သစ္စာထူးပျော် သစ္စာစေတီ ဖူးမြော်

in #pagoda3 years ago

ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ လို့
ပဏာမ နှုတ်ခွန်း ဆက်သလိုက်ရ ပါတယ်။

စစ်ကိုင်းမြို့ ရောက်စဉ်က ဓာတ်ဖမ်း ရိုက်ယူခဲ့သော
စေတီတော်များ ပုံလေး တင်ပါရစေ။

img_0.998311737449759.jpg

ဒီပုံလေး ကို ရတနာပုံ တံတား အပေါ်ကနေ ရိုက်ယူထားတာပါ။
တံတားပေါ် ဆိုပေမယ့် မြို့ဝင် အဆင်းဘက် ဂိတ်တွေနား
မရောက်ခင် လောက်မှာမှ ဆိုင်ကယ် ခဏ ရပ်ပြီး
ရိုက်ယူ ခဲ့တာပါ။

စေတီတော်များ ဟာ သစ္စာစေတီ အစုအဝေး ဖြစ်ပါတယ်။
သစ္စာစေတီ သည် ပုဂံခေတ် မှာ ကျန်စစ်သားမင်းကြီး
တည်ထား ကိုးကွယ်ခဲ့တာပါ။
သစ္စာတရား ကို ယုံကြည် အားထားသော မင်းတစ်ပါး
ဖြစ်သည်မို့ ထင်ပါရဲ့။ ကျန်စစ်သားမင်းကြီး တည်တော်
မူသော စေတီ အတော်များများမှာ သစ္စာ ဟူသော
ဘွဲ့တော် ကပ်လှူထားတာ တွေ့မြင်ရပါတယ်။

ကဲ မိတ်ဆွေတို့လည်း သစ္စာပြု ကုသိုလ်ယူ ဘုရားဖူး
ကြပါဗျာ။

@walarhein