘတာဝန်ကျေရင် ဒီအိမ်ထောင်မြဲမြံသင့်တယ်လို့ မှတ်ယူပြီး မပြင်မဆင် သူ့အပေါ် ပေါ့လျော့နေမိခဲ့လေသလား။
သူ့ခံစားချက်တွေ နားလည်အောင် ကြည့်ပေးဖို့ထက် ကိုယ့်ခံစားချက်ချည်း ရှေ့တန်းတင်နေမိလေသလား။
ဖြစ်သင့်တာကို နှစ်ဦးသဘောတူ ညှိနှိုင်းယူဖို့ထက် ကိုယ်ဖြစ်ချင်တာကိုချည်း လုပ်ယူနေမိပါသလား။
ကိုယ်တွေနှစ်ဦးအကြားမှာ တပါးသူတွေ ၊ တခြားအခြင်းအရာတွေကြောင့် နှစ်ဦးအကြားသွေးကွဲပြီး စိတ်တွေနာကျင်နေကြရပါသလား။